Friday, June 17, 2016

မြန်မာနိုင်ငံသည် အာဟာရချို့တဲ့မှု အမြင့်မားဆုံး ၃၆ နိုင်ငံတွင် ပါဝင်

#Support_1000_Days

မြန်မာနိုင်ငံသည် အာဟာရချို့တဲ့မှု အမြင့်မားဆုံး ၃၆ နိုင်ငံတွင် ပါဝင်နေပြီး ကလေးငယ် နှစ်ဦးလျှင် တစ်ဦးမှာ အာဟာရချို့တဲ့နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဇွန် ၁၆ ရက်က UNOPS ရုံး၌ ပြုလုပ်သည့် ကလေးငယ်များတွင် အာဟာရမြှင့်တင်ခြင်းကို နှိုးဆော်သည့် “ရက်တစ်ထောင်” ဗီဒီယိုဖိုင် မိတ်ဆက်ပွဲ အခမ်းအနားတွင် Lift လူမှုအဖွဲ့အစည်းမှ Lead Technical Officer ဖြစ်သူ Mr.Steve Dowell က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့သည့် ကလေးငယ်များအား လေ့လာရာတွင် အာဟာရချို့တဲ့သည့် ကလေးငယ်များမှာ နွမ်းပါးမိသားစုများမှဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ခန့်မှာ နွမ်းပါးလူဦးရေ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည့်အတွက် ကလေးငယ်နှစ်ဦးလျှင် တစ်ဦးမှာ အာဟာရချို့တဲ့နေသည်ကို တွေ့ရှိခဲ့ရကြောင်း ၂၀၁၃ ခုနှစ်က အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (Lift) မှ ထုတ်ပြန်ခဲ့သည့် စစ်တမ်းကို ကိုးကား၍ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“အာဟာရချို့တဲ့ ကလေးငယ်တွေကို ကြည့်တဲ့အခါမှာ ကလေးငယ်တွေဟာ နွမ်းပါးတဲ့ ကလေးငယ်တွေ ဖြစ်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းက နွမ်းပါးလူဦးရေ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်နှစ်ယောက်မှာ တစ်ယောက်နှုန်း အာဟာရချို့တဲ့နေတယ်လို့ ဆိုနိုင်ပါတယ်။ အာဟာရချို့တဲ့မှု ပပျောက်ရေး လုပ်ငန်းတွေကို တိုးတက်အောင်လုပ်တဲ့ အခါမှာ ကလေးငယ်တွေအတွက် ရက်ပေါင်း ၁၀၀၀ ကာလအတွင်းမှာ အာဟာရပြည့်ဝအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ကလေးငယ်တွေဟာ ဖွံ့ဖြိုးမှုနှေးကွေးတာတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အာဟာရမြှင့်တင်ရေးအတွက် ဆောင်ရွက်နေတဲ့ အထဲမှာ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ အချက်တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ငွေကြေးထောက်ပံ့ပေးတာတွေကိုလည်း လုပ်နေပါတယ်” ဟု Mr.Steve Dowell က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အာဟာရပြည့်ဝစွာ စားသုံးရန် အသိပညာပိုင်းမှာ အားနည်းနေသလို ယင်းကဲ့သို့ အာဟာရပြည့်မှီအောင် စားသုံးနိုင်ရန် အတွက်လည်း အခက်အခဲများ ရှိနေကြောင်း၊ အာဟာရနှင့် ပတ်သက်သည့် အလေ့အကျင့်ကောင်းများ လုပ်ဆောင်ရန်လည်း လိုအပ်နေကြောင်းနှင့် အာဟာရနှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အချက်အလက် ရရှိမှုမှာလည်း နည်းပါးနေသေးကြောင်း သိရသည်။

Lift အဖွဲ့ အနေဖြင့် ၂၀၀၉ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးတက်ရေးတို့ကို ဆောင်ရွက်ခဲ့ရာ လူဦးရေ ၂ ဒသမ ၈ သန်းကို အထောက်အပံ့များနှင့် အကူအညီများ ပေးနိုင်ခဲ့ပြီး ယင်းတို့အနက် ၁ ဒသမ ၁ သန်းသော လူဦးရေများကို အာဟာရမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဟာရမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယင်းလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ပေးခြင်းအပြင် နည်းပညာဆိုင်ရာ အကူအညီများ ရရှိရေးနှင့် အာဟာရမြှင့်တင်ရေးနှင့် ပတ်သက်သည့် သင်တန်းများပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကလေးငယ်တစ်ဦး အနေဖြင့် သန္ဓေသားအရွယ်မှ နှစ်နှစ်အရွယ်တိုင်အောင် ပထမဆုံး ရက်ပေါင်း ၁၀၀၀ အတွင်း အာဟာရကောင်းစွာ ရရှိရေး၏ အရေးပါပုံကို ရိုက်ကူးထားသည့် “ရက်တစ်ထောင်” အမည်ရှိ ဗီဒီယိုကို အာဟာရဆိုင်ရာ မိတ်ဖက်အဖွဲ့ဖြစ်သည့် LEARN တို့မှ ပူးပေါင်းထုတ်လုပ်ကာ ယင်းဗီဒီယို မိတ်ဆက်ခြင်း အခမ်းအနားကို ဇွန် ၁၆ ရက်က UNOPS ရုံးတွင် ပြုလုပ်ခဲ့သည်။

Writer:
ထွယ်ဆန်အောင်
Eleven media

Friday, June 3, 2016

၂၀၁၆ ခုနှစ် (Lancet) လန်းဆင့်ဂျာနယ်တွင် ပါဝင်သော နို့တိုက်ကျွေးခြင်း အစီအစဉ် ၏ နောက်ဆုံးစစ်တမ်း

၂၀၁၆ ခုနှစ် (Lancet) လန်းဆင့်ဂျာနယ်တွင် ပါဝင်သော နို့တိုက်ကျွေးခြင်း အစီအစဉ် ၏ နောက်ဆုံးစစ်တမ်း ကောက်ယူချက်အရ ကလေးများအားလုံးကို ညွှန်ကြားချက် အတိုင်း နို့ချို တိုက်ကျွေးပါကနှစ်စဉ် ကလေးသေဆုံးမှုပေါင်း ၈၂၃,ဝ၀ဝ ခန့်အား ကြိုတင် ကာကွယ်နိုင်သည်။


ကလေးများအတွက် ဖော်စပ်စာကျွေးခြင်း အန္တရာယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



• အသက် (၆) လအောက် မိခင်နို့တိုက်ကျွေးခြင်းမခံရသော ကလေးများ သည် မိခင်နို့ကိုသာ တိုက်ကျွေး ခြင်းခံရသော ကလေးများထက် သေဆုံးနိုင်ခြေ ၁၄ ဆခန့်ပိုမိုမြင့်မားသည်။


• မိခင်နို့တိုက်ကျွေးခြင်း မခံရသော ကလေးများသည် မိခင်နို့တိုက်ကျွေးခြင်း ခံရသော ကလေးများထက် ဝမ်းလျှောခြင်းနှင့် ဆက်စပ်သောရောဂါ များ ဖြစ်နိုင်ခြေ ၂ ဆပိုသည်။


• မိခင်နို့တိုက်ကျွေးခြင်းမခံရသော ကလေးများသည် အသက်ရှုလမ်းကြောင်း အတွင်းရောဂါပိုးဝင် ရောက်နိုင်ခြေ ၆၆ % ပိုမိုမြင့်မားသည်။


• မိခင်နို့တိုက်ကျွေးခြင်းမခံရသော ကလေးများတွင် မွေးကင်းစကလေးငယ် ရုတ်တရက် သေဆုံးခြင်း (သို့) ပုခက်တွင်းသေဆုံးခြင်းမျိုး ၃၆% ပိုမိုဖြစ်ပွားသည်။


• မိခင်နို့တိုက်ကျွေးခြင်းမခံရသော ကလေးများသည် ပန်းနာရင်ကျပ်ရော ဂါ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။


• ဖော်စပ်စာ တိုက်ကျွေးခြင်းခံရသော ကလေးများသည် ကလေးဘဝနှင့် အရွယ်ရောက်ပြီးချိန်တို့တွင် အဝလွန်ရောဂါ ခံစားရနိ်ုင်ပါသည်။


• ဖော်စပ်စာ တိုက်ကျွေးခြင်းခံရသော ကလေးများသည် အမျိုးအစား (၂) ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ပါသည်။


• ဖော်စပ်စာ တိုက်ကျွေးခြင်းခံရသော ကလေးများတွင် ဉာဏ်ရည်နိမ့်ပါး မှု ဖြစ်နိုင်သည်။



• မိခင်နို့တိုက်ကျွေးခြင်းမခံရသော ကလေးများသည် ကလေးများတွင် ဖြစ် ပွားတတ်သော သွေးဖြူဥ များခြင်း (သွေးကင်ဆာ) နှင့် အခြားကင်ဆာရောဂါ များ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။


• လေ့လာမှုများအရ မိခင်နို့တိုက်ကျွေးခြင်းမခံရသော ကလေးငယ်များမှာ မိခင်နို့သာ သောက်သုံး ခဲ့ရသော ကလေးများထက် နားအတွင်းရောဂါပိုး ဝင်ရောက်မှု ၅၀% ခန့် ပိုမိုဖြစ်ပွားသည်။


မိခင်များအတွက် ဖော်စပ်စာကျွေးခြင်း အန္တရာယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


• နှစ်စဉ်နှစ်တိုင်း မိခင်နို့တိုက်ကျွေးသော အမျိုးသမီးများသည် ရင်သားကင် ဆာ ဖြစ်နိုင်ခြေ ၄% လျှော့ချနိုင်ပါသည်။


• ကာလကြာရှည်စွာ မိခင်နို့တိုက်ကျွေးခြင်းကြောင့် သားဥအိမ်ကင် ဆာ ဖြစ်နိုင်ခြေ ၃၀% အထိ လျှော့ချ နိုင်ပါသည်။


• မိခင်နို့တိုက်ကျွေးခြင်း မရှိသောမိခင်များသည် သွေးအားနည်းရော ဂါ ဖြစ်နိုင်ခြေရှိသည်။


• မိခင်နို့တိုက်ကျွေးခြင်း မရှိသောမိခင်များသည် နှလုံးရောဂါဖြစ်နိုင်ခြေ များစွာရှိသည်။


• မိခင်နို့တိုက်ကျွေးခြင်း မရှိသောမိခင်များသည် ကလေးမွေး ဖွားပြီးနောက် ဖြစ်ပေါ်တတ်သော စိတ်ကျ ရောဂါ ဖြစ်နိုင်ခြေများစွာရှိပါသည်။


• မိခင်နို့တိုက်ကျွေးခြင်း မရှိသောမိခင်များသည် အမျိုးအစား (၂) ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ပါသည်။


• မိခင်နို့တိုက်ကျွေးခြင်း မရှိသောမိခင်များသည် မကြာခဏကိုယ်ဝန် ရရှိခြင်း ဖြစ်ပွားသည်။


ကလေးများအတွက် ဖော်စပ်စာထုတ်လုပ်ခြင်း၏ လွဲမှားမှုများနှင် ့ညစ်ညမ်းမှုအန္တရာယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


• ကလေးများအတွက် ဖော်စပ်သော နို့မှုန့်များတွင်ဘက်တီးရီးယား ကင်းစင်မှုမရှိခြင်းကြောင့် ကလေး ငယ်များတွင် အပြင်းဖျားနာခြင်း များဖြစ်ပြီး နို့မှုန့်များတွင်ပါဝင်သော အန္တရာယ်ရှိသည့် ရောဂါပိုးများ ကြောင့် အချို့သောကလေးငယ်များ အသက်ဆုံးရှှုံးခဲ့ရပါသည်။


• အချို့သောကိစ္စရပ်များတွင် ထုတ်လုပ်သူများသည် ဘေးထွက် ဆိုးကျိုးရှိသော ပါဝင်ပစ္စည်းများ၊ ကုန် ကြမ်းများကို မရည်ရွယ်ဘဲ ထည့်သွင်းသုံးစွဲမှုများ ပြုလုပ်လေ့ရှိပါသည်။


•  ကလေးများအတွက် ဖော်စပ်စာများသည် စက်ရုံများအတွင်းရှိ Enterobacter skazakii ကဲ့သို့သောပိုး မွှားများကြောင့် သန့်ရှင်းမှုမရှိဘဲ ညစ်ညမ်းတတ်ပါသည်။


• တစ်ခါတစ်ရံတွင် ထုတ်လုပ်သူများသည် အရေးကြီးသော ပါဝင်ပစ္စည်းများ ထည့်သွင်းရန် မေ့လျော့ခြင်း ကဲ့သို့သော အမှားများ ပြုလုပ်လေ့ရှိပါသည်။


• အချို့သောနို့မှုန့်များသည် နို့ဗူးများတွင် ရှိနေတတ်သော Bisphenyl A (BPA) ကဲ့သို့ ဓာတုပစ္စည်းများနှင့်ထိတွေ့ဓာတ် ပြုသွားနိုင်ခြေရှိပါသည်။ ပမာဏအနည်း ငယ်သော BPA သည်ပင်လျှင် အလွန်အန္တရာယ်ရှိပါသည်။


• ၂၀၁၂ - ၂၀၁၃ ခုနှစ်များအတွင်းမှာပင်လျှင် နို့မှုန့်ထုတ်ကုန် ၁၄ မျိုးခန့်အား ညစ်ညမ်းမှု၊ ကလေးများ ကို နာမကျန်းဖြစ်စေမှုနှင့် သေဆုံးစေမှုတို့ကြောင့် ၄င်းထုတ်ကုန်များအား ပြန်လည်သိမ်းဆည်းမှုများ ရှိခဲ့ပါသည်။


ကလေးများအတွက် ဖော်စပ်စာသုံးစွဲခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ ပြဿနာများ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


• ကလေးဖော်စပ်စာတွင် အသုံးပြုသောရေ (သို့) နို့ဗူးများဆေးကြောရာတွင် အသုံးပြုသောရေတို့တွင် ရောဂါဖြစ်ပွားစေနိုင်သော ပိုးမွှားများပါရှိနေ မှုကြောင့် ဘေးအန္တရာယ်ဖြစ်ပွားစေနိုင်ပါသည်။


• များစွာသောမိဘများသည် နို့မှုန့်ဖျော်ရာတွင် ရေပမာဏ အလွန်အမင်း အသုံးပြု၍ သော်လည်းကောင်း၊ အနည်းငယ်သော ရေပမာဏကို သုံး၍သော် လည်းကောင်း မှားယွင်းစွာဖျော်လေ့ရှိပါသည်။


• အချို့သောမိဘများ သည် ငွေချွေတာလိုသောကြောင့် နို့မှုန့်ဖျော်ရာ တွင် ရေများစွာ ထည့်ဖျော်လေ့ရှိပါသည်။


• ဖျော်ထားသော ကလေးဖော်စပ်စာများသည် အခန်းအပူချိန်တွင် ၂ နာရီထက်ကျော်လွန်ပါက အာနိ သင်ပျက်စီးသွားပါသည်။


• အချို့သောမိဘများသည် ကလေးအငိုတိတ်စေရန် နို့ဗူးဖြင့် နို့ တိုက်ကျွေးခြင်းများ ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကလေးငယ် များ၏ စိတ်ဆန္ဒအား ဖြည့်ဆည်းပေးရန် သင့်တော်သည့် အပြုအမူတစ်ခု မဟုတ်ပေ။


_ SUN CSA မှ မြန်မာဘာသာသို့ ဆီလျော်အာင် ပြန်ဆိုသည်။


Photo: Credit



Wednesday, June 1, 2016

မြန်မာနိုင်ငံတွင် မိခင်နို့မတိုက်ကျွေးခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများ

မိခင်နို့မတိုက်ကျွေးခြင်းကြောင့် မြန်မာနိုင်ငံ၏ လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ဖြစ်ပေါ်လာသော စီးပွားရေး နစ်နာဆုံးရှုံးမှုများ




မိခင်နို့တိုက်ကျွေးခြင်းသည် မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းနှင့် တစ်နိုင်ငံလုံး၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးမှုကို တိုးတက်စေရန်နှင့် အသက်ဆုံးရှုံးမှုများကိုတားဆီးရန် ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးတွင် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှု တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ မိခင်များအားလုံးနီးပါးသည် မိမိရင်သွေးကို မိခင်နို့တိုက်ကျွေးကြသော်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် UNICEF တို့၏ လမ်းညွှန်ချက်နှင့်အညီ အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခံရသည့် ကလေးအရေအတွက်မှာ (၂၄) ရာခိုင်နှုန်းခန့်သာ ရှိသည်။ ၎င်းပမာဏမှာ ကမ္ဘာလုံးဆိုင်ရာလျာထားချက်ဖြစ်သော (၅၀) ရာခိ်ုင်နှုန်းနှင့်၁၊၂ နှိုင်းယှဉ်လျှင် လွန်စွာနိမ့်ပါးသည်။ ယင်းကဲ့သို့ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးမှု နိမ့်ပါးခြင်းသည် လူ့သက်တမ်းနှင့် ဘဝအရည်အသွေးများတွင် ဆုံးရှုံးနစ်နာမှုများကို ဖြစ်ပေါ်စေသည့်အပြင် သဘာဝသယံဇာတအပေါ်မှီခိုမှုလျှော့ချပြီး နိုင်ငံသားများ၏ အရည်အသေးွနှင့် ကျွမ်းကျင်မှု များပေါ်ပို၍မှီခိုမည့် အလယ်အလတ်တန်းဝင်ငွေရ စီးပွားရေးအခြေအနေသို့ ကူးပြောင်းရန်ကြိုးပမ်းနေသော မြန်မာနိုင်ငံအတွက် အဟန့်အတားဖြစ်စေသည်။

(၂၀၁၅) ခုနှစ်တွင် Alive & Thrive နှင့် UNICEF တို့ပူးပေါင်းဆောင်ရွက်သော သုတေသနသစ်တစ်ခုက မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ မိခင်နို့ရည် စံနှုန်းပြည့် မတိုက်ကျွေးခြင်း ကြောင့် ဖြစ်ပေါ်သော စီးပွားရေးဆုံးရှှုံးမှုများကို တိုင်းတာပြထားသည်။ မိခင်များနို့ရည်ကောင်းမွန်စွာတိုက်ကျွေးခြင်းကို ထောက်ပံ့ပေးမည့် မူဝါဒများ၊ စီမံကိန်းများကို ချမှတ်အကောင် အထည် ဖော်ခြင်းအားဖြင့် အသက်ဆုံးရှုံးမှုများကို တားဆီးနိုင်သည့်အပြင် နိုင်ငံအတွက်ရင်းနှီးမြုပ်နှံမှုမှရသော အကျိုးအမြတ်ကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း အထောက်အထားများ (အဓိကရှာဖွေတွေ့ရှိချက်များ) ဖြင့် ရှင်းလင်း တင်ပြထားသည်။


မြန်မာနိုင်ငံတွင် အဓိကရှာဖွေတွေ့ရှိချက်များ မိခင်နို့ရည်ကို မှန်ကန်ကောင်းမွန်စွာ တိုက်ကျွေးခြင်းဖြင့်

     နှစ်စဉ် ကလေး (၁၆၃၆) ဦး၏ အသက်ကို ကယ်ဆယ် နိုင်ပြီး (၅) နှစ်အောက် ကလေးသေဆုံးနှုန်းကို လျှော့ချ နိုင်သည်။
     နှစ်စဉ် ကျန်းမာရေးအသုံးစရိတ်တွင် အမေရိကန် ဒေါ်လာ (၃,၃၈၀,ဝ၀ဝ) ကို သက်သာစေနိုင်သည်။
     ဝမ်းပျက်ဝမ်းလျှောနှင့် အသက်ရှုလမ်းကြောင်း ပိုးဝင် ရောဂါများကို ကုသရသည့် မိသားစုကျန်းမာရေး အသုံး စရိတ်ကိုလည်း လျှော့ချနိုင်သည်။
     မိခင်နို့အစားထိုးနှို့မှုန့်များကို မဝယ်ယူသောကြောင့် မိသားစု လစဉ်ဝင်ငွေ၏  (၃၂.၄) ရာခိုင်နှုန်းကိုလည်း သက်သာစေနိုင်သည်။

မိခင်နို့ရည်ကို မှန်ကန်စွာတိုက်ကျွေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လူ့အရင်းအမြစ်ဖွံ့ဖြိုးမှုကို တိုးတက်စေရုံသာမကပဲ မိသားစုများ၏ ကျန်းမာရေးအသုံးစရိတ်ကိုပါ လျော့နည်းစေသည်။


ရောဂါခုခံနိုင်စွမ်းမရှိခြင်းကို လျော့နည်းစေခြင်းဖြင့် ကလေးသေဆုံးနှုန်းလျှော့ချခြင်းကို ပိုမိုအရှိန်မြှင့်နိုင်သည်။                                               

အသက် (၆)လ အရွယ်အထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းမခံရလျှင် ထိုကလေးများသည် ကမ္ဘာတစ်ခွင် ကလေးသေဆုံးမှု၏ အဓိကအကြောင်းရင်းနှစ်ခု ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ရောဂါများ ကူးစက်ခံရဖို့ ပိုမိုလွယ်ကူသည်။ မိခင်နို့ရည်ကို မှန်ကန်စွာ တိုက်ကျွေး တတ်စေရန် မိခင်များအား ကူညီပေးခြင်းဖြင့်  ဝမ်းပျက်ဝမ်းလျှောနှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ရောဂါများကြောင့် ဖြစ်ပွားသော အသက်(၂) နှစ်အောက် ကလေးသေဆုံးခြင်း၏ ၅၀ ရာခိုင်နှုန်းခန့်ကို နှစ်စဉ် လျှော့ချကာကွယ်နိုင်ကြောင်း မိခင်နို့မတိုက်ကျွေးသောအခြေအနေတစ်ရပ်နှင့် နှိုင်းယှဉ်ကာ အရှေ့တောင် အာရှဒေသများတွင်  လေ့လာတွေ့ရှိရသည်။ မြန်မာနိုင်ငံတငွ်လည်း လက်ရှိမိခင်နို့တိုက်ကျွေးသည့်အခြေအနေများမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လမ်းညွှန်ထား သော အခြေအနေစံနှုန်းများထိ လိုက်မီအောင် ကြိုးစားနိုင်မည်ဆိုလျှင် နှစ်စဉ် ကလေး(၁၆၃၆) ဦး၏ အသက်ကို ကယ်တင်နိုင်မည့်အပြင် အသက်(၅) နှစ် အောက်ကလေးစုစုပေါင်းသေနှုန်းကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။

မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်၏ကျန်းမာရေးကိုလည်း ကာကွယ်ပေးနိုင်သည်။ အရှေ့တောင်အာရှနိုင်ငံများတွင် မိခင်အားလုံး၏ (၉၀) ရာခိုင်နှုန်းသည် ကလေးအသက် (၂) နှစ်အထိ မိခင်နို့ကိုဆက်လက်တိုက်ကျွေးမည် ဆိုလျှင် ရင်သားကင်ဆာကြောင့်ဖြစ်ပွားသော မိခင်သေဆုံးခြင်း (၁၀) ရာခိုင်နှုန်းကို နှစ်စဉ် လျော့ချနိုင်မည် ဖြစ်သည်။


ဝမ်းပျက်ဝမ်းလျှောနှင့် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း ရောဂါများကြောင့်ကုန်ကျမည့် ကျန်းမာရေးအသုံးစရိတ်များကို ဖယ်ရှားနိုင်မည်။

 မြန်မာနိုင်ငံတွင် မိခင်နို့ရည်လုံလောက်စွာမရရှိခြင်းကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောနှင့် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါများကို မိခင်နို့ရည် မှန်ကန်စွာတိုက်ကျွေးခြင်းဖြင့် ဖယ်ရှားနိုင်ပါမည်။ ထို့ပြင် အစိုးရနှင့် ပုဂ္ဂလိက နှစ်ရပ်လုံးမှ ကုန်ကျသည့် ကျန်းမာရေးအသုံးစရိတ်တငွ် အမေရိကန် ဒေါ်လာ (၃,၃၈၀,ဝ၀ဝ) ကို နှစ်စဉ် စုဆောင်းနိုင်လိမ့်မည်။ ၎င်းပမာဏသည် နိုင်ငံတော်ကျန်းမာရေးအသုံးစရိတ်၏ (ဝ.၄) ရာခိုင်နှုန်းဖြစ်သည်။


 ရောဂါများကို ကုသသောကုန်ကျစရိတ်များအား ဖယ်ရှားနိုင်ခြင်းသည် အခြားသိသာထင်ရှားသော စုဆောင်းငွေများ ရရှိစေသည်။

မိခင်နို့ လုံလောက်စွာမရရှိသောကြောင့် ကလေးများတွင် ဝမ်းပျက်ဝမ်းလျှောနှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ရောဂါများ ဖြစ်ပွားသောအခါ မိဘများသည် မိမိတို့ကလေးများကို ဆေးကုသဖို့ ကုန်ကျစရိတ်ကျခံရသည်။ ထိုကုန်ကျစရိတ်များကြောင့် ဖြစ်သော စီးပွားရေးနစ်နာမှုများတွင် အလုပ်အကိုင်ပျက်ခြင်း နှင့် လမ်းခရီးစရိတ်ကုန်ကျခြင်းတို့လည်း ပါဝင်သည်။ အရှေ့တီမော၊ အင်ဒိုနီးရှား စသည့် အရှေ့တောင်အာရှနိုင်ငံများတွင် လေ့လာမှုများအရ၊ မိသားစု များ၏ အလုပ်အကိုင်ပျက်ခြင်း၊ လမ်းခရီးစရိတ်ကုန်ကျခြင်းစသည့် ထပ်တိုးကုန်ကျမှုများသည် ဝမ်းပျက်ဝမ်းလျှောနှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ရောဂါ ကုသသည့် အမှန်တကယ် ကုန်ကျစရိတ်၏ ၂၅ ရာခိုင်နှုန်းထိ ရှိသည်။


မိခင်နို့အစားထိုးနို့မှုန့်များအတွက်ကုန်ကျစရိတ်ကို ဖယ်ရှားခြင်းဖြင့် မိသားစု၏ဝင်ငွေကို မြှင့်တင်နိုင်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးလာသည်နှင့်အမျှ တိုးများလာသော မိသားစုဝင်ငွေများသည် စီးပွားရေးကုမ္ပဏီများအား ၎င်းတို့၏ မိခင်နို့အစားထိုးအစား  အစာများကို မိခင်များမှတဆင့် ကလေးများအား တိုက်ကျွေးစေဖို့ ဈေးကွက်အတွင်းသို့ ပိုမိုဖြန့်ဖြူးလာရန် မျက်စိကျစေသည်။ ဈေးကွက်ဝင်အမှတ်တံဆိပ်ပါ နို့မှုန့်ကို ဝယ်ယူရန်ကုန်ကျစရိတ်သည် မိသားစုအတွက် သိသာစွာများပြားလာသည်။ ၎င်းကုန်ကျစရိတ်မှာ မြန်မာနိုင်ငံအတွင်း ပုံမှန်လုပ်ငန်းတစ်ခုမှ လစာနိမ့်အလုပ်သမားတစ်ယောက် လစဉ်ဝင်ငွေ၏ (၃၂.၄) ရာခိုင်နှုန်းထိရှိလာခြင်းကို ကလေးငယ်အားလုံးအတွက် လုံခြုံသန့်ရှင်းပြီး အခမဲ့ရရှိသော မိခင်နို့ရည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။


မူဝါဒချမှတ်သူများသည် မိခင်နို့ရည်တိုက်ကျွေးခြင်းကို အားပေးဖို့ နိုင်ငံတော်အဆင့်မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲ ချမှတ် အကောင်အထည်ဖော်ရမည်။


 မြန်မာနိုင်ငံသည် ကျန်းမာရေးနှင့် စီးပွားရေးအကျိုးအမြတ်များရရှိရန် မိခင်နို့တိုက်ကျွေးခြင်းမြှင့်တင်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများကို နိုင်ငံတော်အဆင့်တငွ် ပြုလုပ်ရမည်။ မူဝါဒချမှတ်သူများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း မိခင်နို့ရည်ကို မှန်ကန်စွာတိုက်ကျွေးနိုင်ဖို့ မိခင်အားလုံးအား အထောက်အပံ့ပေးနိုင်ရန် အောက်ပါမူဝါဒများကို ရွေးချယ် ချမှတ်အကောင်အထည်ဖော်သင့်သည်။ •  မိခင်ဘဝ လုံခြုံရေး။     ။ မိခင်နို့ရည်တိုက်ကျွေးခြင်းကိုထောက်ပံ့ရန် လုံလောက်သော မိခင်ရပိုင်ခွင့်များ၊ ခံစားခွင့်များကို ပုဂ္ဂလိက၊ အစိုးရဌာနများနှင့် အခြားကဏ္ဍများရှိ မိခင်အားလုံး ရရှိစေရမည်။ မြန်မာနိုင်ငံရှိ အစိုးရဌာနများတွင် အမျိုးသမီးဝန်ထမ်းများအတွက် မီးဖွားခငွ့်ကို နိုင်ငံတကာအလုပ်သမား အဖွဲ့အစည်းက သတ်မှတ်ထားသည့် အတိုင်း ခွင့်ရက် (၆) လသို့ တိုးမြှင့်လိုက်ချိန်တငွ်  ပုဂ္ဂလိကလုပ်ငန်းများမှာမူ ရက်သတ္တပတ် (၁၂) ပတ်ခန့်သာ သတ်မှတ်ထားဆဲဖြစ်သည်။ ထို့ကြောင့် မိခင် မီးဖွားခွင့်ရက် တိုးမြှင့်ရန် ဥပဒေပြဌာန်းမှုများကို ဦးစားပေးလုပ်ဆောင်ရမည်။  ထို့ပြင် လူမှုကာကွယ်ရေးမဟာဗျူဟာထဲတွင် ရေးဆွဲထားသည့်အတိုင်း မိခင်နှင့်ကလေးများအား ငွေကြေး ထောက်ပံ့မှုလုပ်ငန်းများကိုလည်း ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ အပြုအမူပြောင်းလဲခြင်းအစီအစဉ်များနှင့်အတူ အကြွင်းမဲ့အကောင်အထည် ဖော်သင့်သည်။   •  နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့် ။ ။(၂၀၁၄)ခုနှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံတော် အစားအသောက်ဥပဒေအောက်၌ နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသောအစားအစာများ ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်ကို ပြဌာန်းခဲ့သည်။ ထိုအမိန့် ကို ချိုးဖောက်မှုများအား စောင့်ကြည့်၍ ဖော်ထုတ်အရေးယူရန် ကျမွ်းကျင်ပညာရှင်များပါဝင်သော အဆင့်မြင့် ကော်မတီတစ်ခုကိုဖွဲ့စည်းခြင်း၊ ထိုသို့စောင့်ကြည့်သည့် လုပ်ငန်းစဉ် တွင် အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအား ပူးပေါင်းပါဝင်စေခြင်းတို့အားဖြင့် အဆိုပါအမိန့်အာဏာတည်စေခြင်းကို ယခုအခါ ဦးစားပေးဆောင်ရွက်သင့်ပါသည်။


ကမ္ဘာပေါ်ရှိ မိခင်အလုပ်သမားပေါင်း သန်း (၈၃၀)အနက် အများအပြားသည် ကလေးမီးဖွားပြီးနောက် မကြာမီ အလုပ်ပြန်လုပ်ကြရသည်။ ထိုမိခင်များ မိခင်နို့ဆက်လက် တိုက်ကျွေးနိုင်ရေးအတွက် လစာခံစားခွင့်ရ မီးဖွားခငွ့်ရက်၊ အလုပ်ခွင်တွင်းမိခင်နို့တိုက်ကျွေးချိန် စသည်တို့ကို ထောက်ပံ့ကူညီပေးသော နိုင်ငံတော်မူဝါဒများ၊ ဥပဒေများ လိုအပ်လျက် ရှိသည်။ ယင်းသည် မိခင်နှင့်ကလေးများအတွက် လုပ်သင့်သော မှန်ကန်သည့် လုပ်ရပ်ဖြစ်သည်။


ကျမ်းကိုးစာရင်း Walters, D., S. Horton, A.Y.M. Siregar, P. Pitriyan, N. Hajeebhoy, R. Mathisen, P.T.H. Linh, C. Rudert. The Cost of Not Breastfeeding in Southeast Asia. Forthcoming 2015.

ထပ်ဆင့် ကိုးကားချက် ၁။  World Health Organization. Global targets 2025. To improve maternal, infant and young child nutrition (www.who.int/nutrition/topics/nutrition_globaltargets2025/en/, accessed 3 November 2015). ၂  http://www.unicef.org/myanmar/MICS_Myanmar_Report_2009-10.pdf

ကျေးဇူးတင်လွှာ ဤသုတေသနလုပ်ငန်းအား ကနေဒါအစိုးရ၊ အိုင်ယာလန်အစိုးရနှင့် the Bill & Melinda Gates Foundation မှ ထောက်ပံ့ပြီး FHI 360’ က စီမံခန့်ခွဲသော Alive & Thrive မှ တာဝန်ယူဆောင်ရွက်သည်။

၂၀ဝ၈-၂၀၁၂ ခုနှစ်အတွင်းနောက်ဆုံးပြုလုပ်ခဲ့သော MICS (သို့) DHS သုတေသနများမှ နိုင်ငံ မိခင်နို့တိုက်နှုန်းများကို ကောက်နှုတ်တင်ပြထားသည်။ ထိုအချိန်အတောအတွင်း နိုင်ငံအများအပြားတွင် အချက်အလက်အသစ်များ ရှိကြောင်းကိုလည်း အသိအမှတ်ပြုပါသည်။

ထို့ပြင် UNICEF ရံပုံငွေဖြင့်ပြုလုပ်ထားသည့် လေ့လာမှုများမှ နည်းစနစ်များ၊ အချက်အလက်များကို မျှဝေခြင်းဖြင့် ကူညီထောက်ပံ့ပေးသော Jack Bagriansky ကိုလည်း ကျေးဇူးတင်ပါသည်။ မိခင်နို့မတိုက်ကျွေးခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများ လေ့လာမှုသည် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနများ၊ ကျန်းမာရေးဦးစီးဌာနများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့များ၏ အကြံပေးချက်များ၊ ပါဝင်ကူညီမှုများမှလည်း အကျိုးကျေးဇူးများ ရရှိခဲ့ပါကြောင်း။


Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...