Thursday, March 10, 2016

mNutrition အမ်အာဟာရ


What is mNutrition? mNutrition ကဘာလဲ?

mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install လုပ်ထားခြင်းအားဖြင့် မိခင်နှင့်ကလေးကျန်းမာရေး "သတင်းများ"၊ "အာဟာရအကြောင်း"၊ "မိခင်နို့တိုက်ကျွေးခြင်းအကြောင်း" နှင့် " နို့စို့ကလေးနှင့်ကလေးငယ်အတွက်ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်" စတာတွေကို အင်တာနက်မလိုပဲ offline ပုံများ၊ စာများကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ပညာပေးဗွီဒီယိုများကိုတော့ အင်တာနက်ဖြင့်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။


What is the objective of mNutrition app? mNutrition app ရဲ့ရည်ရွယ်ချက်ကဘာလဲ?

mNutrition app သည် စေတနာ့ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူလက်လှမ်းမှီပြီး မိခင်နို့တိုက်ကျွေးရေးကို ကာကွယ်ခြင်း၊ မြင့်တင်ခြင်းနှင့် ပံ့ပိုးခြင်းများ လုပ်ဆောင်နိုင်ကာ မြန်မာနိုင်ငံရှိကလေးများ၏ အာဟာအခြေအနေကို မြှင့်တင်ပေးရန်ဖြစ်ပါတယ်။


Who is the targeted group? ဦးတည်အုပ်စုက ဘယ်သူတွေလဲ?

အဓိကဦးတည်အုပ်စုမှာ ကျန်းမာရေးစေတနာ့ဝန်ထမ်းများ၊ မိခင်နို့တိုက်ကျွေးရေးအတွက် နှစ်သိမ့်ဆွေးနွေးအကြံပေးသူများ၊ ကိုယ်ဝန်ဆောင်များ၊ နှင့် နို့တိုက်မိခင်များ အတွက်ဖြစ်သော်လည်း မြန်မာနိုင်ကလေးများ၏ အာဟာရအခြေအနေကို မြှင့်တင်ပေးရန်စိတ်ဝင်စားသည့် မည်သူမဆို မိမိ Android ဖုန်းတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။


 Download mNutrition Here!

No comments:

Post a Comment

Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...