ဆရာဝန် များသည် ကလေးငယ်များအား ၆ လ အထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးလျှင် ကလေးငယ်များဟာ ကောင်းမွန်စွာ ကြီးထွားသည်ကို သိရှိထားသည်။ ဆိုလိုရင်းက ဘာလဲဆိုတော့ တခြား နို့၊ အရည်၊ ရေ သို့မဟုတ် ဖြည့်စွက်စာ များဟာ မလိုအပ်ပါဘူး၊ သူတို့ကိုလည်း မကြော်ငြာ သင့်ပါဘူး။
၆လ ပြည့်ပြီးနောက် ကလေးငယ်ရဲ့ အစာအိမ် က ဆန်ပြုတ်၊ အသီးအရွက်၊ အရည် နဲ့ တစ်ခြား ဖြည့်စွက်စာ များကို ကောင်းမွန်စွာ ခြေဖျက် နိုင်ပါသည်။ မိခင်နို့ရည်တိုက်ကျွေး ခြင်းကို မိခင်ရော ကလေးပါ အဆင်ပြေသည်အထိ ကြာနိုင်သမျှ တိုက်ကျွေးနိုင်သည်။ ၂ နှစ် သို့မဟုတ် ၂နှစ်ထက် ပိုပြီး မိခင်နို့ရည်တိုက်ကျွေးခြင်းကို ထောက်ခံ သည်။ ဆိုလိုသည်မှာ ကလေးငယ်အတွက် ဖော်စပ်စာများ ကို မကြော်ငြာ သင့်ပါ။
အတိုချုပ်အနေဖြင့် မိခင်နို့တိုက်ခြင်းကို အစားထိုးဖြစ်စေတဲ့ မည်သည့် ပစ္စည်း မဆို သည် မိခင်နို့ရည် အစားထိုးအစာ ဖြစ်သည်။ အမိန့်ကြော်ငြာ မှလည်း မိခင်နို့အစားထိုး အစားအစာ များကို လူပုဂ္ဂိုလ်နှင့် ဖြစ်စေ မီဒီယာ များမှ (ဥပမာ ရေဒီယို၊ အင်တာနက် ) တဆင့်ဖြစ်စေ မကြော်ငြာရန် ပြောကြားထားသည်။ အမိန့်ကြော်ငြာ မှ လည်း အထူးဈေးရောင်းပွဲတော်၊ ဈေးလျော့ရောင်းချခြင်း၊ ဆုအဖြစ်ပေးခြင်း၊ ပညာပေး ပြခန်းများ၊ နမူနာ ပေးခြင်း၊ ဆေးရုံများတွင် အခမဲ့ နို့မှုန့်များပေးခြင်း စတဲ့ ဈေးကွက်မြှင့်တင်ခြင်းများကို တားမြစ်ထားသည်။
Ref: Order in Cartoon by SUN CSA Myanmar
No comments:
Post a Comment