အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Friday, March 4, 2016
နို့အုံနာကျင်ခြင်း Breast Pain
နို့အုံနာကျင်ခြင်းအကြောင့်် ဗွီဒီယိုကြည့်ရန်/ဒေါင်းလုပ်ဆွဲရန်
© Global Health Media Project www.globalhealthmedia.org
နို့အုံနာကျင်ခြင်း
နို့အုံနာကျင်ခြင်းဟာ နို့တိုက်မိခင်တွေမှာ ပြဿနာ (၃) ခုကြောင့် ဖြစ်နိုင်ပါတယ်။
ဒီဗွီဒီယိုကိုကြည့်ခြင်းအားဖြင့် နို့တင်းခြင်း၊ နို့ကြောင်းပိတ်ဆို့ခြင်း၊ နို့အုံပိုးဝင်ခြင်းတွေကို ဘယ်လိုကူညီရမလဲဆိုတာကို သိသွားပါမယ်။
နို့အုံဟာ နို့ရည်တွေနဲ့အရမ်းပြည့်နေရင် နို့တင်းခြင်းကိုဖြစ်စေနိုင်ပါတယ်။
နို့တင်းခြင်းဟာကလေးစမွေးတဲ့မိခင်တွေ ရက်အနည်းငယ်အကြာမှာ ဖြစ်တတ်ပါတယ်။
ကလေးဟာနို့ကောင်းကောင်းမစို့ရင်၊ နို့စို့ပုံ မမှန်ရင် ဒါမှမဟုတ်မိခင်က နို့ကိုကုန်အောင်မတိုက်ရင် နို့တင်းခြင်းကို ဖြစ်စေပါတယ်။
မိခင်ဟာ နို့နှစ်ဖက်လုံးတင်းပြီး ထိရင်နာတဲ့ ဝေဒနာကို ခံစားနေရတတ်ပါတယ်။
ပထမဆုံးကလေးနို့စို့ပုံ မှန်၊ မမှန်ကို လေ့လာရပါမယ်။
တကယ်လို့ကလေးကို နို့တိုက်ပုံ မမှန်ရင်မှန်အောင် ကူညီပေးရပါမယ်။
ပြီးရင် နို့တင်းတာကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာ ရှင်းပြပါ။
အဆင့် (၆) ဆင့်ကို ရှင်းပြပါ။
(၁) နို့မတိုက်ခင်မှာ နို့စီးဆင်းမှုကောင်းစေရန် သန့်ရှင်းသောအဝတ်နွေးကို မိနစ်အနည်းငယ်ကြာ နို့အုံပေါ်တင်ထားပေးပါ။
(၂) နို့အုံပတ်ပတ်လည်ကို ညင်သာစွာ နှိပ်နယ်ခိုင်းပါ။
(၃) ကလေးနို့ငုံကောင်းစေရန် နို့အနည်းငယ်ကို ပုံစံမှန်စွာ ညှစ်ထုတ်ခိုင်းပါ။
(၄) ကလေးကို (၁) နာရီ (၂) နာရီခြားတစ်ခါ နို့တိုက်ခိုင်းရပါမယ်။ နို့တစ်ဖက်ကုန်မှ တစ်ခြား နို့တစ်ဖက်ကို ပြောင်းတိုက်သင့်ကြောင်းအကြံပေးရပါမယ်။
(၅) မိခင်ဟာ အနေအထားအမျိုးမျိုးနဲ့နို့တိုက်ခြင်းဟာ နို့အားလုံးကုန်စင်သွားစေဖို့ အကူအညီဖြစ်စေပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ ကလေးနို့ဝသွားလို့ နို့မကုန်သေးရင် ညှစ်ထုတ်ပစ်နိုင်ပါတယ်။ နို့တင်းနေချိန်မှာ နို့ကို ကုန်အောင်မတိုက်ရင် နို့အုံပိုးဝင်ခြင်းကိုဆက်ဖြစ်စေပါတယ်။
နို့တိုက်ပြီးချိန်မှာ ရေအေးစိမ်ထားသောအဝတ်သန့်သန့်ကို နို့အုံပေါ် (၁၀) မိနစ် (၁၅) မိနစ်ခန့်တင်ပေးထားခြင်းဖြင့် မိခင်ကို ပိုသက်သာစေပါတယ်။
နို့လမ်းကြောင်းပိတ်ရင် နို့အုံရဲ့တစ်နေရာမှာ မာခဲနေပြီးထိရင်နာတတ်တဲ့ အကြိတ်တစ်ခု တွေ့ရတတ်ပါတယ်။
မိခင်ကတော့မဖျားပဲ နေသာထိုင်သာ ရှိနေမှာပါ။
နို့စီးဆင်းမှုမကောင်းရင် နို့လမ်းကြောင်း ပိတ်တတ်ပါတယ်။ ဥပမာ ကလေးနို့စို့ပုံမမှန်ရင်၊ ကလေးနို့စို့နေချိန်မှာ နို့ကို ညှစ်ထုတ်တာမျိုးလုပ်ရင်ဖြစ်တတ်ပါတယ်။
အမေနို့တိုက်တာကိုကြည့်ပြီး လိုအပ်ရင် ကလေးနို့စို့ပုံကို မှန်ကန်အောင်ကူညီပေးရပါမယ်။
နို့စီးဆင်းမှုကောင်းဖို့ဆိုရင် ကလေးနို့စို့တဲ့ပုံစံက မှန်ကန်ဖို့လိုပါတယ်။
နို့လမ်းကြောင်းပိတ်တာကို ကူညီဖို့ အချက် (၄) ချက်ကိုအကြံပေးရပါမယ်။
(၁) ကလေးနို့ဆာတိုင်း (၁)နာရီ (၂)နာရီခြားတစ်ခါနို့တိုက်ဖို့အကြံပေးပါ။ နို့ကြောင်းပိတ်တဲ့ဘက်ကနေ စတိုက်ရပါမယ်။ အကယ်၍ မိခင်ကနို့မတိုက်နိုင်သေးရင် နိုအနည်းငယ်ကို ညှစ်ထုတ်ပစ်ရပါမယ်။
(၂) ရေနွေးစိမ်ထားသော အဝတ်သန့်သန့်နဲ့အုပ်ပေးခြင်းဖြင့် နို့စီးဆင်းမှုကို ပိုကောင်းစေပါတယ်။
(၃) ကလေးနို့စို့နေချိန်မှာ မိခင်ဟာ နို့ကြောင်းပိတ်တဲ့နေရာကို အသာအယာနှိပ်ပေးနိုင်ပါတယ်။ အဲ့လိုနှိပ်ပေးနေသလို ကလေးကလဲ နို့ကိုစုပ်ယူနေတဲ့အတွက် ပိုပြီးတော့သက်သာစေပါတယ်။
နောက်ဆုံးကတော့ ကလေးနို့စို့နေစဉ် မိခင်က နို့အုံပတ်ပတ်လည်ကို နှိပ်နယ်ပေးခြင်းဖြင့်လည်း နို့ကြောင်းပိတ်ခြင်းကို သက်သာစေပါတယ်။
နို့ကြောင်းပိတ်တာကို သိသိချင်း ကလေးကိုပုံစံမှန်စွာ နို့တိုက်မယ်ဆိုရင် ၁ ရက် ၂ ရက် အတွင်းမှာ သက်သာစေပါတယ်။
တကယ်လို့ဂရုမစိုက်ခဲ့ဘူးဆိုရင်တော့ နို့အုံပိုးဝင်ပြီး နောက်ဆက်တွဲရောဂါတွေပါဆက်ဖြစ်နိုင်ပါတယ်။
ပိုးဝင်သွားရင် နို့အုံဟာနီရဲရောင်ရမ်းပြီး နာကျင်တဲ့ဝေဒနာတွေအပြင် မိခင်ဟာ အဖျားရောဂါပါ ဆက်ဖြစ်လာနိုင်ပါတယ်။
တကယ်လို့အရမ်းရောင်ပြီးနာနေပြီဆိုရင် နို့အုံဟာ နို့အုံမှာ ပြည်ပါတည်လာတတ်ပါတယ်။ ဒါဆိုရင်တော့ ဆေးခန်းကို သွားပြဖို့လိုပါပြီ။
နို့အုံပိုးဝင်တာဆိုရင်တော့ အရင်ဆုံကလေးနို့စို့ပုံမှန်ကန်စေဖို့ဂရုစိုက်ရပါမယ်။ ပြီးရင်တော့ နို့ကြောင်းပိတ်တုန်းကလို အဆင့် (၄) ဆင့်ကို ဆက်လက်လုပ်ဆောင်ရပါမယ်။
(၁) ပိုးဝင်နေတဲ့ နို့အုံဘက်ကပဲ စတိုက်ပါ။ နို့အုံပိုးဝင်ပေမယ့် နို့ရည်ကတော့ ကလေးအတွက်ကောင်းနေဆဲပါ။
(၂) ရေနွေးဝတ်ကိုသုံးပါ။
(၃) နို့တိုက်နေရင် နို့အုံကို အသာအယာ ညှစ်ပေးပါ။
နောက်ဆုံးကတော့ နို့အုံပတ်ပတ်လည်ကိုအသာအယာနှိပ်ပေးပါ။
နို့အုံဟာထိရင်နာတယ်ဆိုတာမမေ့ပါနဲ့။
နို့အုံပိုးဝင်ခြင်းဟာနို့အုံမှာရှိတဲ့အသားတွေကိုပဲထိခိုက်တာပါ။ နို့ရည်ကတော့လုံးဝ အကောင်းပကတိပါပဲ။
နို့ရည်ဟာ ကလေးအတွက်ကောင်းနေတုန်းပါ။
နို့အုံပိုးဝင်ရင်တောင်မှ ကလေးကိုနို့ဆက်တိုက်နေပြီး ပိုနေတဲ့နို့ရည်ကို ညှစ်ထုတ်ပေးမှသာ နို့စီးဆင်းမှု ကောင်းနေမှာဖြစ်ပါတယ်။
HIV ရောဂါရှိနေတဲ့မိခင်ဆိုရင်တော့ ပိုးမဝင်တဲ့နို့အုံဘက်ကသာ စတိုက်သင့်ပါတယ်။
မိခင်ဖျားနေတာ မသက်သာမချင်းပိုးဝင်တဲ့နို့အုံဘက်က နို့ရည်ကိုညှစ်ထုတ်ပေးလို့ရပါတယ်။
ဒါမှကလေးက နို့အုံနှစ်ဖက်လုံးကိုစို့နိုင်မှာ ဖြစ်ပါတယ်။
Dicloxacillin လိုပိုးသတ်ဆေးတွေ မိခင်ကိုတိုက်နိုင်ပါတယ်။
နာကျင်မှုနဲ့ အဖျားကိုသက်သာစေဖို့ paracetamol ကိုပေးနိုင်ပါတယ်။
တစ်ရက်ဆေးသောက်ပြီးလို့မသက်သာရင် မိခင်ကိုပြန်လာပြဖို့ပြောပါ။
တကယ်လို့နို့အုံပိုးဝင်တယ်ဆိုရင်မိခင်ကဖျားနေတတ်ပါတယ်။
အလုပ်လဲလုပ်နိုင်မှာဖြစ်ပါတယ်။
အိပ်ရာထဲမှာပဲအနားယူပြီး ကလေးကိုနို့ဆက်တိုက်နိုင်ဖို့ အရည်များများသောက်သင့်ပါတယ်။
သတိထားရမယ့် အချက်တွေက
နို့တင်းရင် နို့အုံဟာနို့ရည်တွေနဲ့ပြည့်နေပြီး ထိရင်နာတတ်ပါတယ်။
နို့အုံမှာ အကြိတ်တွေ့ရင်နို့ကြောင်းပိတ်တာပါ။ ဒါဆိုရင်မိခင်ဟာဖျားပြီး နို့အုံပိုးဝင်ခြင်းကိုပါ ဆက်ဖြစ်စေတတ်ပါတယ်။
ဘယ်လိုအခက်အခဲဖြစ်နေပါစေ ကလေးကိုပုံစံမှန်ကန်စွာနို့တိုက်စေပြီး နို့စီးဆင်းမှုကောင်းအောင် လုပ်ရပါမယ်။ ကလေးကို (၁) နာရီ (၂) နာရီခြားတစ်ခါ နို့တိုက်ပါ။ ဒါမှမဟုတ်ညှစ်ထုတ်ပေးပါ။
Translation Credit: +aungye htut (SCI Nutrition PO)
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမျအာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment