Sunday, March 6, 2016

မိခင်မှ နို့မထွက်လျှင် ထွက်အောင်ကြိုးစားပြီး ညှစ်ယူလို့ရပါတယ်။


 

ဓာတ်ပုံ : ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဋ္ဌာန
 
ဘာဖြစ်လို့ မိမိရဲ့ကလေးငယ်ကို လွယ်လင့်တကူ နို့ဗူးကောက် တိုက်ပစ်လိုက် ရတာလဲ။ မိခင်မှ နို့မထွက်လျှင် ထွက်အောင်ကြိုးစားပြီး ညှစ်ယူလို့ရပါတယ်။ မိခင်နို့ကို ကလေးအားပေး မစို့လျှင် မိခင်နို့သည်တဖြည်းဖြည်း အထွက်နည်းရာမှနောက်ဆုံး မထွက်နိုင်တော့ပေ။ ကလေးမှမိခင်နို့စို့လေ၊ မိခင်နို့လိုက်လေ ဖြစ်ပါတယ်။ မိခင်မှာမလိုအပ်ဘဲခံစားရမယ့် နို့ရောင် ရမ်းနာကျင်ခြင်းဘေးမျိုးမှလည်း ကင်းဝေးစေပါတယ်။

မိခင်နို့တစ်မျိုးတည်းကို မဖြစ်မနေ ခြောက်လတိုက်ခဲ့ကာ ဒီထက်ပိုပြီး ဆက်မတိုက်နိုင်တော့မယ့် လုပ်ငန်းတစ်ဘက် နဲ့ နို့တိုက်မိခင်တွေ အတွက်အောက်မှာ ဖော်ပြထားသလို နို့ညှစ်ထားခဲ့ပြီး ကလေးကို သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ထားတဲ့ခွက်နဲ့တိုက်တာမျိး လုပ်လို့ရပါတယ်။ နို့တွေ တင်းလာချိန်မှာ ကြိုတင်နို့ညှစ်ခဲ့ပြီး အခန်းအပူချိန် (သို့) သတ်မှတ်အပူချိန်မှာ စနစ်တကျ သိုလှောင် သိမ်းဆည်းထားနိုင်ပါတယ်။ ဒါမှမဟုတ် ကလေးနို့တိုက်ရမယ့်အချိန်မှာ မိခင်အလုပ် ခွင်ကိုကလေးအားခ်ါပြီး နို့ တိုက်နိုင်အောင် အလုပ်ရှင်တွေဘက်က လုံခြုံတဲ့အခန်းငယ်၊ နို့ တိုက်ချိန် စသဖြင့် စီစဉ်ပေးနိုင်ရပါမယ်။ အဲဒီလို အခြေအနေမရှိခဲ့ဘူးဆိုရင်ကိုယ့်ဘက် ကတောင်းဆိုမှု ပြုရပါမယ်။

နို့ဗူးတန်းလန်းတပ်ကာ မိခင်နို့အစားထိုး ဖျော်စပ်နို့မှုန့်တွေနဲ့ ကြီးထွားလာတဲ့ ကလေးသည် မိခင်နို့ကိုအပြည့် အ၀သောက်စို့ခွင့်ခဲ့ရတဲ့ ကလေးကဲ့သို့ ကျန်းမာရေး၊ အာဟာရပြည့် ၀ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွေ မှာ ဒေါင်ဒေါင်မြည်မဟုတ်ဘဲ ချူချာလာနိုင်ပါတယ်။ မိမိရဲ့ရင်သွေး ကျန်းမာပြည့်ဖြိုး ဥာဏ်ရည်တိုးဖို့အတွက်ဆိုရင် အဓိကကျတဲ့ မိခင်နဲ့ဖခင်၊ အခြား မိသားစုဝင်တွေ (ရှိခဲ့မယ်ဆိုရင်) အနည်းငယ်လောက် အချိန်ပေးအပင်ပန်းခံကာတည်ဆောက် ဖို့တော့ လိုအပ်ပါလိမ့်မယ်။ အထူးဂရုစိုက်ပေးရမယ့် အချိန်ကာလကတော့ မိမိကလေးအသက် (၂) နှစ်ပြည့်မြောက်သည်အထိဖြစ်ပါတယ်။


Credit: May Thukha Soe

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...