ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါသည် Neisseria meningitidis ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားပြီး အချိန်မီကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်ပါသည်။
ကူးစက်ပျံ့နှံ့ပုံ
-လူနာချောင်းဆိုးခြင်း၊ နှာချေခြင်း တို့မှ တိုက်ရိုက်ကူးစက်ပါသည်။
-ရောဂါဖြစ်ပွားသူ၏ ချွဲ၊ သလိပ်၊ ခန္ဒာကိုယ်အရည် နှင့် အသုံးအဆောင်ပစ္စည်းများကို ထိတွေ့ခြင်းတို့မှ တစ်ဆင့်လည်း ကူးစက်နိုင်ပါသည်။
ရောဂါလက္ခဏာများ
-လတ်တလော ပြင်းထန်စွားဖျားခြင်း
-ပြင်းထန်စွားခေင်းကိုက်ခြင်း၊ အန်ခြင်း
-ဇက်တောင့်ခြင်း
-ကြွက်သားများနာကျင်ခြင်း
-အရေပြားတွင် သွေးခြေဥများထွက်ခြင်း
ကြိုတင်ကာကွယ်ခြင်း
-အထက်ပါရောဂါလက္ခဏာများရှိလျင် အသက်ဆုံးရှုံးမှုနှင့် ရောဂါပြန့်ပွားမှုများမှ ကာကွယ်နိုင်ရန် နီးစပ်ရာကျန်းမာရေးဌာနများတွင် စောလျင်စွာ ဆေးကုသမှုခံယူပါ။ ချက်ချင်း သတင်းပို့ပါ။
-တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ပါ။
-နှာချေ ချောင်းဆိုလျှင် နှာခေါင်းနှင့် ပါးစပ်ကို လက်ကိုင်ပ၀ါဖြင့် ဖုံးအုပ်ပါ။ လက်ကိုင်ပ၀ါ အဆင်သင့်မရှိပါက နှာခေါင်းနှင့်ပါးစပ်ကို လက်မောင်းဖြင့် ဖုံးအုပ်ပြီး နှာချေ ချောင်းဆိုးပါ။
-ရောဂါဖြစ်ပွားသူများ၊ သံသယရှိလူနာများနှင့် တွေ့ဆုံ၇န်လိုအပ်ပါက ရောဂါမကူစပ်စေရန် နှာခေါင်းနှင့်ပါးစပ်ဖုံးအုပ်ထားသော မျက်နှာဖုံးအကာအကွယ်နှင့် အခြားအကာကွယ်ပစ္စည်းများကို အသုံးပြုပါ။
-ပွဲလမ်းသဘင် လူစည်ကားသောနေရာနှင့် ဖုံထူထပ်သော နေရာများကို တတ်နိုင်သမျှရှောင်ကျဉ်ပါ။
-မိမိတွင်ရောဂါရှိသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနကို သတင်းပေးပို့ပြီး ချက်ချင်း ဆေးကုသမှုခံယူပါ။
No comments:
Post a Comment