နို့ဘူးတိုက် ကလေးငယ်များဟာ မိခင်နို့စို့ ကလေးငယ်များထက် ပထမ နှစ်လအတွင်း ဝမ်းပျက်ဝမ်းလျောနဲ့ သေဖို့ရာ ၂၅ ဆ ပိုဖြစ်နိုင်ပါသည်။ ၁၈ လ နောက်ပိုင်းမှာ အန္တရာယ် ဖြစ်နိုင်ခြေဟာ ၁၄ ဆ အထက်မှာ ကျန်ရှိနေသေးသည်။
ကလေး ဟာ တစ်ခြား ဖြည့်စွက်စာ အစားအစာ သို့မဟုတ် ရေ မပါဘဲ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း တိုက်နေကျွေးမယ်ဆိုရင် ကလေးငယ်ကို ဝမ်းပျက်ဝမ်းလျော နှင့် တစ်ခြားသော ရောဂါ များစွာမှ ကာကွယ်ပေးနိုင်သည်။
မိခင်ရော ကလေးပါ မိခင်နို့တိုက်ကျွေးခြင်းအားဖြင့် သံယောစဉ် ခိုင်မာစေသည့်အပြင် ကလေးငယ်ကို ပျော်ရွှင်မှုရော လုံခြုံမှုပါ ခံစားရစေသည်။
နို့တိုက်ခြင်းဟာ ကလေးမွေးဖွားပြီးနောက်ပိုင်း မိခင်ကို လျင်မြန်စွာပြန်လည်ကောင်းမွန်အောင် ကူညီပေးသည့် အပြင် အချို့ကင်ဆာရောဂါများ မှလည်းကာကွယ်ပေးသည်။
Ref: Order in Cartoon by SUN CSA Myanmar
No comments:
Post a Comment