Sunday, March 6, 2016

ဘ၀အစရက်ပေါင်းတစ်ထောင် The first 1000 Days

  

First Thousand Days - ကနဦးရက်တစ်ထောင်ဆိုတာ ကလေးတစ်ယောက်ကို ကိုယ်ဝန်စလွယ် တဲ့ အချိန်ကစပြီး အဲ့ဒီ့ကလေး အသက်နှစ်နှစ်ပြည့်တဲ့ နေ့ အထိ ရှိတဲ့ရက် စုစုပေါင်းကို ဆိုလိုတာပါ။
တွက်ကြည့်မယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလ ကိုးလ (၉လ x ၃၀ရက် = ၂၇၀ ရက်) + ကလေးအသက်၂နှစ် (၂နှစ် x ၃၆၅ရက်= ၇၃၀ ရက်)= ရက် ၁၀၀၀ ပါ။
ကနဦးရက်တစ်ထောင်မှာ မှန်ကန်တဲ့အာဟာရ နဲ့  ပြုစုစောင့်ရှောက်မှု ပေးခြင်းအားဖြင့် ပုံမှာပြထားသလို ကလေးတစ်ယောက်ရဲ့  ကြီးထွားဖွံ့ ဖြိုးမှု၊ သင်ယူနိုင်မှုနဲ့  ဆင်းရဲတွင်းထဲက ရုန်းထွက်နိုင်ဖို့ အတွက် အကျိုးသက်ရောက် မှု အများကြီးဖြစ်စေပါတယ်။
ဒါကြောင့် သိပ္ပံပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေနဲ့  ကျန်းမာရေးပညာရှင် တွေက ကလေးတစ်ယောက်ရဲ့  ကနဦးရက်တစ်ထောင်မှာ ရင်းနှီးမြှုပ်နှံတာဟာ တိုင်းပြည်ရဲ့ ကျန်းမာရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုဖြစ်တယ်လို့ သဘောတူလက်ခံလာကြပါတယ်။
Credit: Thet Aung

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...