Tuesday, March 8, 2016

နို့တိုက်မိခင်တစ်ယောက်ကို အကူအညီပေးခြင်း Helping a breastfeeding mother

ဗွီဒီယိုကြည့်ရန်/ဒေါင်းလုပ်ဆွဲရန်
© Global Health Media Project www.globalhealthmedia.org

မိခင်တိုင်းသူမတို့ရဲ့နို့ရည်ဟာ သူတို့ကလေးအတွက်အကောင်းဆုံးဆိုတာသိကြပြီး သူတို့ရဲ့နို့ရည်ကို တိုက်ချင်ကြတာပါပဲ။
ဒါပေမယ့် တစ်ချို့မိခင်တွေမှာတော့ အခက်အခဲတွေရှိနေတတ်ပါတယ်။
ဒါပေမယ့် မိခင်တစ်ယောက်ကို စောင့်ကြည့်လေ့လာပြီးသင်ပြပေးနိုင်ရင် အခက်အခဲတွေကနေ ကာကွယ်းပေးနိုင်သလို ဖြစ်လာရင်လဲ နို့ကောင်းကောင်းပြန်တိုက်တတ်သွားမှာဖြစ်ပါတယ်။ မိခင်တစ်ယောက်ကို စောင့်ကြည့်လေ့လာပြီး ဒီမိခင်ဟာသူရဲ့ကလေးကို နို့ကောင်းကောင်းတိုက်နိုင်ဖို့ ဘယ်လိုကူညီရမလဲဆိုတာသိနိုင်ပါတယ်။
သင်တို့ရဲ့နားထောင်မှုစွမ်းရည်၊ သေချာစောင့်ကြည့်မှု၊ သင်ပြပေးမှုတွေနဲ့ သူတို့ယုံကြည်လာအောင် လုပ်ရပါမယ်။
ဒီဗွီဒီယိုမှာစောင့်ကြည့်လေ့လာမှုနည်းလမ်းတွေသုံးပြီးနို့တိုက်မိခင်ကို ဘယ်လိုကူညီရမလဲဆိုတာ တွေ့ရမှာပါ။
စောင့်ကြည့်လေ့လာမှုနည်းလမ်းမှာပါတဲ့ အချက်ကလေးတွေကို လိုက်မှတ်လိုက်ရုံနဲ့ သင့်ရဲ့စောင့်ကြည့်လေ့လာမှုကို တိုးတက်စေနိုင်သလိုနို့တိုက်မိခင်တစ်ယောက်ကိုလဲ အခက်အခဲတွေက ကူညီနိုင်မှာဖြစ်ပါတယ်။
အချက် (၆) ချက်ရှိပါတယ်။ မိခင်ရဲ့အခြေအနေ၊ ကလေးရဲ့အခြေအနေ၊ နို့အုံရဲ့အခြေအနေ၊ ကလေးနို့တိုက်တဲ့အနေအထား၊ နို့ငုံမှုနဲ့ နို့ကို စုပ်ယူမှုဆိုတဲ့အခြေအနေတွေ ဖြစ်ပါတယ်။
ဒီအချက်တွေကနေ အမေနို့တိုက်ပုံကောင်း၊ မကောင်းနဲ့ အခက်အခဲဖြစ်သွားနိုင်လားဆိုတာ သိနိုင်ပါတယ်။
မိခင်ကိုလေ့လာပြီး တွေ့ရှိတဲ့အချက်တွေကို အမှတ်ခြစ်ထားလိုက်ပါ။
အမှတ်တွေဟာ ဘယ်ဘက်မှာပဲရှိနေလို့ဆိုရင်ဒီမိခင်ကောင်းစွာနို့တိုက်နိုင်လို့ပါ။
တကယ်လို့ အမှတ်တွေကညာဘက်မှာများနေပြီဆိုရင်တော့ အခက်အခဲတွေရှိနေပြီး ကူညီပေးဖို့လိုပါတယ်။
ပထမဆုံးမိခင်ရဲ့အခြေအနေကို လေ့လာပါ။
ကျန်းမာတဲ့အမေဟာ သူနဲ့ကလေးရဲ့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။
သူမရဲ့ကလေးနဲ့မျက်လုံးခြင်းဆုံနေပြီးကလေးလုံခြုံအောင် ကောင်းစွာပွေ့ချီထားနိုင်ပါတယ်။
ဒီအမေကတော့ကလေးနဲ့မျက်လုံးခြင်းမဆုံပဲ ကလေးချီထားတာလဲ ပုံစံမကျပါဘူး။ သူမပုံကြည့်ရတာ စိတ်တွေရှုပ်ထွေးနေပြီး ပင်ပန်းနေတဲ့ပုံပါ။
ဒုတိယ အချက်ကတော့ ကလေးရဲ့အခြေအနေကို လေ့လာပါ။
ဒီကလေးဟာ ကျန်းမာပြီးလန်းဆန်းနေပါတယ်။ သူရဲ့ပါးစပ်တွေက နို့ကိုအရမ်းစို့ချင်နေတဲ့ပုံပါပဲ။ နှိုင်းယှဉ်ကြည့်လိုက်ရင် ဒီကလေးကတော့ အရမ်းငိုနေပြီး နို့ကို ကိုက်နေတာပါ။
ဒီကလေးကတော့ နို့တိုက်နေတာတောင် နို့စို့ချင်တဲ့ပုံစံမရှိပါဘူး။
တတိယတစ်ချက်ကတော့ မိခင်ရဲ့နို့တိုက်ပုံပါ။ သူမရဲ့နို့အုံမှာ သင်ဘာတွေသတိထားမိပါသလဲ?
ဒီမိခင်ရဲ့နို့သီးခေါင်းကတော့ ပုံမှန်ပါပဲ။
ဒီမိခင်ရဲ့နို့သီးခေါင်းကတော့ ကွဲအက်နေပါတယ်။ ကလေးကို နို့တိုက်လိုက်တိုင်းသူမရဲ့မျက်နှာဟာ ရှုံ့တွသွားတာကို တွေ့ရပါတယ်။
ဒါကနို့ငုံကောင်းတဲ့ကလေးပါ။ သူနို့စို့ပြီးတဲ့အခါ မိခင်ရဲ့နို့သီးခေါင်းကဟာ လုံးဝိုင်းပြီးပုံမှန်အတိုင်းရှိနေ ပါတယ်။
ဒါကတော့ နို့ငုံမကောင်းတဲ့ကလေးပါ။ ကလေးဟာ လျှာနဲ့အာခေါင်ညှစ်ပြီးနို့ကို စို့တဲ့အတွက် နို့စို့ပြီးတိုင်း မိခင်ရဲ့နို့သီးခေါင်းဟာ ချွန်ပြီးကျန်နေခဲ့တတ်ပါတယ်။
ယှဉ်ကြည့်လိုက်ရင် လုံးဝိုင်းနေတဲ့နို့သီးခေါင်းက ကလေးရဲ့အာခေါင်နောက်ပိုင်း ပျော့တဲ့နေရာက စုပ်ယူတဲ့အတွက်ပါ။
အများအားဖြင့်နို့သီးခေါင်းတွေကဟာ အရှေ့ဘက်ကိုထွက်နေပြီး ကလေးငုံစို့လို့ကောင်းတဲ့ အနေအထား ရှိပါတယ်။
ဒီမိခင်ရဲ့နို့သီးခေါင်းကတော့ ပြန်ချိုင့်ဝင်နေပါတယ်။ ကျန်းမာသန်စွမ်းတဲ့ကလေးအတွက်ကတော့ ဒီလို ချိုင့်ဝင်နေတဲ့နို့သီးကို အကြိမ်အနည်းငယ်စို့လိုက်ရုံနဲ့ ပြန်ထွက်လာနိုင်ပါတယ်။
ဒီကလေးကတော့ ပါးစပ်ကျယ်ကျယ်ပွင့်နိုင်တယ်၊ နို့ငုံကောင်းတယ်၊ ပြီးတော့ နို့ကိုစတင်စို့နိုင်နေပါပြီ။
ဒီမိခင်ရဲ့လက်က နို့သီးခေါင်းနဲ့အဝေးမှာထိန်းထားတဲ့အတွက် ကလေးနို့ငုံဖို့ ပိုပြီးနေရာရပါတယ်။

ဒီမိခင်ရဲ့လက်တွေကတော့ နို့သီးခေါင်းနားမှာထားတဲ့အတွက် ကလေးဟာပါးစပ်ကျယ်ကျယ်ဖွင့်ပြီး နို့စို့ဖို့ခက်နေပါတယ်။
နံပါတ်(၄) အချက်က ကလေးရဲ့နို့စို့တဲ့ပုံစံကို လေ့လာတာပါ။
ဒီကလေးဟာမိခင်နဲ့ကပ်နေတယ်၊ နားရွက်ရယ်၊ ပုခုံးရယ် တင်ပါးရယ်ဟာ တစ်ဖြောင့်ထဲဖြစ်နေတယ်။ ပြီးတော့ နို့သီးခေါင်းနဲ့ နှာခေါင်းဟာလည်း တစ်တန်းတည်းဖြစ်နေပါတယ်။
ဒီကလေးကိုတော့ မိခင်ကတင်းတင်းမချီထားဘူး။ လည်ပင်းကလည်း လိမ်နေပါတယ်။ ခန္ဓာကိုယ်ကလည်း နို့အုံဘက်ကို မျက်နှာမူထားခြင်းမရှိပါဘူး။ ဒီကလေးကတော့ ပါးစပ်နဲ့ နို့သီးခေါင်းနဲ့ တစ်တန်းတည်းဖြစ်နေပြီး နို့ငုံကောင်းတဲ့ ကလေးကတော့ နှာခေါင်းနဲ့ တစ်တန်းတည်းဖြစ်နေတတ်ပါတယ်။
နံပါတ် (၅) အချက်ကတော့ ကလေးရဲ့နိုငုံမှုပါ။
ဒီကလေးကတော့ နို့ငုံကောင်းပါတယ်။
ပါးစပ်ကလည်း ကျယ်ကျယ်ပွင့်ပါတယ်။
အမဲကွင်းဟာ ကလေးပါးစပ်ရဲ့အောက်မှာထက် အပေါ်ပိုင်းမှာ ပိုပြီးမြင်ရပါတယ်။
ကလေးရဲ့မေးစေ့က နို့အုံထဲကိုနစ်ဝင်နေပြီးတော့ နှာခေါင်းကတော့ နို့အုံနဲ့ ထိမနေပါဘူး။
အောက်နှုတ်ခမ်းက အပြင်ဘက်ကို လန်ထွက်နေပါတယ် ပြီးနို့အုံထဲမှာပျောက်နေတတ်ပါတယ်။
ဒါကတော့ နို့ငုံမကောင်းတဲ့ကလေးပါ။
ပါးစပ်ကလဲ သိပ်မပွင့်ပါဘူး
အမဲကွင်းကလည်း ကလေးပါးစပ်ရဲ့အပေါ်နဲ့အောက်မှာ အတူတူမြင်နေရပါတယ်။
မေးစေ့ကလဲ နိုအုံနဲ့ မထိပါဘူး။
အောက်နှုတ်ခမ်းကလဲ အတွင်းဘက်ကို ပြန်လန်နေတာပါ။ နို့စို့လိုက်တိုင်း ပါးတွေဟာချိုင့်ဝင်သွားတယ်ဆိုရင် နို့ငုံမကောင်းတာ သိသာပါတယ။
အောက်နှုတ်ခမ်းက အတွင်းကိုပြန်ဝင်နေတဲ့အတွက် နို့ငုံမကောင်းတဲ့လက္ခဏာပါ။
ယှဉ်ကြည့်လိုက်ပါ။
ပါးစပ်က ဘယ်လောက်ကျယ်အောင်ပွင့်လဲ?
ကလေးပါးစပ်ရဲ့အပေါ်မှာ အမည်းကွင်းကို ပိုမြင်ရသလား?
မေးစေ့က နို့အုံကိုထိနေလား?
အောက်နှုတ်ခမ်းက အပြင်ကိုလန်နေသလား?
နံပါတ် (၆) ကတော့ ကလေးရဲ့နို့ကိုစုပ်ယူတဲ့ ပုံစံပါ။
ဒီကလေးက နို့ငုံမကောင်းပါဘူး။ သူဟာနို့ကို မရပ်မနားမြန်မြန်စို့ပြီး မျိုချနေတာဖြစ်ပါတယ်။ နို့ကိုလဲ နည်းနည်းပဲရတာကြောင့် သူအိပ်ချင်လာပါပြီ။
ဒီကလေးဟာနို့ငုံကောင်းသွားတဲ့အခါမှာတော့ နို့ရည်ကို တစ်ချက်ချင်း ပုံမှန်စုပ်ယူပါတော့တယ်။
သူဟာနို့ကိုစို့ပြီးတိုင်းမျိုချနေသလို၊ သူ့ရဲ့ပါးဟာ နို့စို့လိုက်တိုင်းဖောင်းလာတာကို တွေ့ရှိရပါတယ်။ ပြီးတော့သူဟာ တက်ကြွလန်းဆန်းလာပါတယ်။
ဒီကလေးရဲ့ပါးတွေဟာနို့စို့လိုက်တိုင်း ချိုင့်ဝင်သွားတာကို ကြည့်ခြင်းဖြင့် ဒီကလေးနို့ငုံမကောင်းတာကို သိနိုင်ပါတယ်။
မိခင်တစ်ယောက်ကို မကူညီခင်မှာ သေချာလေ့လာပါ။ ပြီးရင်သူလိုအပ်တာကိုပဲ လေ့လာပါ။
ရည်ရွယ်ချက်ကတော့ သူမရဲ့ခန္ဓာကိုယ်ပုံစံမှန်ကန်ဖို့၊ နို့ကောင်းစွာတိုက်တတ်ဖို့နဲ့ သူမကိုယ်သူမ ယုံကြည်မှုရှိစေဖို့ပဲဖြစ်ပါတယ်။
သင်ဟာကလေးရဲ့နို့စို့တဲ့ပုံစံကို ပြင်ပေးပေမယ့်၊ မိခင်ကကောင်းစွာမလုပ်တတ်သေးဘူးဆိုရင် သူမကိုယ်သူမ ယုံကြည်မှုရှိလာဦးမှာ မဟုတ်ပါဘူး
သင့်ဆီကို မိခင်တစ်ယောက်ဟာနို့တိုက်တဲ့ အခက်အခဲတွေနဲ့ပတ်သတ်ပြီးလာပြီဆိုရင် ဘာပြဿနာလဲဆိုတာ အရင်သိအောင်လုပ်ပါ။ ပြီးမှ သူမကလေးကို ဘယ်လိုနို့တိုက်ရမလဲဆိုတာသင်ပြပေးပါ။
မိခင်ကို နို့တိုက်ရင်ဘာအခက်အခဲရှိလဲမေးပြီး၊ သူမပွင့်လင်းစွာပြောပြလာတာကို နားထောင်ပါ။
ကလေးဘယ်လိုနို့စို့လဲဆိုတာကို မမြင်နိုင်ဘူးဆိုရင်မေးပါ။ ကလေးရဲ့အဝတ်တွေကို ဖယ်လိုက်ရင်တော့ သူဘယ်လိုနို့စို့လဲဆိုတာကောင်းစွာမြင်ရမှာပါ။ မိခင်ကို သူမနို့တိုက်နေကျ ပုံစံ အတိုင်း ကလေးကို နို့တိုက်ခိုင်းလိုက်ပါ။
သင်က မိခင်နို့တိုက်တာကို ကြည့်ပြီး စောင့်ကြည့်လေ့လာတဲ့နည်းလမ်းတွေကို စိတ်ထဲက မှတ်ထားလိုက်ပါ။
ကလေးနဲ့မိခင်အတွက် အဆင်ပြေမယ့်နည်းလမ်းတွေ့ရင် ပြောပြပေးလိုက်ပါ။ ဒါဆိုမိခင်လုပ်တတ်လာပြီး သူမကိုယ်သူမ ယုံကြည်မှုရှိလာပါလိမ့်မယ်။
မိခင်ရဲ့ အခက်အခဲကို သိပြီဆိုရင် နည်းလမ်းကောင်းကို ရှင်းပြပေးပါ။ ကလေးဟာနို့သီးခေါင်းကိုစုပ်တဲ့အခါ ချော်ထွက်နေတာ တွေ့ရင် မိခင်နဲ့ကလေးကို နီးကပ်အောင်ထားပေးလိုက်ပါ။
တကယ်လိုသင်ကိုယ်တိုင်လုပ်ပြဖို့လိုတယ်ဆိုရင် မိခင်ဆီက ခွင့်တောင်းပါ။ ပထမဆုံးသင့်ရဲ့ကိုယ်ပေါ် မှာသင်ကိုယ်တိုင်နမူနာပြပါ။ ပြီးရင် သူမကို သင်ကိုယ်တိုင်ကိုင်ပြီးညင်သာစွာ လုပ်ပြပေးလိုက်ပါ။
နို့တိုက်တဲ့အခါမှာ အရေးကြီးပြီး သိရမယ့်အချက်တွေကို မိခင်ကို ရှင်းပြလိုက်ပါ။ ဒါမှ မိခင်ယုံကြည်မှု ရှိလာပြီးလုပ်တတ်မှာပါ။
သတိထားရမယ့် အချက်တွေက
မိခင်နို့တိုက်ပုံ၊ ကလေးနို့စို့ပုံကို လေ့လာစောင့်ကြည့်ပြီးမှ ကူညီပါ။
မိခင်ရဲ့အခြေအနေ၊ ကလေးရဲ့အခြေအနေ၊ နို့အုံရဲ့အခြေအနေ၊ ကလေးရဲ့ ကိုယ်အနေအထား၊ နိုငုံမှုနဲ့ စုပ်ယူမှုဆိုတဲ့ (၆) ချက်ကို စိတ်ထဲက သိနေရပါမယ်။
မိခင်လုပ်နိုင်ကြောင်းအားပေးစကားပြောပါ။ ပြီးရင်သေချာသင်ပြပေးပါ။ ဒါမှသာ မိခင်ဟာ ဘယ်လိုပုံစံနေရပြီး ကလေးကို ဘယ်လိုနို့တိုက်ရမလဲဆိုတာ သိမှာပါ။
Translation Credit: +aungye htut

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...