သူတို့ဟာ ဆေးရုံများ သို့မဟုတ် ကျန်းမာရေး အထောက်အကူပစ္စည်းများထံသို့ သူတို့ရဲ့ အထောက်အကူပစ္စည်းများ ကို ဈေးလျော့ပြီးသော်လည်းကောင်း အခမဲ့သော်လည်းကောင်း မပေးသင့်ပါ။
ဘာ့ကြောင့်လဲဆိုတော့ ဒီနည်းလမ်းများဟာ နို့ဘူးတိုက်ကျွေးခြင်းကို ရောင်းအားမြှင့်တင်ဖို့အသုံးချခြင်း ဖြစ်သည်။
သူတို့ဟာ ကျန်းမာရေးလုပ်သားများကို မည်သည့် လက်ဆောင်ပစ္စည်း သို့မဟုတ် ပိုက်ဆံ၊ လက်ဆောင် အသေးလေးတွေတောင် မှ မပေးသင့်ပါ။ကျန်းမာရေးလုပ်သားများ ရဲ့တာဝန်သည် မိခင်များ သူတို့ရဲ့ ကလေးငယ် တွေကို မိခင်နို့ရည်တိုက်ကျွေးရာတွင် ကူညီပေးရန်ဖြစ်သည်။
ထုတ်လုပ်ရောင်းချသူများနှင့် ဖြန့်ဖြူးရောင်းချသည့် ဝန်ထမ်းများသည် ဆေးရုံ သို့မဟုတ် ကျန်းမာရေးဌာနများသို့ မိခင်များကို ပြောဆိုဆွေးနွေးရန် လာရောက် မလည်ပတ်သင့်ပါဘူး။
သူတို့ဟာ သူတို့ရဲ့ ကုန်ပစ္စည်းများကို အထူးပြသခြင်း၊ ဈေးလျော့ရောင်းခြင်း၊ နှင့်ခင်းကျင်းပြသ ခြင်း စတဲ့ ရောင်းအားမြှင့်တင်ခြင်းလုပ်ငန်းများ ကို ဆိုင်များတွင်မပြုလုပ်ရပါ။ ကလေးအစားအစာ များဟာ တကယ်လိုအပ်တဲ့ မိခင်အနည်းငယ်များအတွက်သာ စင်ပေါ် မှာ ရှိသင့်ပါသည်။
Ref: Code in Cartoons by SUN CSA Myanmar
No comments:
Post a Comment