Friday, February 26, 2016

မိခင်နို့တိုက်ကျွေးရာတွင်မှန်ကန်သော အနေအထားများ Breastfeeding Positions

 
  •  ကလေး၏ မျက်နှာက မိခင်၏နို့အုံကို မျက်နှာမူပြီး နှာခေါင်းကလည်း နို့သီးခေါင်းနှင့် မျက်နှာချင်းဆိုင်နေသည်၊
  •  ကလေး၏ ကိုယ်က မိခင်ကိုယ်နှင့် နီးကပ်နေသည်၊
  •  ကလေး၏တင်ပါးကို ပင့်မထားသည် (မွေးကင်းစဖြစ်လျှင်)။
  •  ကလေး၏ နှုတ်ခမ်းများကို မိခင်၏နို့သီးခေါင်းနှင့်ထိပါ။
  •  ကလေး၏ ပါးစပ်ကျယ်စွာ ပွင့်လာသည်အထိ စောင့်ပါ။
  •  ကလေး၏ အောက်နှုတ်ခမ်းက နို့သီးခေါင်းအောက်တွင်ရှိစေရန် ချိန်ရွယ်ပြီး ကလေးကို မိခင်၏ နို့အုံပေါ်သို့ လျှင်မြန်စွာရွှေ့ပါ။
  •  အမည်းကွင်းသည် ကလေး၏ ပါးစပ်အထက်တွင် ပိုမိုရောက်ရှိပြီး ပါးစပ်အောက်တွင်လျော့နည်း၍ရှိသည်။
  •  ကလေးသည် ဖြည်းဖြည်း အားပါးတရ ပြင်းပြင်း စို့သည်။
  •  နို့စို့ပြီးသော် ကလေးသည် နို့အုံကို လွှတ်လိုက်ပြီး ကျေနပ်နှစ်သက်မှု ရရှိသည်။
  •  မိခင်သည် နို့သီးခေါင်း နာကျင်မှုကို မခံစားရ။
  •  ကလေး နို့စို့ မျိုချသည်ကို မြင်နိုင်ကြားနိုင်သည်။
  •  နို့တိုက်ပြီးသော် နို့အုံများ ပျော့ပျောင်းသွားသည်။

© Global Health Media Project www.globalhealthmedia.org 
မိခင်က ကလေးကိုချီတဲ့ပုံစံတွေအရ ကလေးနို့များများရနိုင်သလို၊ နည်းလဲနည်းသွားနိုင်ပါတယ်။
အမှန်ကန်ဆုံးနို့တိုက်တဲ့ပုံစံဆိုတာမရှိပါဘူး။ မိခင်အသက်သာဆုံးနဲ့ကလေးနို့ငုံကောင်းစေမယ့် ဘယ်နည်းလမ်းမဆို အသုံးပြုလို့ရပါတယ်။
ကလေးနို့များများရဖို့ပဲလိုပါတယ်။
ဒီဗွီဒီယိုမှာ အခြေခံကျပြီး မိခင်နဲ့ကလေးတိုင်းအတွက် အသုံးဝင်တဲ့နို့တိုက်ပုံအမျိုးမျိုးကို ပြသသွားမှာဖြစ်ပါတယ်။
ကလေးကို ကောင်းကောင်းပွေ့ချီထားမယ်၊ မိခင်နဲ့ကလေးမျက်နှာချင်းဆိုင်နေမယ်၊ ကလေးရဲ့ခန္ဓာကိုယ်ကဖြောင့်တန်းနေမယ်ဆိုရင် ကလေးနို့ကောင်းကောင်းစို့နိုင်မှာပါ။
တကယ်လို့မိခင်က လှဲနေမယ်ဆိုရင်ကလေးကိုသူမရဲ့ရင်ဘက်ပေါ်မှောက်ထားတဲ့ပုံစံက အသုံးဝင်ပါတယ်။
ကလေးရဲ့မေးစေ့က မိခင်နဲ့ထိနေတဲ့အတွက်ကလေးရဲ့ပါးစပ်ကိုကျယ်ကျယ်ပွင့်စေပြီး နို့ငုံလည်းကောင်းစေမှာ ဖြစ်ပါတယ်။
မိခင်ကထိုင်ပြီးနို့တိုက်မယ်ဆိုရင်တော့ ကလေးကိုပိုမိုလန်းလန်းဆန်းဆန်းနို့တိုက်နိုင်မှာဖြစ်ပါတယ်။
မိခင်ခန္ဓာကိုယ်နဲ့ကလေးနဲ့ကပ်နေအောင်ထားပြီး မျက်နှာချင်းဆိုင်ပုံစံဖြစ်နေရပါမယ်။
ကလေးရဲ့ခေါင်းက နို့အုံကိုမျက်နှာမူနေပြီး နှာခေါင်းနဲ့နို့သီးခေါင်းက တစ်တန်းတည်း ဖြစ်နေရပါမယ်။
ကလေးပါးစပ်ကျယ်ကျယ်ပွင့်လာပြီဆိုရင်တော့ နို့စတိုက်လိုက်ပါ။
ကလေးနို့ကောင်းကောင်းစို့နိုင်ဖို့ဆိုရင် ကလေးရဲ့လည်ပင်းကဖြောင့်ပြီး လိမ်မနေရပါဘူး။ ကလေးရဲ့နားရယ်၊ ပုခုံးရယ် တင်ပါးရယ်ဟာ တစ်ဖြောင့်တည်းဖြစ်နေရပါမယ်။
ကလေးကိုမိခင်ခန္ဓာကိုယ်နဲ့နီးကပ်အောင်ထားခြင်းဖြင့် ကလေးဟာလုံခြုံတယ်လို့ခံစားနေရပြီး နို့ကောင်းစွာ စို့နိုင်မှာဖြစ်ပါတယ်။
ထိုင်ပြီးတော့နို့တိုက်မယ်ဆိုရင် ခန္ဓာကိုယ်အနေအထားက အရေးကြီးပါတယ်။ မိခင်သက်တောင့်သက်သာ ဖြစ်စေဖို့ ခြေထောက်အောက်မှာတစ်ခုခုခံထားရင် ကောင်းပါတယ်။
တကယ်လို့ကလေးရဲ့လက်ဟာ မိခင်နဲ့ကလေးကြားရောက်နေရင် ခန္ဓာကိုယ်ချင်းကပ်နေအောင် ဖယ်လိုက်ပါ။
မိခင်နို့တိုက်နိုင်တဲ့ တစ်ခြားပုံစံတွေကိုလည်းကြည့်လိုက်ရအောင်။
ကလေးမွေးပြီးကာစ ဆိုရင် လှဲပြီးနို့တိုက်တဲ့ပုံစံက ကောင်းပါတယ်။
မိခင်ဟာ နောက်ကိုမှီထားပါ။
ကလေးရဲ့မျက်နှာကိုမြင်ရတဲ့ပုံစံဖြစ်အောင်နေပါ။ ကလေးကိုကောင်းစွာပွေ့ချီလို့ရအောင်နောက်ကိုလဲ သေချာမှီထားပါ။
မိခင်ရဲ့ရင်ခွင်ဟာ ကလေးနဲ့ထိနေမယ်ဆိုရင်တော့ ကလေးအတွက်သက်တောင့်သက်သာ အရှိဆုံးနေရာဖြစ်ပါတယ်။
မိခင်နဲ့ကလေးနီးကပ်နေမယ်ဆိုရင် ကလေးအတွက်တိတ်ဆိတ်ငြိမ်သက်စေပြီး နို့စို့ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။
ကလေးကလဲ နို့သီးခေါင်းကို သူကိုယ်တိုင်ရှာပြီးစို့ပါလိမ့်မယ်၊ မိခင်ကလဲ ကလေးကို ထိန်းထားပေးဖို့လိုပါတယ်။
ကလေးပုံစံကျသွားစေဖို့တော့ စိတ်ရှည်ရပါမယ်။
ကလေးနို့သီးခေါင်းဆီရောက်ပြီးကောင်းစွာနို့စို့နိုင်ဖို့ မိနစ် အနည်းငယ်တော့ကြာပါလိမ့်မယ်။
ဒီနည်းကတော့ မွေးပြီးရက်အနည်းငယ်အတွင်းမှာ တိုက်နိုင်ပါတယ်။ မိခင်အတွက်သက်တောင့်သက်သာရှိစေပြီး ကလေးကိုလဲနို့ငုံကောင်းစေတဲ့နည်းလမ်းပါ။
ဗိုက်ခွဲမွေးတဲ့အမေအတွက်ကတော့ ကလေးကိုချုပ်ရိုးနဲ့ဝေးအောင် ရင်ဘက်ပေါ်ကန့်လန့်ထားလိုက်ပါ။
နောက်တစ်နည်းကတော့ ပုခက်လွှဲကိုင်နည်းလို့ခေါ်ပါတယ်။
ဒီနည်းလမ်းကတော့ ပထမဆုံးနို့စတိုက်မယ့်အမေတွေအတွက် ကလေးကိုကောင်းစွာ ပွေ့ချီထားနိုင်မယ့် နည်းလမ်းပါ။
ကလေးကိုနီးကပ်စွာပွေ့ချီပါ။ ကလေးကိုသေချာကိုင်ပြီးတံတောင်ဆစ်ကွေးထဲ တင်ပါးထားပါ။ ကလေးရဲ့ခေါင်းကို လည်ပင်းလောက်က ကိုင်ပြီး လက်မနဲ့လက်ချောင်းတွေကြားထားလိုက်ပါ။
ကလေးရဲ့ ခန္ဓာကိုယ်အလေးချိန်ကို လက်မောင်းနဲ့ထိန်းပြီးသားဖြစ်သွားပါပြီ။
ကလေးရဲ့နှာခေါင်းကနို့သီးခေါင်းနဲ့တစ်တန်းတည်းဖြစ်နေမယ်၊ နို့ကိုငုံထားတဲ့အတွက် ခေါင်းကလည်းနောက်ဘက်ကို လွတ်လွတ်လပ်လပ် လှန်ချနိုင်မှာပါ။
ကလေးကို ကောင်းကောင်းပွေ့ထားခြင်းကြောင့် နို့ငုံလဲကောင်းစေပါတယ်။
ကလေးကိုနီးကပ်စွာချီပါ။ လက်မောင်းတွေနဲ့ထိန်းထားပါ။ လက်နဲ့ကလေးရဲ့ခေါင်းနဲ့လည်ပင်းကိုထိန်းထားပါ။ လက်ချောင်းတွေက ကလေးရဲ့ခေါင်းနောက်ကို လှန်နိုင်ဖို့ လှုပ်ရှားပေးပါ။
ဒီပုံစံက ကလေးသေးသေးလေးတွေနဲ့ နေမကောင်းတဲ့ကလေးတွေအတွက် အရမ်းကောင်းပါတယ်။
တတိယနည်းကတော့ ပုခက်ပုံကိုင်နည်းပါ။
ဒီပုံစံကလဲ နွေးထွေးမှုရှိစေပါတယ်။ ဒါပေမယ့်ကလေးရဲ့ခေါင်းကိုထိန်းထားမှုတော့ အားနည်းပါတယ်။
ကလေးကို လက်မောင်းနဲ့ပွေ့ပါ။ ခေါင်းကိုတတောင်ဆစ်ထဲမှာထားပါ။ မိခင်ရဲ့လက်တွေက ကလေးအောက်ပိုင်းကိုထိန်းထားပါ။
ကလေးမျက်နှာကိုမြင်ရတဲ့အထိရယ် ကလေးနှာခေါင်းနဲ့နို့သီးခေါင်းတစ်တန်းတည်းဖြစ်တဲ့ အထိရွှေ့ပါ။
ကလေးကိုတင်းတင်းပွေ့ချီထားခြင်းဖြင့် နို့ငုံပိုကောင်းစေပါတယ်။
ကလေးရဲ့ခန္ဓာကိုယ်ဟာဖြောင့်တန်းနေမယ်၊ တင်းတင်းလေး မိခင်နဲ့ကပ်အောင်ချီထားမယ်ဆိုရင် ဒီနည်းကို ပိုကောင်းစေပါတယ်။
နောက်တစ်နည်းကတော့ လက်မောင်းအောက်မှ ပွေ့ချီနည်းပါ။
ဒီနည်းလမ်းကတော့ လွယ်ကူပြီး ကလေးကိုကောင်းကောင်း ပွေ့ထားနိုင်ပါတယ်။
မိခင်ရဲ့လက်မနဲ့လက်ချောင်းတွေက ကလေးခေါင်းကို ထိန်းထားပါ။
ကလေးရဲ့ခန္ဓာကိုယ်ကို လက်မောင်းအောက်မှာထားလိုက်ပါ။
ကလေးရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို ဘေးဘက်မှာထားလိုက်ပါ။
လက်မောင်းနဲ့ ကလေးရဲ့ခန္ဓာကိုယ်ကို ထိန်းထားပါ။
ကလေးရဲ့မျက်နှာကို မြင်ရပြီး နို့သီးခေါင်းနဲ့နှာခေါင်းဟာတစ်တန်းတည်းဖြစ်ပြီဆိုရင် နို့တိုက်လို့ရပါပြီ။
ဒီနည်းလမ်းကတော့ ကလေးနို့စို့ပုံမှန်မမှန်ကိုကောင်းစွာ မြင်နိုင်ပါတယ်။
ကလေးနဲ့မိခင် ဘေးတိုက်အနေအထားဖြစ်ရမယ်။
ကလေးရဲ့အောက်မှာ စောင်လိုပစ္စည်းတစ်ခုခုထားရင် ကလေးကိုပိုပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။
ကလေးရဲ့ခြေထောက်တွေဟာ မိခင်ရဲ့ကျောဘက်ကိုရောက်နေရင် နို့ငုံပိုကောင်းစေပါတယ်။
ဒီနည်းလမ်းကတော့ နို့အုံကြီးတဲ့မိခင်၊ ခွဲမွေးထားတဲ့မိခင်နဲ့ နို့ကောင်းကောင်းမစို့တတ်သေးတဲ့ ကလေးတွေ အတွက်အသုံးဝင်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ ဘေးစောင်းနို့တိုက်ခြင်းပါ။
ကလေးရဲ့ဘေးမှာလှဲပြီးနို့တိုက်တဲ့အတွက် မိခင်လဲ အနားယူသလိုဖြစ်စေပါတယ်။
ကလေးရဲ့ဘေးမှာလှဲနေပြီး နို့သီးခေါင်းက ကလေးရဲ့မျက်နှာနားမှာဖြစ်ပါတယ်။
ကလေးကိုမိခင်နဲ့ နီးကပ်အောင်ဆွဲလိုက်ပါ။
ကလေးဟာနို့အုံကိုမျက်နှာမူနေပြီး ခေါင်းကလဲ အနောက်ကိုလှန်လို့ရပါတယ်။ မိခင်ရဲ့လက်က ကလေးရဲ့ကျောဘက်ကိုကိုင်ပြီးနီးကပ်အောင် ဆွဲထားလိုက်ပါ။
ဒီနည်းလမ်းက ညအချိန်တိုက်ခြင်း၊ ခွဲမွေးထားတဲ့အမေနဲ့ မွေးကာစ အမေတွေအတွက် အသုံးဝင်ပါတယ်။
ဒါကတော့ အမြွှာနို့တိုက်တဲ့နည်းလမ်းလေးတွေပါ။ ကလေးတွေရဲ့အောက်မှာတစ်ခုခုခံထားရင် ပိုကောင်းပါတယ်။
ဒါကတော့ ကလေးတွေကို ရှေ့ဘက်မှာထားတဲ့နည်းလမ်းမှာ။
ဒီနည်းလမ်းကတော့ ကလေးတွေ့ရဲ့ခေါင်းကိုထိန်းထားပြီး ခြေထောက်တွေကို နောက်ဘက်မှာထားတဲ့ နည်းလမ်းပါ။
သတိထားရမယ့် အချက်တွေက
ကလေးရဲ့ခန္ဓာကိုယ်နဲ့ကပ်နေရမယ်၊ မိခင်ကို ကလေးကမျက်နှာမူနေရမယ်၊ ကလေးရဲ့ လည်ပင်းနဲ့ ခန္ဓာကိုယ်ဟာ ဖြောင့်တန်းနေရမယ်။
ပုံစံမှန်ကန်စွာနို့တိုက်တတ်ရင် သက်တောင့်သက်သာရှိမယ်၊ ကလေးလဲနို့ငုံကောင်းပြီး နို့များများစို့နိုင်ပါမယ်။
ကလေးနှာခေါင်းနဲ့ နို့သီးခေါင်းကို ထိပေးပြီးမှ နို့တိုက်ပါ။

Translation Credit: +aungye htut (SCI Nutrition PO)

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...