Friday, February 19, 2016

#‎မိခင်နို့ရည်လုံလောက်စွာရရှိရေးအတွက်ဆောင်ရွက်ခြင်း‬


မိခင်နို့သည် အမြွာကလေးသုံးဦးအထိ တိုက်ကျွေးရန်လုံလောက်ပါသည်။
မိခင် နို့ ရည်အထွက်သန်စေရန်လမ်းညွှန်
• မိခင်ကိုယ်တိုင်က ကိုယ်ဝန်ဆောင်ချိန်နှင့် နို့ တိုက်ချိန်တွင် အစားအစာများကို မျှတစွာ စားသင့်ပေသည်။ စားနေကျထက် ပိုမို စားသင့်ပေသည်။
• နို့ ရည်ထွက်သန်စေရန် ဟင်း ခါး၊ ဟင်းချို၊ ဖျော်ရည်၊ ရေ၊ နို့ စသည်တို့ကို နေ့စဉ် ပိုမို သောက်ပေးပါ။
ကလေး နို့ တိုက်နေသည့်ကာလပတ်လုံးတွင် နေ့စဉ် အရည်တစ်မျိုးမျိုးကို ဟင်းရည်သောက် ပုဂံ လုံး (၆)လုံးခန့်သောက်ဖို့လိုပါသည်။
• နို့ တိုက်စဉ်ကာလတွင် ပိုမိုအနားယူသင့်ပါသည်။
• ကလေးကိုမကြာခဏ နို့ စို့စေ ခြ င်း ဖြ င့် နို့ ရည်အထွက်သန်စေသည်။

စောစောတိုက်မှ များများထွက်မည်။
ကြာကြာတိုက်မှ များများထွက်မည်။
များများတိုက်မှ များများထွက်မည်။
မိခင်နို့ထွက်နည်း ခြ င်းဟုဆိုရာတွင် မိခင်သည် မိမိကိုယ်မိမိ နို့ထွက်နည်းသည်ဟု ထင် မြ င်နေ ခြ င်းသာ ဖြ စ်သည်ကိုသတိ ပြုရပါမည်။
အမှန်တကယ်နို့ထွက်နည်းရ ခြ င်းအကြောင်းအရင်းများမှာ- မိခင်နို့တိုက်ချိန်နည်း ခြ င်း၊ ရေ(သို့) အခြားအစာများတိုက်ကြွေးထား ခြ င်း၊ နို့တိုက်ပုံစံအချိုးမကျခြ င်းကြောင့်ကလေးသည် နို့သီးခေါင်း တစ်ခုတည်းသာစုပ်ယူနေမိခြ င်း၊ မိခင်သည် စိုးရိမ်ပူပန်မှုများ ခြ င်း၊ အကြောင်းအမျိုးမျိုးကြောင့် နာကျင်မှုကို ခံစားနေရသည့်အခါမျိုးတွင် နို့သက်စေသာ အာရုံကြော
လှုပ်ရှားမှုနည်းခြင်း၊ မိခင်သည် အီစတိုဂျင် ဓာတ်ပါသော ပဋိသန္ဓေတားဆေးများမှီဝဲနေခြင်း၊ နို့တင်းလွန်းခြင်း၊ မိခင်နှင့်ကေလး တစ်ကွဲ စီ နေရခြင်း တို့ကြောင့် ဖြစ်သည်။
‪#‎စောစောတိုက်ပါ‬
‪#‎ဆာတိုင်းတိုက်ပါ‬
‪#‎နေ့ရောညပါတိုက်ပါ‬
Ref: NNC

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...