Wednesday, February 24, 2016

ဥာဏ်ဘုန်း မာမီ

မနေ့က အာဟာရဆရာမကြီးနဲ့ တွေ့ပြီး ပြန် share မယ်
ပြောပြီး မရေးဖြစ်ခဲ့ဘူး...ညကသားသားလေး နို့ဖြတ်ခိုင်းတော့ သူ့ခမျာမစို့ရပဲ အိပ်သွားရှာတာ ကြည့်ပြီး သနားလို့ ဘေးမှာရောအိပ်ပလိုက်တယ် ^_^

သားနဲ့ဆွေးနွေးတာလေးမပြောခင် ဆရာမကြီးက ပါရမီဆေးရုံမှာရုံးထိုင်ပါတယ်နော်.ဖုန်းကြိုချိတ်ပြီးသွားလို့
ရပါတယ်....မေမေတို့အတွက် appointment တောင်း
ခဲ့တာ Dec 29,Jan 1 to 3 ကို သူပေးထားပါတယ်..
ကျန်ရက်တွေက နိုင်ငံခြားခရီးသွားမှာမို့ပါတဲ့ ။
သူ့ဖုန်း 09261645550 ကိုဆက်ပြီး အချိန်ချိန်းပါတဲ့...
Viber ကနေ mess ပို့လည်းရပါတယ်တဲ့....(မြန်မာလိုတော့မဖတ်တတ်ပါ)

သွားဆွေးနွေးစေချင်တယ် ...၁၆၅၀၀ ပဲပေးရပါတယ်
၁နာရီနီးပါး ဆွေးနွေးပေးတာဆိုတော့ တန်ပါတယ်....
မေးစရာတွေမကုန်ခဲ့ဘူး ..ဝေဇင်ကို Jan 24 ညနေ ၄နာရီ
ပြန်ချိန်းထားပါတယ်...Ygn ကမေမေတွေရော နယ်ကမေမေတွေပါ လာစေချင်လိုက်တာ.. တကယ်ကိုစေတနာပါလို့ပါ....

သားလေးနဲ့ပက်သက်တာ ပြောဖြစ်တာတွေကအများကြီး
ပေမယ့် အားလုံးနဲ့ ဆိုင်မယ့်ဟာလေး ရွေးပြောပါရစေ...

သားလေးကို အခု တိုက်နေတဲ့ similac ရော pediasure ရော မတိုက်ခိုင်းတော့ပါဘူး...၁နှစ်ကျော်
ရင် ဘာ formula မှမတိုက်ပါနဲ့တော့တဲ့...ပါရမီရောက်ဖူး
သူတိုင်း ကြော်ငြာထားတဲ့ နို့မူန့်ဗီရိုကြီးတွေ့ကြမှာပါ..အာ့
တွေလည်း no ပါတဲ့၊မိခင်နို့အဆင်မပြေလို့ formula
တိုက်ရင် ၁နှစ်ထိ နို့သီးခေါင်းသုံးလို့ရပြီး ကျော်ရင် ခွက်နဲ့
နည်းနည်းစီလျှော့ပြီးတိုက်ရင်း လူကြီးစာတွေကျွေးရင်း
နို့ဖျက်ခိုင်းပါတယ်....သွားပိုးပြသနာရှိတယ်တဲ့..မြန်မာပြည်
မှာ သွားပိုးကိစ္စ တာဝန်မယူနိုင်ကြသေးလို့ နို့ဗူးဖြတ်ပါပေါ့
နော်.....

နောက်သားက weight တတ်နေပါတယ်...1yr to 2yr
အတွင်း 6lbs တတ်ရင် normal ဆိုတာမေမေတို့သိပြီး
သားပါ....သားက ခု 1.6yr ကို 5.5lbs တတ်နေပါပြီ...
ဝတာမဟုတ်နော် ဝိတ်တတ်တာကိုပြောတာ...ဝိတ်တတ်တဲ့
အဓိကအကြောင်းရင်း မေးပါတယ်....1yr ထိ ပုံမှန်သွားနေတာ 1yr ကနေ 1.6 yr ထိ ဝုန်းဆို ပေါင်တွေ
ထိုးတတ် လာတယ် why ? ဘာ changes လုပ်လိုက်
လဲတဲ့...pediasure စတိုက်ခဲ့တယ်ဆိုတော့ အဓိကအာ့
ကြောင့်ပဲတဲ့....အခြားအစားတွေလည်းစားနေရက်နဲ့ တိုက်
တာ မိဘအပြစ်...မ  khin Khin Lynn တင်ထားတဲ့
Post လိုပါပဲ..သကြားဓာတ်လွန်ကဲစွာပါတာရော ကယ်လိုရီများတာရော ကြောင့် တခါတရံ အစားမဝင် အား
မရှိသောအခါမျိုး 1cup လောက်တိုက်တာမျိုးကလွဲလို့
မတိုက်သင့်ပါဘူးတဲ့...ကလေးက အဆီတွေနဲ့ ဝိတ်တတ်နေ
သလိုဖြစ်ပြီး ကြွက်သားသန်မာမူ့မရှိဖြစ်လာမယ်..
ကြီးလာရင် နှလုံးသွေးတိုးအဖြစ်များမယ် .....

နောက်နို့ဗူးပြသနာ ...1yr ကျော်ထိ နိုဗူးသုံးနေရင် ကလေး
ကစကားပြောနောက်ကျမယ်..နို့ဗူးကထွက်တဲ့ စွက် စွက်
ဆိုတဲ့ အသံကိုပဲ စကားပြောသလိုစိတ်ရောက်နေပြီး ဖေဖေ
မေမေ ပြောဖို့မကြိုးစားတော့ဘူးတဲ့...1yr မှာ နို့သီးခေါင်း
မသုံးပဲ ပိုက်နဲ့ ခွက်နဲ့ကြိုးစားသေးတယ်..သူမစို့လို့ဆိုတော့
မစို့ရင် နို့ပါဖြတ်ပေါ့တဲ့ ...အရေးတကြီး တိုက်စရာမလိုပါဘူး
တဲ့...1yr + မှာ နွားနို့စမ်းတိုက်ပါတဲ့ ...နည်းနည်း ပြီးတည့်
တယ်ဆိုရင် နည်းနည်းဆီတိုးသွားပြီး တိုက်ပါတဲ့....1yr under နွားနို့မတိုက်ရပါတဲ့နော် ......

နောက် ready made food တွေရော "No"
မေမေသယ်ရင်း online shop တွေရှိနေလို့ ဘာတွေလဲ
မပြောတော့ဘူး..သွားပြဖြစ်ရင်သာကိုယ့်ခလေး ကျွေးနေတာတွေ သေချာပြောပြ မေးပါ...ဆိုးကျိုးသိတော့
ရှောင်လို့ရတယ်...အမေရိကမှာ သူတို့ကလေးတွေ မကျွေးတဲ့ အရာတွေ မြန်မာပြည်မှာဈေးအရမ်းကြီးပေးဝယ်
ကျွေးနေပြီး အမေရိကားမှာ ဈေးအရမ်းကြီး ရှားပါးတဲ့ အသီး
အနှံ တွေ မြန်မာပြည်မှာ ဈေးပေါပေါနဲ့ရနေပြီး မကျွေးပဲ
ဈေးကြီးတိုင်းကောင်းတယ်ထင်နေတဲ့ အမေတွေသူ့ဆီ
လွှတ်လိုက်ပါတဲ့...ပိုက်ဆံစုနည်းသင်ပေးမယ်တဲ့ ဟာသပြောလိုက်သေးတယ်....

အစာအုပ်စု ၃စု စာရွက်ကပ်ပြားတွေ ကတော့ရှိကြမယ်ထင်တယ်...ဝေဇင်အိမ်မှာကပ်ထားတာ
မျိုး တခါ တင်ပေးဘူးတယ်...ဆရာမကြီးလည်း အဲ့စာရွက်
လေးထပ်ပေးတယ်..အာ့တွေမျှတအောင်ကျွေးနေရင် ဘာ
မှထပ်မလိုပါဘူးတဲ့......

အားဆေးကိစ္စမမေးခဲ့ရဘူး....နောက်အခါမှ..
ပြီး မခေတ်ဘုန်းသစ်စာအုပ်ထုတ်မယ့်ကိစ္စသိလားမေး
တယ်..အရမ်းကောင်းပါတယ်နော် ဖတ်ပါနော်....
မြန်မာပြည်ကကလေးတွေအတွက် တကယ်အကျိုးရှိမှာနော်တဲ့....ကိုယိတိုင်လည်းဖတ် ပြန်လည်းဖြန့်ချီရေး လုပ်ပေးနေပါတယ်ဆိုတော့ ဝမ်းသာတယ်တဲ့...တကယ်ကောင်းတယ်တဲ့....
မေမေတွေကိုလည်း welcome ပါတဲ့ hand ph ပါပေး
လိုက်တာပါ...ချိန်းပြီး အားမယ့်အချိန်သွားဆွေးနွေးကြပါလို့

သားကိုလည်း ဝိတ်များနေတာကို balance ဖြစ်ဖို့အတွက်
အာဟာရ ပြန်မျှကျွေးခိုင်းပါတယ်..juice ဆိုလည်း အိမ်မှာ
အသီးလက်ဖျော် တိုက်ခိုင်းပါတယ်..
ကြက်ဥ ငုံးဥ နေ့လည်စာ
ဗမာကြက်ပြုတ်ရည်ထဲ မုန်လာဥနီ ဂေါ်ဖီစိမ်း ထည့်ခိုင်းပါတယ်...
1yr ကျော်ရင် သူ့ဖာသာစားတတ်အောင်ကျင့်ဖို့
ထမင်းစားခုံနဲ့ စားခိုင်းရန် (လူကြီးတွေနဲ့အတူ)

ဒီမေမေ မှားနေတာ 1yr မှာ pediasure စတိုက်တာနဲ့
နို့သီးခေါင်းဆက်သုံးနေတာပေါ့နော်
Ready made တွေကတော့ မကျွေးပါဘူး အရင်တည်းက
နွားနို့စမ်းတိုက်ကြည့်ရမယ် ခွက်နဲ့ပဲ

To mommies with love ^_^
ဥာဏ်ဘုန်းမာမီ

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...