အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Friday, February 19, 2016
#ပြသနာရဲ့အကြီးဆုံးအပိုင်း
ဒါဆို မိခင်တွေဟာ သူတို့ရဲ့ကလေးတွေကို ဘာကြောင့် နို့ဘူးနဲ့တိုက်ကြသလဲ? ဘာ့ကြောင့်လဲဆိုတော့ လူတစ်ချို့က ဒီနည်းလမ်းနဲ့ ငွေအမြောက်အများရှာကြတယ်။ သဘာဝအတိုင်းမဟုတ်ဘဲ လူကဖန်တီးထားတဲ့ ကလေးနို့မှုန့်တွေရဲ့ ရောင်းရငွေဟာ နှစ်စဉ် ုအမေရိကန်ဒေါ်လာ ၁၃ သန်း ဖြစ်တယ်။
ကလေးငယ်အစားအစာ စက်ရုံတွေရဲ့ အကျိုးအမြတ်ကို ဦးစားပေးဆောင်ရွက်မှုများကြောင့် မိခင်နို့တိုက်ကျွေးခြင်းဖြစ်တဲ့ သဘာဝက ပေးတဲ့ကလေးငယ်များအတွက် အကြီးမားဆုံးသောလက်ဆောင်ကို မေ့ပျောက်အောင် ဖြစ်စေပါတယ်။ ကလေးငယ်အစားအစာ ဟာ ဈေးကွက်တင်ခြင်းမှာ အောင်မြင်တဲ့သာဓကဖြစ်ပေမယ့် ကလေးငယ်သန်းပေါင်းများစွာ နဲ့ သူတို့ရဲ့ မိသားစု အတွက်တော့ ကံဆိုးမိုးမှောင် ကျခြင်းကို သာ ရရှိခဲ့သည်။
ကြော်ငြာ၊ လက်ဆောင် ဖြန့်ဝေခြင်း၊ နမူနာ ပေးခြင်း၊ လက်ကမ်းစာစောင်များ၊ စာအုပ်ငယ်လေးများ အပြင် ဆရာဝန်များကို လေ့လာရန်ထောက်ပံ့ပေးခြင်း နှင့် မိခင်များကို ဖော်စပ်နို့မှုန့် ဟာ ပိုကောင်းတယ် သို့မဟုတ် မိခင်နို့ နီးပါး ကောင်းမွန်ပါတယ် ဆိုပြီး ပြသခြင်း စသည့် ညစ်ပတ်တဲ့ လှည့်စားမှု့များ အားလုံးကို အသုံးပြုပြီး မိခင်များ အားလုံးကို ဆွဲဆောင်စည်းရုံးလေ့ ရှိသည်။
တစ်ချို့ ကုမ္ပဏီ တွေဟာ မိခင်နိ်ု့တိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး ပြသနာ တွေကို မီးမောင်းထိုးပြပြီး ခက်ခဲတဲ့ နည်းလမ်း လို့ထင်မြင်လာအောင် ရေးသားကြသည်။
အချိန်အတော်ကြီးကြာအောင် ကလေးနို့မှုန့်ကုမ္ပဏီတွေ ဟာ ဘာမဆို အရာရာတိုင်းလိုလို လုပ်ဆောင်နိုင်ခဲ့သည်။ အဲ့ဒါ နောက်ပိုင်းမှာ လူတွေဟာ နားလည်လာခဲ့ကြသည်။ နို့ဘူးတွေကို ဆန့်ကျင်တဲ့ စစ်ပွဲ ဟာ အနှေးနဲ့ အမြန် ဆိုသလို အသေအချာ ဖြစ်လာသည်။
အုပ်စုလိုက်၊ တစ်ဦးတစ်ယောက်ချင်း နှင့် အဖွဲ့အစည်းများဟာ ကလေးငယ်များ ကျန်းမားရေးကို ကာကွယ်ခြင်းများ စတင်လုပ်ဆောင်ခဲ့ကြသည်။ အဲဒီအထဲကမှ နိုင်ငံတကာ ကလေးသူငယ် အစားအစာ လုပ်ဆောင်မှု ကွန်ယက် International Baby Food Action Network (IBFAN) ဟာ ယခု ဆိုရင် နိုင်ငံပေါင်း ၉၅ နိုင်ငံမှာ ရှိနေပါပြီ။
၁၉၇၀ မှာ နိုင်ငံတကာ ကလေးသူငယ် အစားအစာ လုပ်ဆောင်မှု ကွန်ယက် IBFAN အုပ်စုမှ ကလေးဖြည့်စွက်စာ အများဆုံးထုတ်လုပ်သူ နက်စ်လေ Nestle ကို ဖိအားပေးရန် နှင့် ဈေးကွက်စီးပွါးရေး အသုံးပြုမှု့အလေ့အထများ ကို ပြောင်းလဲ ရန် သပိတ်မှောက်ခဲ့သည်။
အင်္ဂလန်တွင်ရှိသော Baby Milk Action နဲ့ တစ်ခြားနိုင်ငံပေါင်း ၂၀ တွင်ရှိသော အခြားအဖွဲ့များသည် နက်စ်လေ Nestle ၏ ထုတ်ကုန်များဖြစ်သည့် ကလေးအစားအစာများ ကြော်ငြာမှ ဆန့်ကျင်သည့် အနေဖြင့် ယခုချိန်အထိ သပိတ်မှောက်ထားသည်။
ဆရာဝန်များ နှင့် သူနာပြုများ သည် ထုတ်လုပ်သူများက ကလေးအစားအစာများ ကြော်ငြာ ဖို့ရန် သူတို့ကို အသုံး ချ နေသည်ကို နားလည်းစ ပြုလာသည်။ တစ်ခုခု လုပ်ဖို့တော့လိုအပ်လာပြီ ဆိုတာကိုပါ သူတို့ နားလည်လာသည်။
ကမ္ဘာ့ကျန်းမာရေး ညီလာခံ နှင့် ယူနီဆက်စ် UNICEF သည် ကလေးသူငယ် အစားအစာ ကြေငြာခြင်းကို ရပ်တန့်ရန် ၁၉၈၁ ခုနစ်တွင် ကျင့်ဝတ်တစ်ခု ကိုလက်ခံခဲ့ကြသည်။
နိုင်ငံတကာ မိခင်နို့အစားထိုးပစ္စည်းများ ဈေးကွက်တင်ခြင်းဆိုင်ရာကျင့်ဝတ်ကို အမေရိကန် တစ်နိုင်ငံမှ လွဲပြီး အခြား ၁၁၈ နိုင်ငံသည် မဲပေး ထောက်ခံခဲ့သည်။ ယနေ့ခေတ် နိုင်ငံတိုင်းဟာ သူတို့နိုင်ငံ ဥပဒေရဲ့ အစိတ်အပိုင်းအဖြစ် ကျင့်ဝတ်တစ်ခုလုံးကို ထည့်သွင်းကြသည်။
မြန်မာနိုင်ငံသည် မိခင်နို့တိုက်ကျွေးခြင်းကို ကာကွယ်ရန် နှင့် အထောက်အကူဖြစ်စေရန် ၂၀၁၄ ခုနှစ် သြဂုတ် လတွင် “နို့စို့ကလေးနှင့်ကလေးငယ်အတွက် အစားအသောက်များ ဈေးကွက်ခြင်းဆိုင်ရာအမိန့်” ကို အမျိုးသားအစားအသောက် ဥပဒေ အောက်တွင် ထုတ်ပြန်ခဲ့သည်။
Ref: Order in Cartoon by SUN CSA
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမ်အာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment