Friday, February 19, 2016

#‎ကလေးရှိတဲ့မေမေတို့သတိထားစရာလေးပါ‬။


မိတ်ဆွေအချင်းချင်း ဗဟုသုတတိုးပွားစေရာ သတင်းများမျှဝေခြင်းဖြင့် ကျန်းမာသန်စွမ်းသောကလေးများဖြစ်အောင်ပျိုးထောင်ကြပါစို့.....
နို့တိုက်နေတဲ့ကလေးတွေကို ၆ လ အထိ၊ ကိုယ်ပူနေလည်း ဘာကြောင့်ရေမတိုက်သင့်သလည်း
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အွန်လိုင်း အမေး-အဖြေ၊ ဇူလိုင်လ ၂ဝ၁၄
ကလေးငယ်လေးတွေကို ရေတိုက်ရင် ဝမ်းလျှောဝမ်းပျက်ဖြစ်နိုင်တယ်။ အာဟာရချို့တဲ့နိုင်တယ်။ ရေကမသန့်တာ ဖြစ်နေနိုင်တယ်။ အဲလိုဆိုရင် ပိုးဝင်နိုင်တယ်။ နို့စို့တာနည်းနိုင်တယ်။ နို့မစို့တော့တာစောရင် အာဟာရချို့တဲ့နိုင်တယ်။ မိခင်မှာလည်း နို့ထွက်နည်းလာနိုင်တယ်။
မိခင်နို့ထဲမှာ ရေ ၈ဝ% ပါနေတယ်။ အထူးသဖြင့် အစဆုံးနို့ရည်ထဲမှာပါတယ်။ ကလေးတွေ ၆ လအထိရေမလိုပါ။ ရာသီဥတုပူနေလည်း မလိုပါ။ ရေနဲ့ဓါတ်ဆား ခမ်းခြောက်နေတာကလွဲရင် ရေမလိုပါ။ တခြားအစားအစာ မလိုပါ။ အားဆေးမလိုပါ။ ဆေးရည်ထဲမှာပါတဲ့ ရေကလွဲရင် မလိုပါ။
မိခင်ကနေ သူ့ကလေးရေတိုက်ဘို့ လိုတယ်ထင်ရင် ဝမ်းမလျှောစေအောင် ရေသန့်ကိုသာတိုက်ပါ။
ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၆

http://www.who.int/features/qa/breastfeeding/en/

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...