Sunday, February 28, 2016

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် မိခင်များအနေဖြင့် နို့ရည်တိုက်ကျွေးမှု ဆက်လက်လုပ်ဆောင်သင့်ဟု (WHO) ပြောကြား

 

 Published on Sun, 02/28/2016 - 18:17

ယခု လောလောဆယ်ဆယ်တွင် ကူးစက်နိုင်သည့် အန္တရာယ်ရှိသည်ဟူသော သက်သေပြနိုင်မှုများ မရှိသောကြောင့် ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာဗိုင်းရပ်စ်ပိုး ရှိနေသော အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ ကလေးများအား မိခင်နို့ရည် တိုက်ကျွေးမှုကို ဆက်လက်လုပ်ဆောင်သင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောဆိုခဲ့သည်။

“ရနိုင်တဲ့ သက်သေအထောက်တွေအရ  ကလေးကို မိခင်နို့ရည် တိုက်ကျွေးခြင်းက ရတဲ့အကျိုးကျေးဇူးက နို့ရည်ထဲကနေ ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိတဲ့ အန္တရာယ်ထက် သာလွန်နေပါတယ်”ဟု ရောဂါဖြစ်ပွားနေသည့် နိုင်ငံများ၏ အာဏာပိုင်များထံ ပေးပို့သော လက်ရှိအကြံပြုချက်များတွင် WHO က ပြောကြားထားသည်။

WHO က ရောဂါကူးစက်ခံရသော မိခင်နှစ်ဦး၏ နို့ရည်အတွင်း ဇီကာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း သတိပေးခဲ့သော်လည်း “ဇီကာဗိုင်းရပ်စ်ပိုးသည် မိခင်နို့ရည် တိုက်ကျွေးခြင်းမှ တစ်ဆင့် ကူးစက်ကြောင်း လက်ရှိတွင် အထောက်အထားများ မရှိ”ဟု ဆိုသည်။

“အကြံပြုချက်တွေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ အသစ်ဖြည့်စွက်ဖို့ သက်သေအထောက်အထားတွေ ပြန်လည်သုံးသပ်မှုတစ်ရပ်ကို ၂၀၁၆ ခုနှစ် မတ်လအတွင်းမှာ ဆောင်ရွက်ပါမယ်”ဟုလည်း WHO က ပြောကြားထားသည်။

ဇီကာဗိုင်းရပ်စ် ကူးစက်မှုကို အမေရိကနှင့် ကရေဘီယံဒေသရှိ နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် တွေ့ရှိရပြီး ဘရာဇီးသည် ကူးစက်ခံရသူပေါင်း ၁ ဒသမ ၅ သန်း ရှိသည့် အဆိုးရွားဆုံးနိုင်ငံ ဖြစ်သည်။

ဇီကာရောဂါ ဖြစ်ပွားသူ အားလုံးနီးပါးတွင် ရောဂါလက္ခဏာရပ်များမှာ ပျော့ပျောင်းပြီး တုပ်ကွေး နှင့်ဆင်တူသည်။ သို့သော် ကိုယ်ဝန်ဆောင်နေစဉ် ရောဂါကူးစက်ခံရသော အမျိုးသမီးများက မွေးလာသည့် ကလေးများ၌ ပုံမှန်မဟုတ်သော ဦးခေါင်းနှင့် ဦးနှောက်သေးငယ်ခြင်း ဖြစ်ပွားနိုင်သည်ဟု ယုံကြည်ရသည်။ 
Writer: 
Ref: AFP

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...