အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Saturday, February 20, 2016
Colostrum နို့ဦးရည်ကြည်
Dr. Tint Swe's Writings
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာစေရမည်
Saturday, November 8, 2014
ဒေါက်တာ အသိညီမတစ်ယောက်ကအကူအညီတောင်းလို့ပါ။ သူ့အသက်က ၂၅ နှစ်ပါရှင့်။ သားဦး ကိုယ်ဝန်ဆောင်ထားတာပါ။ ဒိတ်က ၁၂ လပိုင်း ၁၂ ရက်ပေးထားပါတယ်။ အခု အဲဒီ ညီမက နို့ရည်တွေ စထွက်နေပါသတဲ့။ အများကြီးတော့ မဟုတ်ပါဘူး။ စိုးရိမ်စရာ ရှိမရှိ သိချင်ပါတယ်ရှင့်။ အရည်ကြည်လား၊ အဖြူရောင်လား။ အရည်ကြည်ပါ ဒေါက်တာ။
အဲတာဆို လုံးဝ မစိုးရိမ်ပါနဲ့။ ကိုယ်ဝန်က နောက်ဆုံး ၃ လမှာ တချို့မှာ အဲဒီ နို့ဦးရည်ကြည် ထွက်တတ်ပါတယ်။ အများစုမှာထွက်တာထက် စောတယသာဖြစ်တယ်။ Colostrum နို့ဦးရည်ကြည်ကို Premilk လို့လဲခေါ်တယ်။ ပိုပြစ်တယ်။ နည်းနည်းဝါတယ်။ ပရိုတင်းပိုများတယ်။ ကာဗွန်တိုက်ဒရိတ် နည်းတယ်။ အဆီလဲနည်းတယ်။ အစာချက်ဘို့ပိုလွယ်မယ်။ Antibodies ရောဂါတွေကိုပြီးစေတဲ့ဓါတ်လဲပါတယ်။ ကလေးအတွက်ကောင်းတယ်။ ကလေးဖွါးပြီးရင် စောနိုင်သမျှစောစော ကလေးကိုနို့တိုက်ပါ။ အဲဒီနို့ဦးရည်ကြည်က အရင်ထွက်တယ်။ တိုက်ရပါမယ်။ ကလေး ၆ လအောက်မှာ ကူးစက်ရောဂါ မရသလောက် အကာအကွယ်ပေးပါမယ်။
နို့ဖြတ်ဘို့လဲ ခုခေတ်မှာ ကန့်သတ်မထားတော့ပါ။ နို့ထွက်နေရင်၊ ကလေးကလဲ နို့ဆက်စို့နေချင်သေးရင်၊ နောက်ကိုယ်ဝန် ရှိနေပါစေ ဆက်တိုက်နိုင်ပါတယ်။ သတိထားဘို့က ကလေးဟာ ၉ လ နောက်မှာ နို့နဲမလုံလောက်တော့ပါ။ ဖြည့်စွက်စာ ကျွေးပါ။ ၆ လ ကစကျွေးနိုင်ပါတယ်။
http://doctortintswe.blogspot.com/2014/11/contraceptives-and-breastfeeding.html
http://doctortintswe.blogspot.com/2014/11/breast-milk-storage.html
http://doctortintswe.blogspot.com/2014/11/breast-milk-supply.html
http://doctortintswe.blogspot.com/2014/11/supplementary-foods.html
ဒေါက်တာတင့်ဆွေ
၈-၁၁-၂ဝ၁၄
Tint Swe at 7:10 AM
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမျအာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment