Friday, February 19, 2016

#‎မိခင်နို့တစ်မျိုးတည်းသာတိုက်ကြွေးခြင်း‬


• ကလေးငယ်ကို မွေးဖွား ပြီးစမှ အသက်(၆)လအထိ မိခင်နို့ တစ်မျိုးတည်းကို တိုက်ကြွေး ခြ င်း။
• အခြားမည်သည့်ဖြည့်စွက်စာ၊ မည်သည့်အရည်မျှ မတိုက်ကြွေးရ။
• ရေလုံးဝမတိုက်ရ။ (ဓါတ်ဆား။ အခြားဆေးဝါးများကိုမူ ကျန်းမာရေးလိုအပ်ချက်အရ ကြွေးနိုင်သည်)
• ကာကွယ်ကုသ၍ ရနိုင်သောရောဂါများကြောင့်ပင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် (၅)နှစ်အောက် ကလေး များ သေဆုံးလျက် ရှိသေးသည်။ အဓိကေရာဂါများနှင့်သေဆုံးနှုန်းမှာ-- နမိုးနီးယား ( ၂၁%) နှင့် ဝမ်းပျက်ဝမ်းလျောရောဂါ (၁၃%) ဖြ စ်ပါသည်။ ငါးနှစ်အောက်ကလေးများ သေဆုံးမှု ၏ ၅၃ % သည် အာဟာရချို့တဲ့မှုနှင့် ဆက်နွယ်လျက် ရှိပါ သည်။
• မိခင်နို့တစ်မျိုးတည်း တိုက်ကြွေးခြင်းဖြင့် ယင်းသေဆုံးမှုများကို လျော့ချနိုင်ပါသည်။

ကလေးသည် နို့ဆာသည့်အချိန်တွင် နို့စို့အားပို၍ကောင်းသဖြ င့် နို့ရည်ထွက်အားပို၍ ကောင်းပါသည်။ ကလေးကြာကြာစို့မှ နို့ရည်များများထွက်မည်။ ကလေးများများစို့မှ နို့ရည်များများထွက်မည်။ ကလေးသည်ဆာလောင်၍ ငိုသည့်အခါ ၄င်းဆန္ဒရှိသည့် နို့ရည်ကိုစို့ရသည့်အတွက် ကလေးစိတ်ကျေနပ်မှု ရရှိပါသည်။ ကလေးစို့လိုသလောက် အချိန်ကြာကြာ တိုက်ကျွေးရပါမည်။
Ref: NNC

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...