Friday, February 19, 2016

#‎မိခင်နို့ရည်တိုက်ကျွေးခြင်း‬ ‪#‎ဟာ‬ ‪#‎ဘာကြောင့်အရေးကြီးသလဲ‬

#‎မိခင်နို့ရည်တိုက်ကျွေးခြင်း‬ ‪#‎ဟာ‬ ‪#‎ဘာကြောင့်အရေးကြီးသလဲ‬

မိခင်နို့ရည် မှာ ကလေးတစ်ယောက် အာဟာရပြည့်ဝပြီး ကျန်းမာထွားကျိုင်းရန်အတွက် လိုအပ်တဲ့ ပရိုတင်း၊ ဘီတာမင်၊ သံဓာတ်၊ ကယ်လစီယမ်၊ နဲ့ တခြားထောင်ပေါင်းများစွာသော ရှာဖွေလို့မရသေးတဲ့ အဟာရများစွာ ပါဝင်ပါတယ်။ အထူးသဖြင့် မိခင်နို့ရည် ဟာ ကလေးကြီးထွားလာတာနဲ့အမျှ အမြဲတမ်းပြောင်းလဲနေပါတယ်။

မိခင်က ကလေးကို မိခင်နို့ရည် မှ တဆင့် ပဋိပစ္စည်းတွေကို ပေးစွမ်းပါတယ်၊ ထို ပဋိပစ္စည်း က ကလေးတွေကို ကူးစက်ရောဂါ ၊ ဝမ်းပျက်ဝမ်းလျှော ကဲ့သို့သော ရောဂါပိုးမွှားများ မှမကူးစက်နိုင်အောင် ကာကွယ်ပေးတယ်။
နို့ဘူးတိုက်ကလေးငယ် များဟာ မိခင်နို့ရည်တိုက် ကလေးငယ်များ ထက် တက်ကြွမှု့ နည်းခြင်း၊ ယုံကြည်မူနည်းခြင်း၊ ခန္ဓာကိုယ်မထွားကျိုင်းခြင်း နှင့် ဉာဏ်မကောင်းခြင်းများ ဖြစ်တတ်ပါတယ်။ ဒီအကြောင်းအရာတွေအားလုံး အပြင် တစ်ခြားသော အကြောင်းအရာများကြောင့် ကလေးငယ်များကို မိ်ခင်နို့ရည်တိုက်ကျွေး သင့်ပါသည်။
မိခင်နို့ရည်ကို ပိုမိုတိုက်ကျွေးခြင်းအားဖြင့် နှစ်စဉ် ကလေးငယ်၂ သန်းရဲ့အသက် ကို ကူးစက်ရောဂါမှ ကာကွယ်နိုင်ပါသည်။ (WHO/UNICEF 2005)
ကလေးငယ်များအားလုံးကို မွေးကင်းစ မှ ၂၃ လ အထိ ကောင်းမွန်စွာ မိခင်နို့ရည် တိုက်ကျွေးပါက နှစ်စဉ်နှစ်တိုင်း ၅ နှစ်အောက် ကလေးငယ်ပေါင်း ၈၀ဝ,ဝ၀ဝ သေဆုံးခြင်း မှကာကွယ်နိုင်ပါသည်။
(Black, Victora, Walker & the Maternal and Child Nutrition Study Group, 2013).

No comments:

Post a Comment

Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...