အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Wednesday, February 24, 2016
" သားပိုက်ကောင်မိခင်စောင့်ရှောက်နည်း " Kangaroo Care
" သားပိုက်ကောင်မိခင်စောင့်ရှောက်နည်း " ဆိုတာလမစေ့ (သို့မဟုတ်) ပေါင်မပြည့်သောမွေးကင်းစကလေးများအား ပြုစုစောင့်ရှောက်မှုပေးသော နည်းလမ်းတစ်မျိုးဖြစ်သည်။ မိခင်တစ်ယောက် ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ်မပြည့်ခင်မွေးဖွားသော၊ မွေးစအရွယ်တွင် ၂.၅ ကီလိုဂရမ် (သို့) ၂, ၅၀၀ ဂရမ်အောက်လျော့နည်းသော မွေးကင်းစအရွယ်ကလေးများအား စောင့်ရှောက်မှုပေးရာတွင်အသုံးပြုသည်။ ဒီလိုပြုစုစောင့်ရှောက်မှုပေးရာတွင် အများအားဖြင့် မိခင်ဖြစ်သူက ကလေးငယ်ကိုသူမ၏ရင်ဘတ်ပေါ်တွင် အသားချင်းထိကပ်စေကာ ရင်ငွေ့ပေးပြီး အနွေးဓာတ်ရစေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နေ့လမစေ့၊ ပေါင်မပြည့်သောမွေးကင်းစ ကလေးမွေးဖွားနှုန်းမှာ ၃၃ ရာခိုင်နှုန်းရှိပြီး မွေးကင်းစကလေးသေဆုံးမှုနှုန်းမြင့်မားစေသော အကြောင်းရင်းတစ် ရပ်ဖြစ်ကြောင်း၊ ကလေးငယ်လေးဦးလျှင် တစ်ဦးနှုန်း ကိုယ်အလေးချိန်လျော့ကျ (ပေါင်မပြည့်) မွေးဖွားနေကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားချက်များ အရသိရှိရသည်။ ဒါကြောင့်မို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှသက်ဆိုင်ရာနိုင်ငံများအား မွေးစ အရွယ်ကလေးများ လမစေ့၊ ပေါင်အပြည့်ဘဲမွေးဖွားခဲ့ပါက ကလေးငယ် လစေ့၊ ပေါင်ပြည့် လာသည်အထိ အဆိုပါနည်းလမ်းဖြင့် ပြုစုစောင့်ရှောက်ပေးရန်ထောက်ခံညွှန်ကြား ထားခြင်းဖြစ်သည်။ ကမ္ဘာအရပ်ရပ်တွင် ကောက်ယူရရှိထားသော စာရင်းဇယားများအရ လမစေ့၊ ပေါင်မပြည့် ကလေးမွေးဖွားနှုန်းမှာအခြားနေရာဒေသ များနှင့် နှိုင်းယှဉ်ပါက အာရှတိုက်တောင်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများတွင်ပိုမိုမြင့်မားလျှက်ရှိသည် ကို တွေ့ရသည်။
" သားပိုက်ကောင်မေမေစောင့်ရှောက်နည်း " ဟုအမည်တွင်သည့်အတိုင်း မိခင် သားပိုက်ကောင်မကြီးမှ သူမ၏ ရင်သွေးငယ်ကို ၀မ်းဗိုက်နှင့်တွဲလျက်အိတ်ငယ် ထဲထည့်လွယ်ကာ စောင့်ရှောက်ထား သည်နှင့်ဆင်စွာ မိခင်နှင့် ကလေးငယ် ရင်ဘတ်ချင်း အသားချင်းနီးစပ်ထိကပ်ကာ ပွေ့ချီထားရပေမည်။ ကလေးငယ်၏မိခင်ဖြစ်သူသာမကဘဲ ဖခင်နှင့်အတူ အခြားပြုစုစောင့်ရှောက်သူများဖြစ်သော ဖွားအေ၊ အဒေါ်ဖြစ်သူတို့မှလည်း သူတို့၏ရင်ဘတ်ပေါ် တွင်ကလေးငယ်အား ဖားငယ်ခြေချပုံအလားနေရာချကာ အသားချင်း ထိကပ်အနွေးဓာတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Credit: May Thukha Soe
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမျအာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment