Friday, February 26, 2016

ဲဖြည့်စွက်စာကို ဘယ်လိုစကျွေးမလဲ

    ကလေးအသက် ၆-လ ပြည့်အရွယ်တွင် ဖြည့်စွက်စာများ စတင်ကျွေးပါ။
    • အသက် ၆-လ ပြည့်တွင် သင့်ကလေးသည် မိခင်နို့အပြင် အခြားအစားအစာများ စားရန် လိုသည်။
    • နေ့ရောညပါ ကလေးဆာတိုင်း မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။
    • အကြိမ်- သင့်ကလေးကိုဖြည့်စွက်စာ တစ်နေ့ ၂-ကြိမ်ကျွေးပါ။
    • အမာဏ- တစ်ကြိမ်ကျွေးလျှင် ထမင်းစားဇွန်း ၃-ဇွန်း ကျွေးပါ။
    • ၁-၂ ပတ်အတွင်း ၆-၉လ အရွယ်ဖြည့်စွက်စာကျွေးသကဲ့သို့ တစ်ကြိမ်ကျွေးလျှင် ၂၅၀ စီစီ ဆန့် ပန်းကန်လုံးတစ်ဝက် ကျွေးနိုင်ပါသည်။
    • အပျစ်အကျဲ- လက်နှင့်ကိုင်ကျွေးနိုင်လောက်အောင်ပျစ်ရမည်။
    • အစာအမျိုးအမယ်- ဆန်ပြုတ်၊ ခြေထားသော အာလူပြုတ်၊ ခြေထားသော ငှက်ပျောသီးနှင့် စတင်ပါ။
    • သန့်ရှင်းမှု- ကလေးအတွက် အစာမင်ြဆင်မီ မိမိလက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် ဆေးပါ။
    • မိမိလက်နှင့်ကလေးလက်ကို အစာမကျွေးမီ စင်ကြယ်အောင် ဆေးပါ။
    • သန့်ရှင်းသော ပန်းကန်။ ခွက်တို့ဖြင့် အစာကျွေးပါ၊ ရေ၊ အရည်တိုက်ပါ။
    • ကလေးစားမည့်အစာများကို သန့်ရှင်းလုံးခြုံသောနေရာတွင် သိမ်ဆည်းပါ။

    ကလေးအသက် ၆-လ မှ ၉-လအတွင်း ဖြည့်စွက်စာကျွေးခြင်း
    • နေ့ရောညပါ ကလေးဆာတိုင်း မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။
    • ကလေးအသက် ၆-လပြည့်မှ ၉-လအတွင်း ကလေးလိုအပ်သည့် အင်အားဓာတ် တစ်ဝက်ကို မိခင်နို့မှ ဖြည့်စွမ်းပေးသည်။
    • မိခင်နို့ဦးစွာတိုက်ပြီးမှ ဖြည့်စွက်စာ ကျွေးပါ။
    • အကြိမ်- ကလေးကို ဖြည့်စွက်စာတစ်နေ့ ၃-ကြိမ် ကျွေးပါ။ သွားရည်စာ (သစ်သီး) တစ်ကြိမ်ကျွေးပါ။
    • ပမာဏ- တစ်ကြိမ်ကျွေးလျှင် ၂၅၀ စီစီဆန့် ပန်းကန်လုံးတစ်ဝက်ကျွေးပါ။
    • ကလေးကုန်အောင် စားနိုင်မစားနိုင် သိရှိရန် သီးသန့်ပန်းကန်ဖြင့်ကျွေးပါ။
    • အပျစ်အကျဲ- ခြေထားသော အာလူးပြုတ်၊ ဆန်ပြုတ်ပျစ်ပျစ်ကျွေးရမည်။
    • အစာအမျိုးအမယ်- တစ်ကြိမ်ကျွေးတိုင်း အစာအုပ်စု အားလုံးပါဝင်အောင် ကျွေးရမည်။
    •  အချိုရည်များတိုက်ခြင်း ရှောင်ကြဉ်ပါ။ ဘီစကစ်မုန့်ချိုများ မကျွေးပါနှင့်။
    • ကလေးစားချင်အောင် စိတ်ပါလက်ပါ တက်ကြွစွာ ကျွေးပါ/ချော့မြူကျွေးပါ။
    • သန့်ရှင်းမှု- ကလေးအတွက် အစာမင်ြဆင်မီ မိမိလက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် ဆေးပါ။
    • မိမိလက်နှင့်ကလေးလက်ကို အစာမကျွေးမီ စင်ကြယ်အောင် ဆေးပါ။
    • သန့်ရှင်းသော ပန်းကန်။ ခွက်တို့ဖြင့် အစာကျွေးပါ၊ ရေ၊ အရည်တိုက်ပါ။
    • ကလေးစားမည့်အစာများကို သန့်ရှင်းလုံးခြုံသောနေရာတွင် သိမ်ဆည်းပါ။

    ကလေးအသက် ၉-လ မှ ၁၂-လအတွင်း ဖြည့်စွက်စာကျွေးခြင်း
    • နေ့ရောညပါ ကလေးဆာတိုင်း မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။
    • ကလေးအသက် ၉-လမှ ၁၂-လအတွင်း ကလေးလိုအပ်သည့် အင်အားဓာတ် တစ်ဝက်ကို မိခင်နို့မှ ဖြည့်စွမ်းပေးသည်။
    • မိခင်နို့ဦးစွာတိုက်ပြီးမှ ဖြည့်စွက်စာ ကျွေးပါ။
    • အကြိမ်- ကလေးကို ဖြည့်စွက်စာတစ်နေ့ ၃-ကြိမ် ကျွေးပါ။ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ငှက်ပျောသီး၊ ထောပတ်သီး၊ ရာသီပေါ်သစ်သီးများ၊ ရွှေကန်စွန်းဥပြုတ်၊ မြန်မာမုန့်၊ မုန့်ကြွတ် စသော သွားရည်စာ ၂-ကြိမ်ကျွေးပါ။
    • ပမာဏ- တစ်ကြိမ်ကျွေးလျှင် ၂၅၀ စီစီဆန့် ပန်းကန်လုံးတစ်ဝက်ကျွေးပါ။
    • ကလေးကုန်အောင် စားနိုင်မစားနိုင် သိရှိရန် သီးသန့်ပန်းကန်ဖြင့်ကျွေးပါ။
    • မိသားစုထမင်းဝိုင်းမှထမင်းကို ကလေးစားနိုင်ရန် ဇွန်းဖြင့် ခြေကျွေးပါ၊ အသားကို နူးအောင်ချက်ပါ၊ နုပ်နုပ်စင်းပါ။
    •  အချိုရည်များတိုက်ခြင်း ရှောင်ကြဉ်ပါ။ ဘီစကစ်မုန့်ချိုများ မကျွေးပါနှင့်။
    • ကလေးစားချင်အောင် စိတ်ပါလက်ပါ တက်ကြွစွာ ကျွေးပါ/ချော့မြူကျွေးပါ။
    • သန့်ရှင်းမှု- ကလေးအတွက် အစာမင်ြဆင်မီ မိမိလက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် ဆေးပါ။
    • မိမိလက်နှင့်ကလေးလက်ကို အစာမကျွေးမီ စင်ကြယ်အောင် ဆေးပါ။
    • သန့်ရှင်းသော ပန်းကန်။ ခွက်တို့ဖြင့် အစာကျွေးပါ၊ ရေ၊ အရည်တိုက်ပါ။
    • ကလေးစားမည့်အစာများကို သန့်ရှင်းလုံးခြုံသောနေရာတွင် သိမ်ဆည်းပါ။

    ကလေးအသက် ၁၂-လ မှ ၂၄-လအတွင်း ဖြည့်စွက်စာကျွေးခြင်း
    • နေ့ရောညပါ ကလေးဆာတိုင်း မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။
    • ကလေးအသက် ၁၂-လမှ ၂၄-လအတွင်း ကလေးလိုအပ်သည့် အင်အားဓာတ် တစ်ဝက်ကို မိခင်နို့မှ ဖြည့်စွမ်းပေးသည်။
    • မိခင်နို့ဦးစွာတိုက်ပြီးမှ ဖြည့်စွက်စာ ကျွေးပါ။
    • အကြိမ်- ကလေးကို ဖြည့်စွက်စာတစ်နေ့ ၃-ကြိမ် ကျွေးပါ။ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ငှက်ပျောသီး၊ ထောပတ်သီး၊ ရာသီပေါ်သစ်သီးများ၊ ရွှေကန်စွန်းဥပြုတ်၊ မြန်မာမုန့်၊ မုန့်ကြွတ် စသော သွားရည်စာ ၂-ကြိမ်ကျွေးပါ။
    • ပမာဏ- တစ်ကြိမ်ကျွေးလျှင် ၂၅၀ စီစီဆန့် ပန်းကန်လုံးလေးပုံးသုံးပုံမှ တစ်ပန်းကန်ပြည့်စားမည်။
    • ကလေးကုန်အောင် စားနိုင်မစားနိုင် သိရှိရန် သီးသန့်ပန်းကန်ဖြင့်ကျွေးပါ။
    • အပျစ်အကျဲ-မိသားစုထမင်းဝိုင်းမှ အစာများကို အတုံးသေးသေး၊ အလွှာသေးသေး၊ လက်ဖြင့်ကိုင်စားနိုင်သော အရွယ် ပြင်ဆင်ပေးသင့်သည်။ 
    •  အစာအမျိုးအမယ်- တစ်ကြိမ်ကျွေးတိုင်း အစာအုပ်စု အားလုံးပါဝင်အောင် ကျွေးရမည်။
    • ကလေးစားချင်အောင် စိတ်ပါလက်ပါ တက်ကြွစွာ ကျွေးပါ/ချော့မြူကျွေးပါ။
    • သန့်ရှင်းမှု- ကလေးအတွက် အစာမင်ြဆင်မီ မိမိလက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် ဆေးပါ။
    • မိမိလက်နှင့်ကလေးလက်ကို အစာမကျွေးမီ စင်ကြယ်အောင် ဆေးပါ။
    • သန့်ရှင်းသော ပန်းကန်။ ခွက်တို့ဖြင့် အစာကျွေးပါ၊ ရေ၊ အရည်တိုက်ပါ။
    • ကလေးစားမည့်အစာများကို သန့်ရှင်းလုံးခြုံသောနေရာတွင် သိမ်ဆည်းပါ။
    အစာအမျိုးအမယ်
    အနည်းဆုံးအသက် ၂-နှစ်အထိ ကလေးကို မိခင်နို့ ဆက်လက် တိုက်ကျွေးပါ။
    အစာများကို ကြယ်-၄ ပွင့် အစာများဖြစ်အောင် ပေါင်းစပ်ကျွေးပါ။
    *ကြယ်တစ်ပွင့်- အခြေခံအစားများ- ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး။
    *ကြယ်တစ်ပွင့်-တိရစ္ဆာန်ကရသော အစားအစာများ- ကြက်၊ ငါး၊ အသည်း၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ ကျွေးပါ။ တိရစ္ဆာန်ကရသော အစားများသည် အလွန်အရေးကြီးသည်၊ ထိုအစာများ မကြာခဏပါဝင်စေပါ၊ ကျက်အောင် ချက်ပါ၊ နူးအောင်ချက်ပါ၊ နုပ်နုပ်စင်းပါ။
    *ကြယ်တစ်ပွင့်-ပဲအမျိုးမျိုး- ပဲနီလေး၊ ပဲကြီး၊ ကုလားပဲ၊ မြေပဲ နှင့် အစေ့အဆံများ (နှမ်း)။
    *ကြယ်တစ်ပွင့်- ဗီတာမင်အေကြွယ်ဝသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်မျာ- (သစ်သီမှည့်၊ သင်္ဘောသီးမှည့်၊ ပင်မှည့်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အရွက်များ၊ မုံလာဥနီ၊ ရွှေကန်စွန်းဥနှင့် ရွေဖရုံသီ) အခြား သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ (ငှက်ပျောသီး၊ ဖရဲသီး၊ နာနတ်သီး၊ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ခရမ်းသီးနှင့် ဂေါ်ဖီ)

    ဆီတစ်မျိုးမျိုး- တစ်နေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ကျွေးပါ။
    ဟင်းချက်ရာတွင် အိုင်အိုဒင်းဆားသုံးပါ။
    သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ငှက်ပျောသီး၊ ထောပတ်သီး၊ ရာသီပေါ်သစ်သီးများ၊ ရွှေကန်စွန်းဥပြုတ်၊ မြန်မာမုန့်၊ မုန့်ကြွတ် စသော သွားရည်စာများကို ထမင်းစားချိန်ကြား အသက်အရွယ်ပေါ်မူတည်ပြီး ၁-ကြိမ် ၂-ကြိမ်ကျွေးနိုင်သည်။

    *ကျန်းမာရေးဝန်ကြီးဌာန နှင့် ယူနီဆက်မြန်မာတို့ ပူပေါင်းထုတ်ဝေထားသော "၂-နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း ၂၀၁၆-ခုနှစ်" စာအုပ်မှ ကူးယူဖော်ပြသည်။

      No comments:

      Post a Comment

      Featured Post

      mNutrition အမျအာဟာရ

      What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...