Maternal Nutrition
ကိုယ်ဝန်(၁၂)ပတ်အတွင်း သန္ဓေသား ရဲ့ အာဟာရ လိုအပ်ချက်က မများလှပါဘူး။
အဲဒီအချိန်မှာဖြစ်တတ်တဲ့ မူးဝေအော့အန် အစားအသောက်ပျက်ခြင်းတွေကြောင့်
နေ့စဉ်စားသုံးမှုကိုတော့ ဂရုစိုက်ရပါမယ်။ အင်အားဓာတ် ကယ်လိုရီ ၃၀၀ ခန့်
ပိုလိုတာလို့ ထမင်းပိုစားဖို့ ထန်းလျက်ခဲတို့
မြေပဲတို့ကိုပိုမိုစားသုံးနိုင်ပါတယ်။ ပရိုတင်းဓာတ် ၁၀
ဂရမ်လောက်ပိုမိုလိုလာလို့ အသား ငါး ကြက်ဥ ဘဲဥ နို့ စတာတွေနဲ့
ဖြည့်တင်းနိုင်ပါတယ်။ အဓိကအနေနဲ့ သံဓာတ်ကိုပိုလိုအပ်တဲ့အတွက် သံဓာတ်ပါတဲ့
အစာတွေဖြစ်တဲ့ အသား အသွေး အသည်း နဲ့ အစိမ်းရောင် ဟင်းရွက်
ပဲမျိုးစုံတို့ကိုလည်းစားရပါမယ်။ ထုံးဓာတ်လိုအပ်ချက်လည်းများလာတာကြောင့်
ငါးကလေး ပုဇွန်ဆိတ် နဲ့ဟင်းနုနယ်ရွက်တို့ကိုလည်း စားပေးဖို့လိုပါတယ်။
ref: NNC
No comments:
Post a Comment