Friday, February 26, 2016

နို့ထွက်နည်းခြင်း

ဗွီဒီယိုကြည့်ရန်/ဒေါင်းလုပ်ဆွဲရန်
ကာကွယ်ရန်
  • ခဏခဏ နို့တိုက်ပါ။
  • မိခင်နို့ တစ်မျိုးတည်းကို နေ့ရောညပါတိုက်ပါ။
  • ဆာတိုင်း တိုက်ပါ။
  • ပုံစံမှန်ကန်စွာ ကလေးအား ချီပါ။
  • အနည်းဆုံး (၃)နာရီခြား တစ်ခါ မိခင်နို့ကို တိုက်ပါ။
  • မိသားစုမှ အခြားအိမ်မှုကိစ္စများကို ဝိုင်းလုပ်ပေးပါ။
  •  နို့ဘူး၊ ချိုလိမ် မသုံးပါနှင့်။
လကဏ္ခ ဏာ
  •  ကိုယ်အလေးချိန် ကောင်းစွာမတက်ခြင်း။
  •  ကလေး ဆီးသွားမှု နည်းခြင်း (တနေ့ ၆ကြိမ် ထက်နည်းခြင်း)။
  •  ကလေးမှာ နို့စို့ပြီးတိုင်း ကျေနပ်မှု မရှိခြင်း။
  •  မိခင်မှ မိမိနို့ မလုံလောက်ဟု ထင်ခြင်း။
ပြုလုပ်ရန်အချက်များ
  •  ရေ၊ အရည်၊ နို့မှုန့်တို့ကို မတိုက်ပါနှင့်။
  •  ဆာတိုင်းတိုက် ခဏခဏတိုက် ကြာကြာတိုက် နေ့ရောညပါ မိခင်နို့ကို တိုက်ပါ။
  •  ခါတိုင်းထက်ပို တိုက်ပါ။
  •  တညလုံး ကလေးအိပ်လျှင် နိုးပြီး တိုက်ပါ။
  •  နေ့ခင်း ကလေး (၃)နာရီကျော်အိပ်လျှင် နိုးပြီး မိခင်နို့တိုက်ပါ။
  •  ကလေးမှ နို့ငုံမှု ပုံစံကောင်းစွာ ရှိပါစေ။
  •  မိခင်အား နို့အလုံအလောက် ထွက်နိုင်ပါကြောင်း ယုံကြည်မှု ထူထောင်ပေးပါ။
  •  ကြီးထွားချိန် ကလေး နို့ပိုစို့ရန် လိုသည်။
  •  နို့တဖက်ကို မကုန်မချင်း တိုက်ပါ။ သို့မှသာ ရှေးဦးနို့ရည်နှင့် နှောင်းပိုင်း
နို့ရည်ကို ကလေး ရရှိပါမည်။

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...