- မိမိ၏ ရင်သွေးငယ် ကလေးများကို အသက် (၆) လ အထိ မိခင်နို့တမျိုးတည်း တိုက်ကျွေးပါမယ်။ အသက်(၆)လကျော်လာပြီးဆိုရင်တော့ ကလေးကိုဖြည့်စွက်စာ စတင်ကျွေးရပါတယ်။
- ကလေးကို ဖြည့်စွက်စာစတင်ကျွေးမွေးခြင်းဟာ သင်နဲ့သင့် မိသားစုအတွက် အလွန်အရေးပါ ပါတယ်။ ဖြည့်စွက်စာစတင်ကျွေးမွေးတဲ့ အချိန်မှာ သင်ဟာ သင့်ကလေးကို အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို စတင်ပြုစုပျိုးထောင်တဲ့အချိန်လည်း ဖြစ်ပါတယ်။
- ဖြည့်စွက်စာကို စနစ်တကျကျွေးခြင်းရဲ့ ရည်ရွယ်ကတော့ ကလေးဟာ (၆) လ အထိ အမေနို့စို့ရာမှ မိသားစုစားတဲ့အစားသောက်ကို စားနိုင်ဖို့ တဖြည်းဖြည်းပြောင်းလဲသွားစေနိုင်ဖို့ ဖြစ်ပါတယ်။
- ဖြည့်စွက်စာ စတင်ကျွေးမွေးရာမှာတော့ အစဉ်မပြေတာမျိုး အနည်းငယ်ရှိတတ်ပါတယ်။ အစားစာ တဲ့ပမာဏာ နဲ့ အစာခြေနိုင်မှုတွေဟာ ကလေးတစ်ဦးနဲ့ တစ်ဦးမတူနိုင်ပါ။ ဒါကြောင့် သင့်အနေနဲ့ စိတ်ရှည်လက်ရှည်နဲ့ သင့်ကလေးရဲ့ အစာစားချင်ကြောင်းပြသတဲ့ အမူအရာတွေကို စောင့်ကြည့်သင့်ပါတယ်။ ဒါမှ သင့်ကလေးရဲ့ အစာစားနိုင်စွမ်း ပို၍
တိုးတက်လာမှာ ဖြစ်ပါတယ်။ - ကလေးနဲ့ သင့်တော်တဲ့ အစားအစာကို ရွေးချယ်ကျွေးမွေးတတ်ဖို့ကလည်း ကလေးပြုစုစောင့်ရှောက်သူတွေ အတွက်အရေးကြီးပါတယ်။
- ဖြည့်စွက်စာကို စနစ်တကျကျွေးမွေးခြင်းဟာ သင်ကလေးရဲ့သွား
၊ မေးရိုးတွေ ကောင်းစွာ ဖွံ့ဖြိုးဖို့ အကူအညီပေးတဲ့ အပြင် စကားပြော
လည်း မြန်နိုင်ပါတယ်။
အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Friday, February 26, 2016
နို့တိုက်ကလေးတစ်ဦးအတွက် ဖြည့်စွက်စာကျွေးခြင်း လမ်းညွန်
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမျအာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment