အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Friday, February 19, 2016
#နို့ဘူးတိုက်ကျွေးခြင်းဟာ ဘာကြောင့် မကောင်းတာလဲ
ဖော်စပ်နို့မှုန့်တွေဟာ နွားနို့ကနေလုပ်ဆောင်ထားတာဖြစ်တယ်။ နွားနို့ဟာ နွားငယ်ကလေး များအတွက် ကောင်းမွန်ပါတယ် သို့ပေမယ့် ကလေးများအတွက် တော့ မကောင်းပါဘူး။
ရေးနိုင်ဖတ်နိုင်တဲ့ မိခင်တွေတောင်မှ နို့မှုန့်အများကြီးကို ရေအနည်းငယ်ဖြင့် ရောနှော ခြင်း သို့မဟုတ် နို့မှုန့် အနည်းငယ်ကို ရေအများကြီး ရောနှောခြင်း စတဲ့အမှားယွင်းတွေကို လုပ်ဆောင်တတ်ကြပါသည်။
ဒါ့ကြောင့် ကလေးငယ်တွေ ဟာ ရေ အလွန်အကျွံ့ သို့မဟုတ် အနည်းငယ် နဲ့ ဖျော်စပ်ထားတဲ့ နို့ကို မကြာခဏဆိုသလို သောက်သုံးကြရသည်။ ပိုဆိုးတာက ဖျော်စပ်တဲ့ရေဟာ မသန့်ရှင်းတာဖြစ်နိုင်ပါတယ်။
နို့ဘူးဖျော်စပ်ရာ တွင် ပိုးသတ်ထားတဲ့ ပုလင်းနဲ့ အလွန်သန့်ရှင်းတဲ့ ရေနွေးတို့ကို အထူးဂရုစိုက်ပြီး ဖျော်စပ်ရပါတယ်။ အထူးဂရုစိုက်ပြီး ဖျော်စပ်ထား ရင်တောင် ပဋိပစ္စည်း မပါရှိပါဘူး။
နို့ဘူး နဲ့ နိ်ု့သီးခေါင်း ကို သန့်ရှင်းရာတွင် ခက်ခဲတဲ့အတွက် ဂရုတစိုက်လုပ်ရပြီး အချိန်အများကြီးကုန်ပါတယ်။
ဘက်တီးရီးယားတွေ က နို့မှုန့်တွေကို ကြိုက်နှစ်သက်ပါတယ်။ သူတို့ဟာ လျင်မြန်စွာ မျိုးပွားနိုင်ပြီး ကလေးငယ်များကို ဖျားနာအောင် လုပ်ဆောင်နိုင်ကြတယ်။
နို့ဘူးတိုက်ကျွေးခြင်းဟာ အဟာရချို့တဲ့ခြင်း၊ဝမ်းပျက်ဝမ်းလျော၊ ကူးစက်ရောဂါ၊ ရေဓာတ်ချို့တဲ့ခြင်း နဲ့ သေဆုံးခြင်းတွေ ကို ဖြစ်စေတာဟာ သိပ်ပြီးအံ့သြကောင်းတာတော့ မဟုတ်ပါဘူး။
မိသားစု အများစု ဟာ သူတို့ရဲ့ကလေးငယ်များအတွက် ဖော်စပ်နို့မှုန့်တွေကို ဝယ်ယူဖို့ မတတ်နိုင်ကြပါဘူး။ နို့ဘူး၊ နို့သီးခေါင်း၊ ဂက်စ် သို့မဟုတ် လျှပ်စစ်မီး စတဲ့ နို့ဘူးကို ပြင်ဆင် စရိတ်ဟာလည်း ငွေကုန်ကြေးကျ များပါတယ်။
Ref: Order in Cartoon by SUN CSA Myanmar
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမ်အာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment