ကလေးများသည် ၄င်းတို့၏ စိတ်ရောကိုယ်ပါကောင်းစွာ ဖွံ့ဖြိုးရန်အတွက် ကျန်းမာရေးနှင့် ညီညွှတ်သော အစား အသောက် အများအပြားကျွေးရန် လိုအပ်ပါသည်။ မွေးစမှ ၂ နှစ် အထိအရွယ်သည် ကလေး၏ ဘဝအတွက် ဦးနှောက်များ ၊ အရိုးများ ကောင်းစွာ ဖွံ့ဖြိုးနိုင်ရန်
အတွက်အရေးကြီးဆုံးဖြစ်ပါသည်။
ကလေးများအတွက် မိခင်နို့နှင့် အတူကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက် အများအပြား လိုအပ်ပါ သည်။ တခါတရံတွင်၊ အစားအစာ စားသုံးမှု ညီညွှတ်မျှတမှုမရှိလျှင်လည်းကောင်း၊လုံလောက်မှု မရှိလျှင်လည်းကောင်း စိတ်ရောကိုယ်ပါ ကောင်းစွာဖွံ့ဖြိုးနိုင်ခြင်း မရှိပါ။
သင့်အနေဖြင့် သင့်၏ကလေး၏ ကိုယ်ခန္ဓာ အလေးချိန်၊ အရပ်အမြင့် တို့ကို ပုံမှန်စစ်ဆေးသင့်ပါသည်။ ၄င်းသည် (၂ ) နှစ်အောက် ကလေးများအတွက် အလွန်အရေးကြီးပါသည်။
သင့် ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုကို ပုံမှန်စောင့်ကြည့်ခြင်းဖြင့် သင့်ကလေး၏ ကြီးထွား ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာ များကို စောစီးစွာသိနိုင်ပါသည်။ စောစီးစွာသိနိုင်လျှင် စောစော ကုသနိုင်ပါသည်။
No comments:
Post a Comment