Friday, February 19, 2016

#‎သင့်အနေနဲ့ဒီအမိန့်ကြော်ငြာနဲ့ပါတ်သက်ပြီးဘာတွေလုပ်ပေးနိုင်သလဲ‬?

https://play.google.com/store/apps/details?id=org.koboc.collect.android&hl=en
Kobo Collect ကိုဒေါင်းရန်လင့်


ဟုတ်ကဲ့ သင်လုပ်ပေးနိုင်တာတွေရှိပါတယ်၊ အမိန့်ကြော်ငြာစာနှင့်ပတ်သက်ပြီး ရှင်းပြခြင်း နှင့် မိခင်များကို မိခင်နို့ရည်တိုက်ကျွေးရာတွင်ကူညီခြင်းအားဖြင့် လူတိုင်းပါဝင်နိုင်ပါတယ်။ ကုမ္ပဏီတွေက အမိန့်ကြော်ငြာတွေကို ချိုးဖောက်ခြင်းရှိမရှိကိုလည်း စောင့်ကြည့်ခြင်းအားဖြင့် ကူညီနိုင်ပါတယ်။ ကုမ္ပဏီတွေက ဥပဒေချိုးဖောက်နေသည်ကို သတိပြုမိလျှင် သင့်မိုလ်ဘိုင်းဖုန်းတွင် KoBo Collect ကို ထည့်သွင်းပြီ အစီရင်ခံ တိုင်ကြားနိုင်ပါသည်။ KoBo Collect ကို Google Play Store မှာလည်း ဒေါင်းလုတ်ဆွဲနိုင်ပါတယ်။

Kobo Collect ကို Install လုပ်ပြီးတာနဲ့ ပထမဆုံးတစ်ကြိမ်မှာ General Setting ကိုသွားပါ။ ပြီးရင် https://kc.humanitarianresponse.info/bmscodemonitor ဆိုတဲ့လင့်လေးကို General setting ထဲကURL မှာထည့်ပါ။ ထည့်ပြီးတာနဲ့ အင်တာနက် ခနဖွင့်ပြီး Get Blank Form ဆိုတဲ့ Block လေးကိုနိပ်ပါ။ ဖောင်ကျလာတာနဲ့ ဖောင်လေးကိုယူပြီး အင်တာနက်ပြန်ပိတ်လို့ရပါပြီ။

သင့်အနေဖြင့် အမိန့်ကြော်ငြာကို ချိုးဖောက်ခြင်းများတွေ့ရှိပါက Fill Blank Form မှာဝင်ပြီး မိမိလိုသလောက်ဖောင်များကို ဖြည့်ပြီး သိမ်းထားနိုင်ပါတယ်။ ဖောင်တွေကိုဖြည့်ဖို့အတွက် အင်တာနက်မလိုပါ။ သင်အင်တာနက် သုံးသည့်အခါမှ ဖောင်များအားလုံးကို တပြိုင်နက်တည်း Send Form ဖြင့် ပို့နိုင်ပါတယ်။

iPhone ကနေတဆင့် Report လုပ်ချင်လျှင် Kobo Collect ကို install လုပ်စရာမလိုဘဲ ဖုန်းတွင်ပါသော Web browser တွင်

https://ee.kobotoolbox.org/x/#YYaz ကို Bookmark လုပ်ထားပြီး အသုံးပြုနိုင်ပါတယ်။


ကျန်းမာရေးဝန်ကြီးဌာန၏ မြန်မာပြန်အမိန့်ကြော်ငြာစာ ကို http://www.moh.gov.mm/ ဝက်စ်ဆိုက် တွင်ရယူနိုင် ပါသည်။
သတင်းအချက်အလက်များကို ပိုမိုသိရှိရန် နှင့် အမိန့်ကြော်ငြာစာကို အင်္ဂလိပ်လို ရယူရန် “Protect, Promote and Support Breastfeeding” လို့ခေါ်တဲ့ Facebook Group https://www.facebook.com/groups/bmscodemonitor
မှာပါဝင်ဆွေနွေးနိုင်ပတယ်။ သင်သည်လည်း မြန်မာ့နိုင်ငံ အနာဂါတ်မျိုးဆက်သစ်များ ကျန်းမာသုခ အစဉ်ရရှိရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်ပါတယ်။.

No comments:

Post a Comment

Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...