Saturday, February 20, 2016

Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလည်း

ဒေါင်းလုပ်ဆွဲရန်/ဗွီဒီယိုကြည့်ရန်

Dr. Tint Swe's Writings
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာစေရမည်
Monday, February 15, 2016


၁။ ဆရာရှင့် ကျမက ကျောင်းဆရာမပါ။ ၂ လအရွယ် သမီးလေးရှိပါတယ်။ မဖြစ်မနေသင်တန်းတက်ရမှာမို့ နို့ကိုညှစ်ပြီး ဘူးနဲ့ထားခဲ့ချင်ပါတယ်။ ကျန်းမာရေးနဲ့ညီမညီ။ ဘယ်လိုထားရမယ်ဆိုတာ ဖြေပေးစေချင်ပါတယ်ရှင့်။

၂။ ကျမသားလေးက ၁ လခွဲပါ။ နို့ကတော့မိခင်နို့ နဲ့ နို့ဗူးနဲ့ တိုက်ပါတယ်။ မိခင်နို့ထက် နို့ဗူးစို့ ရတာပိုများပါတယ်။ ကျမ အလုပ်ဝင်တဲ့အတွက်ကြောင့် မနက်နဲ့ ည အနည်းငယ်သာ မိခင်နို့ စို့ရပါတယ်။ နို့ကလည်း ကလေး သိပ်မစို့ ရတဲ့အတွက် ညစ်ရင်အထွက်နည်းပါတယ်။ ကလေးကို ဖြစ်နိုင်ရင် မိခင်နို့ သာတိုက်ချင်ပါတယ်။ အခြေအနေကြောင့်သာ ကလေးစို့ဖို့ အချိန်မပေးနိုင့်ဖူး။ နို့သန့်အောင်လုပ်လို့ ရတဲ့နည်းရှိရင်သိချင်ပါတယ်။ ညစ်သိမ်းထားပြီး တိုက်ချင်လို့ ပါ။

၃။ ဆရာ ကလေးအမေတယောက်နဲ့ အပျိုကလေးမလေးတယောက်ငြင်းနေတာကြားလို့ ရီချင်လို့ ဆရာ့ကိုမေးရအုံးမယ်။ ကလေးအမေကပြောတယ် သူက အလုပ်လုပ်တဲ့သူဆိုတော့ ကလေးအတွက်သူ့ နို့ရည်ညှစ်ခဲ့ပြီး ရေခဲသေတ္တာထဲ သိမ်းရင် တလလောက်ခံတယ်လို့ပြောတာ၊ အပျိုမက မဖြစ်နိုင်ဘူး၊ ဘယ်ကောင်းတော့မလည်းတဲ့။

မိခင်နို့ရည်ကို ဘယ်လိုထားသိုမလည်း မူကွဲ (၄) မျိုးကိုရေးပါမယ်။
(၁) တင်ထားပြီးစာ။ ကလေးထားခဲ့ပြီး အလုပ်သွားတဲ့ မိခင်နို့ကနေ လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့နို့ကို -
• အခန်းတွင်း အပူချိန် (66-72°F, 19-22°C) မှာ ၁ဝ နာရီကြာထားနိုင်တယ်။
• အခန်းတွင်းအပူချိန်က နွေးနေရင် 80-90°F / 27-32°C ၃-၄ နာရီအထိ၊
• အပူချိန် 61-79°F / 16-26°C မှာ ၄-၈ နာရီ (အကောင်းဆုံးက ၃-၄ နာရီ)၊
• အပူချိန် 59°F / 15°C မှာ ၂၄ နာရီ၊
• အပူချိန် 32-39°F / 0-4°C မှာ ၃-၈ ရက် (အကောင်းဆုံးက ၃ ရက်)၊
• ရေခဲသေတ္ကာထဲမှာ (32-39°F, 0-4°C) ၈ နာရီကြာထားနိုင်တယ်။ ရေခဲသေတ္ကာထဲမှာ နောက်နား ကပ်ထားပါ။
• ခဲခန်းနဲ့ ရေခဲသေတ္ကာနဲ့တွဲရှိတဲ့ ခဲခန်းထဲမှာ ၃ ပါတ်ကြာထားနိုင်တယ်။
• ရေခဲသေတ္ကာနဲ့ တံခါးတပေါက်စီရှိတဲ့ ၃-၄ လအထိ။
• သီးသန့် ခဲသေတ္ကာထဲမှာ (0°F, -19°C) (<39°F / <4°C) ၆ လအထိထားနိုင်တယ်။
• ခဲထားပြီးနို့ကို ပြန်ပျော်စေပြီးနောက် ရေခဲသေတ္ကာထဲမှာ ၂၄ နာရီထားပြီးလဲ သုံးနိုင်တယ်။
• အေးနေအောင်ထားသိုတဲ့နို့က ခဲနေအောင်ထားတဲ့နို့ထက် ရောဂါပိုးခုခံအား ပိုတယ်။
• ခဲနေအောင် သိုလှောင်ချင်ရင် နို့ကို အရင်ဆုံးအေးနေအောင်လုပ်ပြီးမှ ခဲစေပါ။
• နို့ကို ပျက်စီးအောင်ထားပေမဲ့ အချိန်ကြာလာရင် သတ္ကုနံ့ရမယ်။ ဆပ်ပြာဆန်ဆန်ဖြစ်လာမယ်။ ပျက်စီးသွားတာ မဟုတ်ပါ။ အထဲက အင်ဇိုင်း တချို့ ဓါတ်ပြောင်းသွားလို့ဖြစ်တယ်။ အဲလိုနို့ကို ကလေးတိုက်နိုင်တယ်။ တကယ်လို့ ကလေးက မသောက်ချင်ဘူးဆိုရင် နို့ကိုနွေးပြီးနောက်မှ အေးတာထဲထည့်သိမ်းပါ။
• မိုက်ခရိုဝေ့ဖ် မသုံးပါနဲ့။
• အပူချိန်မတိုင်းခင် နို့ကို လှုပ်မွှေပေးပါ။
• နို့ကိုနွှေးရင် ပွက်တဲ့အထိ အပူမပေးပါနဲ့။

(၂) The Baby Center Editorial Team အဆို -
• အခန်းတွင်းအပူချိန် (၆ဝ-၈၅ အက်ဖ်) = ၄ နာရီ။ ဒါပေမယ့် အခန်းတွင်းက အေးတဲ့နေရာမှာဆိုရင် ၈ နာရီ။
• ရေခဲသေတ္တာထဲမှာ ၃-၅ ရက်။ အေးခဲထားရင် ဒိထက်ကြာကြာထားသိုနိုင်တယ်။
• ခဲထားတာကို ပြန်ပြီး နို့ရည် ဖြစ်အောင်လုပ်ထားတဲ့မိခင်နို့ကိုတော့ ရေခဲသေတ္တာထဲမှာ ၂၄ နာရီအထိသာထားပါ။
• ခရီးသွားစရာရှိရင် ရေခဲဗူးထဲမှာ ၂၄ နာရီ။

(၃) U.S. Centers for Disease Control (CDC) အဆို -
• ရေခဲသေတ္တာခဲခန်း (အေးခန်းနဲ့ ခဲခန်းတံခါးတခုသာရှိတဲ့) ထဲမှာ ၂ ပါတ်အထိ။
• ရေခဲသေတ္တာခဲခန်း (အေးခန်းနဲ့ ခဲခန်းတံခါးတခုစီရှိတဲ့) ထဲမှာ ၃-၆ လအထိ။
• အလွန်ခဲစေတဲ့ခဲခန်းထဲမှာ ၆-၁၂ လအထိ။
မှတ်ချက်။ နို့ကို ရေခဲသေတ္တာနဲ့ အလွန်ခဲစေတဲ့ခဲခန်းထဲမှာ နောက်ဖက်နားမှာထားသိုပါ။ နို့မညှစ်မီ မိမိလက်ကကိုဆေးကြောပါ။ နို့ထည့်မဲ့ဗူးကလည်းသန်ပ့ါစေ။ နို့ကိုညှစ်ပြီး ခဲစရာထဲမှာတန်းထည့်ပါ။

(၄) Mayo Clinic အဆို -
• အခန်းတွင်းအပူချိန် = ၄-၆ နာရီအထိ။
• လေလုံရေခဲဗူး = ၂၄ နာရီ။
• ရေခဲသေတ္တာ နောက်နား = ၅ ရက်အထိ။ ရေခဲသေတ္တာကိုတခြားကိစတွေအတွက်သုံးနေရင် ၃ ရက်။
• အလွန်ခဲစေတဲ့ခဲခန်းထဲမှာ ၁၂ လအထိ။ ဒါပေမယ့် ၆ လအထိသာသုံးပါ။
• ကလေးကိုတိုက်မယ်ဆိုရင် အရင်ဆုံးသိမ်းထားခဲ့တာကို အရင်ထုတ်သုံးပါ။ ကလေးကိုမတိုက်မီ အေးနေတဲ့နို့ကို ရေပူပိုက်ကရေနွေးမှာ နို့ဗူးကိုထားပြီးဖြစ်ဖြစ် ရေနွေးခွက်ထဲမှာ နို့ဗူးကိုထားပြီးဖြစ်ဖြစ် ပြန်နွေးအောင်အရင်လုပ်ပါ။

ဒေါက်တာတင့်ဆွေ

Tint Swe at 3:03 PM

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...