Tuesday, March 8, 2016

မိခင်နို့စောစီးစွာတိုက်ကျွေးနိုင်ရန်ကြိုးပမ်းခြင်း Early Initiation of Breastfeeding



ဗွီဒီယိုကြည့်ရန် ဒေါင်းလုပ်ဆွဲရန်

ပထမဦးဆုံးမိခင်နို့စတင်တိုက်ကျွေးခြင်း
ကျန်းမာတဲ့မွေးကင်းစကလေးငယ်အများစုတွေဟာ မွေးပြီး နာရီအနည်းငယ်အတွင်းမှာပဲ မိခင်ရဲ့နို့ချိုဆီကို သူတို့ဘာသာ တဖြည်းဖြည်းရွေ့လျားပါတယ်။
အဲဒီလို မွေးပြီးချင်းနို့တိုက်ကြွေးခြင်းဟာ ကလေးငယ် အသက်ရှင်သန်ဖို့အတွက် အရေးပါသလို မိခင်နဲ့ကလေးကြားက သံယောဇဉ်ကိုလည်း ဖြစ်စေပါတယ်။
ဒါဟာသဘာဝဖြစ်စဉ်ဆိုပေမယ့် မွေးပြီးချိန် မွေးခန်းထဲမှာ တိတ်ဆိတ်နေပြီး မိခင်နဲ့ ကလေးကို အနှောင့်အယှက်မပေးမှသာ အောင်မြင်နိုင်ပါတယ်။
မိခင်နို့ဆီရောက်ဖို့အချိန်ဟာ ကလေးတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။
ဒီပြကွက်လေးတွေဟာ ပထမဦးဆုံး မိခင်နို့တိုက်ကြွေးခြင်းကို မွေးခန်း ၃-နေရာမှာ မတူညီတဲ့ မွေးဖွားပုံတွေနဲ့ မှတ်တမ်းတင်ပြထားတာပါ။
မွေးပြီးချင်း ကလေးငယ်ကို မိခင်ရဲ့ ဝမ်းဗိုက်ပေါ်မှာ တင်ထားပေးပါ။
ကလေးငယ်ကို သန့်ရှင်းတဲ့ အဝတ်ခြောက်နဲ့ သန့်စင်ပေးပါ။
ကလေးဟာ အသက်ရှုနေပြီး လှုပ်ရှားနေပြီဆိုရင် အားလုံးအဆင်ပြေပါတယ်။
ကလေးကို ကာကွယ်ပေးထားတဲ့ အရေပြားပေါ်က အဖြူရောင်အလွှာကို သုတ်လိုက်ပါ။
ပြီးရင် သန့်ရှင်းတဲ့ အဝတ်ခြောက်နဲ့ ကလေးကို ခြုံပေးထားပါ။
ကလေးရဲ့လက်ကလေးတွေမှာပေနေတဲ့ အရည်တွေဟာ အမေနို့သီးခေါင်းကထွက်တဲ့အနံ့နဲ့ တူနေတဲ့အတွက်ကြောင့် ကလေးဟာ နို့သီးခေါင်းကို ရှရတာပိုလွယ်စေပါတယ်။
ဒါကြောင့် ကလေးရဲ့လက်ကအရည်တွေကို မသုတ်ဖိုနဲ့ ကလေးကို နို့မတိုက်ခင် နို့သီးခေါင်းကို ဆေးလိုက်တာမျိုး မလုပ်မိစေဖို့ အရေးကြီးပါတယ်။
မွေးပြီးမိနစ်အနည်းငယ်ကြာရင် မိခင်ရဲ့ဝမ်းဗိုက်ပေါ်မှာရှိနေတဲ့ ကလေးရဲ့ ချက်ကြိုးကို ဖြတ်နိုင်ပါတယ်။
မွေးဖွားပြီး အနည်းဆုံး တစ်နာရီ (သို့မဟုတ်) ပထမဦးဆုံး နို့စို့သည်အထိ ကလေးငယ်ကို သူ့မေမေပေါ်မှာ အနှောင့်အယှက်မပေးဘဲ တိတ်တိတ်လေးနေပါစေ။
ကလေးတိုင်းဟာမွေးမွေးပြီးပြီးချင်းမှာ လှုပ်ရှားနေတတ်ကြပါတယ်။
မျက်လုံးတွေက ပွင့်နေတယ်၊ ပြီးရင် ပတ်ဝန်းကျင်ကအနံ့တွေကို အာရုံခံပါတယ်။
ပြီးရင်တော့ ကလေးဟာလက်တွေ၊ ခြေထောက်တွေ နဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားပြီး မိခင်ရဲ့နို့အုံဆီကို သူ့ဘာသာ ရွေ့လျားသွားပါတယ်။
အခုဆိုရင်ကလေးက လှုပ်ရှားလာပါပြီ။
ကလေးဟာပါးစပ်တွေပွင့်လာတယ်၊ ပြီးရင်သူ့ရဲ့လက်တွေကို ပါးစပ်ထဲထည့်ပြီးစုပ်နေတတ်တယ်။ ဒါဟာသူနို့စို့ချင်တယ်ဆိုတဲ့လက္ခဏာပါ။
ကလေးဟာသူရဲ့လက်မှာပေနေတဲ့ အရည်တွေနဲ့ အနံ့ချင်းတူတဲ့ နို့သီးခေါင်းဆီကို အရောက်လှမ်းပါတယ်။
ကလေးဟာဒီိလိုပြုလုပ်နိုင်ဖို့ အချိန်အနည်းငယ်တော့လိုပါတယ်။
သူဟာနို့သီးခေါင်းကို သူ့ဘာသာရှာတွေ့သွားတဲ့အခါ လက်နဲ့အားရပါးရ ကိုင်ပြီးစို့ဖို့ကြိုးစားပါတယ်။
နောက်ဆုံးတော့သူဟာ နို့သီးခေါင်းကိုကိုင်ပြီး ပါးစပ်နဲ့ငုံကာ စို့ပါတော့တယ်။
ဒီဖြစ်စဉ်မှာကလေးဟာ နို့သီးခေါင်းကိုသူကိုယ်တိုင်ရှာတာ အကောင်းဆုံးပါပဲ။
ကလေးကို နို့အုံဆီသို့ တွန်းပို့တာတို့ နို့အုံပေါ်မှာတန်းပြီးစို့ခိုင်းတာတို့ မလုပ်သင့်ပါဘူး။
ဒါဟာသဘာဝအလျောက်နို့စို့တာကို အနှောင့်အယှက်ဖြစ်စေပါတယ်။
တကယ်လို့ ကလေးကနို့စို့ပြီးသွားရင်တောင် မိခင်ရဲ့ရင်ဘက်ပေါ်မှာ ၁ နာရီလောက်ကြာအောင်ထားလိုက်ပါ။
ဒါဆိုရင်မိခင်လည်း ကလေးမွေးပြီး အနားယူချိန်ရသွားတာပေါ့။
ကလေးငယ်ကို မေမေ့ရဲ့ အဝတ်ဖုံးမထားတဲ့ ဗိုက်သားပြင်ပေါ်မှာပဲထားပြီး အဝတ်နဲ့ သန့်စင်ပေးပါ။
ကလေးငယ်ကို လွတ်လပ်စွာ လှုပ်ရှားစေပြီး ငိုပါစေ။
မေမေ့ရဲ့ချိုချိုတွေကို သူ့ဟာသူ ရှာတွေ့စေဖို့ ကလေးရဲ့လက်လေးတွေကို မူလအတိုင်းပဲ စိုစွတ်နေပါစေ။
ကလေးရဲ့ ကိုယ်ပေါ်မှာတော့ အဝတ်ခြောက်နဲ့ ဖုံးအုပ်ပေးထားပါ။
ကလေးနဲ့မိခင်ကို အနှောင့်အယှက်မပေးဘဲ သဘာဝအတိုင်းသာ ထားလိုက်ပါ။
ကလေးဟာ အလိုလိုနိုးကြားလာပြီး လှုပ်ရှားလာပါလိမ့်မယ်။
သူဟာသူ့ရဲ့ပတ်ဝန်းကျင်သစ်ကိုစူးစမ်းနေပါလိမ့်မယ်။
ကလေးဟာသွားရည်တွေကျလာမယ်။ ပြီးရင်သူ့ရဲ့လက်မလေးကိုစုပ်နေမယ်ဆိုရင်တော့ ဒါဟာနို့စို့ချင်တဲ့လက္ခဏာတွေပါ။
ကလေးဟာမိခင်ရဲ့နို့သီးခေါင်းဆီကို အနံ့ခံရင်းတဖြေးဖြေး အရောက်လှမ်းလာပါတယ်။
ကလေးဟာလျှာကိုထုတ်ရင်း မိခင်ရဲ့နို့သီးခေါင်းကို စုပ်ယူဖို့ကြိုးစားလာပါတယ်။
ကလေးငယ်ဟာ ကောင်းမွန်စွာမမြင်နိုင်သေးပေမယ့် မေမေ့ကို ကြည့်နေပါတယ်။
ပြီးရင်တော့ ချိုသီးခေါင်းကို ငုံပြီး အားရကျေနပ်သည်ထိ စို့ပါတော့တယ်။
နို့ဝသွားရင်တော့ ကလေးရော မိခင်ပါ ခဏအနားယူပါတယ်။
မွေးပြီးပြီးချင်းမှာပဲ ကလေးနဲ့ မိခင်ကို အသားအရေချင်းထိကပ်ထားဖို့လိုပါတယ်။
ကလေးရဲ့ လက်လေးတွေကလွဲလို့ ကျန်တဲ့နေရာတွေမှာ အဝတ်ခြောက်နဲ့ သုတ်ပေးရပါမယ်။
မွေးကင်းစကလေးငယ်တွေရဲ့ သဘာဝအတိုင်း “ရှေ့သို့ရွေ့လျားခြင်း” ဖြစ်တာကြောင့် ကလေးကို မိခင်ရဲ့ဗိုက်ပေါ်တင်တဲ့အခါမှာလည်း ကလေးရဲ့ ပါးစပ်ဟာ မိခင်ရဲ့ နို့အုံအောက်ဘက်မှာပဲ ရှိနေရပါမယ်။
ကလေးငယ်ဟာ မိခင်နဲ့အသားချင်းထိကပ်နေပေမယ့် အနည်းငယ် အိပ်ချင်နေပါတယ်။ မေမေ့ရဲ့နို့ချိုကိုစို့ဖို့ အချိန်အနည်းငယ် ယူရပါဦးမယ်။ ဒီလိုဖြစ်တာဟာ ပုံမှန်ဖြစ်စဉ်ပါပဲ။
အခုတော့ ကလေးဟာ နိုးကြားလာပြီး ပတ်ဝန်းကျင်ကို အထိအတွေ့ အနံ့ခံအာရုံတွေနဲ့ စူးစမ်းပါပြီ။
ကလေးဟာသူ့ပတ်ဝန်းကျင်ကို ကိုင်ကြည့်တယ်၊ ခံစားတယ် ပြီးရင်အနံ့ခံပါတယ်။
ခြေတွေလက်တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားပြီး မေမေ့ရဲ့ နို့ချိုဆီကို တဖြည်းဖြည်းရွေ့လျားလာပါပြီ။
Breastfeeding Series
ကလေးဟာဦးခေါင်းကို လှုပ်ရှားပြီး ချိုသီးခေါင်းကို ရှာဖွေပါတယ်။
ချိုသီးခေါင်းကို တွေ့သွားတဲ့အချိန်မှာတော့ ပါးစပ်နဲ့အပြည့်ငုံပြီး နို့ချိုတွေကို စို့ယူပါတော့တယ်။
ကနဦးစောင့်ရှောက်မှုတွေဖြစ်တဲ့ ဗီတာမင် K (သို့မဟုတ်) မျက်လုံးအမြင်အာရုံကာကွယ်ခြင်းတွေကို မိခင်ရဲ့ ဝမ်းဗိုက်ပေါ်ရှိနေချိန်မှလည်း ဆောင်ရွက်နိုင်ပါတယ်။
မွေးပြီးချက်ချင်းရေချိုးပေးတာမျိုးမလုပ်ပါနဲ့ အနည်းဆုံးတစ်ရက်လောက်နေမှသာ ကလေးငယ်ကို ရေချိုးပေးသင့်ပါတယ်။
ကမ္ဘာ့နေရာတော်တော်များများမှာတော့ “ပထမဦးဆုံးနို့ချိုတိုက်ကြွေးခြင်း”အလေ့အထမရှိသေးပါဘူး။
မွေးကင်းစကလေးငယ်တွေဟာ ဒီလိုအရမ်းကောင်းမွန်တဲ့ သဘာဝဖြစ်စဉ်ကို မွေးခန်းထဲက လူတွေရဲ့အမှားကြောင့် လွဲချော်ခဲ့ကြရပါတယ်။
ဒီလိုမဖြစ်အောင် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲ။
မိခင်လောင်းမမွေးဖွားခင်မှာ “ပထမဦးဆုံးနို့ချိုတိုက်ကြွေးခြင်း” ရဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြရမယ်။
အဲဒီအလေ့အကျင့်ဟာ သူမကလေးရဲ့ ကောင်းမွန်မှန်ကန်ဆုံး “ဘဝရဲ့အစ” ဆိုတာ ရှင်းလင်းပြောဆိုရမယ်။
ကလေးနဲ့မိခင်ကို အနှောင့်အယှက်ကင်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ မွေးခန်းထဲမှာ အချိန်ကြာကြာရှိနေစေရမယ်။ ကလေးကို ပေါင်ချိန်ဖို့ဆိုတာမျိုး မွေးကင်းစလေးပြုစုခြင်းလုပ်ငန်းတွေဟာ နောက်ပိုင်းမှလုပ်လို့ အချိန်တွေရှိပါသေးတယ်။
မိခင်ဟာ မွေးခန်းထဲကနေ တခြားနားနေခန်းထဲကို ပြောင်းသွားရင်တောင် ကလေးငယ်ကို မိခင်ရဲ့ဗိုက်ပေါ်မှာ အသားချင်းထိကပ်နေအောင် ထားရပါမယ်။
ဒါဟာကလေးအတွက်အများကြီး အကျိုးရှိစေပါတယ်။
မိခင်ရဲ့နို့ချိုကို သူ့ဘာသူ ရှာဖွေစို့ယူလို့ရတဲ့ အခြေအနေမျိုး ဖန်တီးပေးရပါမယ်။
Breastfeeding Series
သတိထားရမယ့် အချက်တွေက
မွေးပြီးချင်း ကလေးကို မိခင်နဲ့ အသားချင်း ထိကပ်နေစေဖို့ အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။
မိခင်ရဲ့နို့ချိုကို သူ့ဘာသူ ရှာတွေ့စေဖို့ ကလေးရဲ့ လက်တွေကို ဆေးကြောသုတ်သင်တာတွေ မလုပ်ပါနဲ့။
ကိုယ်ပြုစုပြီးမွေးဖွားပေးရမယ့် ကလေးတိုင်းရဲ့ ပထမဦးဆုံး နို့ချိုစို့ယူခြင်းကို စိတ်ရှည်စွာနဲ့ ဆောင်ရွက်ပေးသင့်ပါတယ်။
Translation Credit: +aungye htut 

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...