အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Tuesday, March 8, 2016
နို့သီးခေါင်းနာကျင်ခြင်း Nipple Pain
ဗွီဒီယိုကြည့်ရန်/ဒေါင်းလုပ်ဆွဲရန်လင့်
© Global Health Media Project www.globalhealthmedia.org
နို့သီးခေါင်းနာကျင်ခြင်း
နို့သီးခေါင်းမှာကွဲအက်ခြင်း၊ သွေးထွက်ခြင်းတွေကြောင့် တခါတလေမှာ အလွန်နာကျင်တတ်ပါတယ်။
နို့သီးခေါင်းကွဲခြင်းဟာနို့အုံပိုးဝင်ခြင်းကိုပါ ဆက်ဖြစ်စေပါတယ်။
ဒီဗွီဒီယိုမှာနို့သီးခေါင်းနာကျင်တဲ့မိခင်ကို ဘယ်လိုဆန်းစစ်ပြီးဘယ်လိုကူညီရမလဲဆိုတာ တွေ့ရပါလိမ့်မယ်။
ဒီလိုမဖြစ်အောင်ကလေးကိုမွေးပြီးပြီးချင်းနာရီအနည်းငယ်အတွင်းမှာ ပုံစံမှန်ကန်စွာ နို့တိုက်တတ်ဖို့
လိုပါတယ်။
မွေးပြီးခဏနေရင်ကလေးကမိခင်နို့ကိုသူကိုယ်တိုင်ရှာစို့ခြင်းဟာ နို့ငုံကောင်းခြင်းကို ဖြစ်စေပါတယ်။
နို့အုံနာကျင်ခြင်းကို ကာကွယ်ဖို့ဆိုရင် ကလေးမွေးတဲ့မိခင်တိုင်း ကလေးကိုကောင်းစွာနို့တိုက်တတ်ဖို့ လိုပါတယ်။
မိခင်နို့အုံနာကျင်ပြီဆိုတာနဲ့ ချက်ချင်းကူညီးပေးဖို့လို့ပါတယ်။
ပထမဆုံး မိခင်နို့ဘယ်လိုတိုက်မလဲ ကြည့်ပါ။
တကယ်လို့ကလေးပါးစပ်က ကျယ်ကျယ်မပွင့်ဘူးဆိုရင် နို့သီးခေါင်းကို စို့နေလို့ပါပဲ။
မိခင်ရဲ့လက်က ကလေးနို့စို့တာကို အဟန့်အတားဖြစ်နေတတ်ပါတယ်။
ကလေးဟာနို့သီးခေါင်းကိုပဲ အလွယ်တကူစို့နေမယ်ဆိုရင် နို့သီးခေါင်းက နာကျင်နေတတ်ပါတယ်။
ဒါဆိုရင် ကလေးရဲ့ပါးစပ်ထောင့်ကို လက်ချောင်းသန့်သန့်လေးထည်းပြီး နို့ကိုဖယ်ရှားလိုက်ပါ။
ချွန်ချွန်လေးဖြစ်နေတတ်ပါတယ်။
ကလေးကနို့စို့ရင် လျှာနဲ့အာခေါင်က နို့သီးခေါင်းကိုညှစ်ထားတဲ့အတွက် နို့သီးခေါင်းချွန်နေရခြင်းဖြစ်ကြောင်း မိခင်ကို ရှင်းပြပါ။
ဒီလိုဆိုရင် နို့သီးခေါင်းနာကျင်ခြင်းကို ဖြစ်စေတတ်ပါတယ်။
နို့တိုက်တာ သက်တောင့်သက်တာရှိဖို့ဆိုရင် ကလေးနို့ငုံကောင်းဖို့လိုအပ်ပါတယ်။
ကလေးပါးစပ်ကျယ်ကျယ်ပွင့်ရင် နို့သီးခေါင်းက အာခေါင်ရဲ့နောက်ကို ရောက်နေမှာဖြစ်ပါတယ်။
ဒီလိုဆိုရင်နို့သီးခေါင်းလဲ မနာတော့ပါဘူး။
ယှဉ်ကြည့်လိုက်မယ်ဆိုရင် နို့ငုံမကောင်းတဲ့ကလေးနို့စို့ရင် အာခေါင်ကဖိတဲ့အတွက် နို့သီးခေါင်းက ချွန်နေတတ်ပါတယ်။
ဒီကလေးကတော့ နို့တွေအများကြီးရနေမှာဖြစ်ပါတယ်။
ကလေးနို့ငုံကောင်းစေရန် မိခင်ကို ကူညီပေးပါ။
မိခင်ခန္ဓာကိုယ်နဲ့ ကလေးနဲ့ကပ်နေရမယ်၊ ကလေးရဲ့ခန္ဓာကိုယ်ဟာ ဖြောင့်တန်းပြီး နို့အုံကိုပဲ မျက်နှာမူနေရမယ်။
ကလေးရဲ့နို့သီးခေါင်းနဲ့ နှာခေါင်းဟာ တစ်တန်းတည်းဖြစ်နေရမယ်။
ကလေးဟာနို့နံ့ရရင် ပါးစပ်ကပွင့်လာပါလိမ့်မယ်။
ကလေးပါးစပ်အကျယ်ဆုံးပွင့်လာတဲ့အထိ စိတ်ရှည်စွာစောင့်ပြီး နို့ကို ကလေးပါးစပ်ထဲ မြန်မြန်ထည့်လိုက်ပါ။
နို့စတင် စီးဆင်းမှုကောင်းအောင် နို့အုံကို အသာအယာညှစ်ပေးနိုင်ပါတယ်။
ကလေးခန္ဓာကိုယ်က မိခင်နဲ့ပိုကပ်နေရင် ကလေးနို့ငုံပိုကောင်းမှာပါ။
နို့ငုံကောင်းတယ်ဆိုတာ ကလေးပါးစပ်ကျယ်ကျယ်ပွင့်နေရမယ်။ အမဲကွင်းက အောက်ဘက်ထက် အပေါ်ဘက်မှာ ပိုပြီးမြင်နေရမယ်။ မေးစေ့ကနို့အုံနဲ့ထိနေပြီး အောက်နှုတ်ခမ်းက လန်နေရမယ်။
နို့ငုံမကောင်းတဲ့ ကလေးမိခင်ရဲ့နို့သီးခေါင်းနဲ့ယှဉ်ကြည့်လိုက်ရင် သူမရဲ့နို့သီးခေါင်းက လုံးနေမှာဖြစ်ပါတယ်။
နို့ငုံတဲ့ပုံစံတွေကိုလဲနှိုင်းယှဉ်ကြည့်လိုက်ပါ။
ဒီကလေးရဲ့ပါးစပ်က ကျယ်ကျယ်မပွင့်ပါဘူး။ အမဲကွင်းကလဲ အပေါ်နဲ့အောက် အတူတူမြင်နေရပါတယ်။ ကလေးရဲ့မေးစေ့ကလဲ နို့အုံကိုထိရုံထိထားတာပါ။ အောက်နှုတ်ခမ်းကလဲ အတွင်းဘက်ကို ပြန်ဝင်နေတာတွေ့ရပါတယ်။
ဒီကလေးရဲ့ပါးစပ်ကတော့ကျယ်ကျယ်ပွင့်ပါတယ်။ အမဲကွင်းကလဲ အောက်ဘက်ထက် အပေါ်ဘက်မှာ ပိုမြင်ရပါတယ်။ မေးစေ့ကလဲ နို့အုံကိုဖိကပ်ထားပါတယ်။ အောက်နှုတ်ခမ်းကလဲ အပြင်ဘက်ကို လန်နေတာ တွေ့ရပါတယ်။
အခုဆိုရင်ဒီမိခင်ဟာ သူ့ကလေးကို ဘယ်လိုနို့တိုက်ရမယ်ဆိုတာ နားလည်သွားပါပြီ။
ဒါ့အပြင် ကလေးကိုကောင်းစွာနို့တိုက်နိုင်ဖို့ တစ်ခြားအကြံပေးစရာတွေလဲရှိပါသေးတယ်။
ကလေးကို နို့မတိုကခင်နို့ကို အရင်ညှစ်ထုတ်နိုင်ပါတယ်။
ကလေးနို့ငုံကောင်းစေဖို့ လက်မောင်းနဲ့ပွေ့ပြီး မိခင်ရင်ခွင်ထဲမှာ နီးကပ်စွထားပါ။
နို့တိုက်နေရင်းနို့ကို အသာအယာညှစ်ပေးရင် ကလေးနို့များများစို့နိုင်သလို နို့လဲမြန်မြန်ဝစေပါတယ်။
နို့သီးခေါင်းမှာပေနေတဲ့ နို့တွေကနို့သီးခေါင်းနာကျင်ခြင်းကို သက်သာစေပါတယ်။
နို့သီးခေါင်းမှာပေနေတဲ့နို့တွေကို ခြောက်အောင်ထားပြီး နို့ကိုလေသလပ်ထားလိုက်ပါ။
တစ်ခါတစ်လေနို့သီးခေါင်းနာကျင်ခြင်းဟာကလေးရဲ့ပါးစပ်ထဲမှာရှိတဲ့ မှတ်ခရုကြောင့်ပိုစိုးစေပါတယ်။ ဒါကြောင့်ကလေးပါးစပ်ထဲမှာ အဖြူဖတ်တွေရှိမရှိ စစ်ဆေးရပါမယ်။ တွေ့ခဲ့ရင်လဲ စစ်ဆေးဖို့လိုပါတယ်။
တကယ်လို့မိခင်က HIV ရောဂါရှိတယ်ဆိုရင် သွေးထွက်တဲ့ဘက်က စမတိုက်ပဲကောင်းတဲ့ဘက်က စတိုက်သင့်ပါတယ်။
နို့သီးခေါင်းက အနည်မကျက်မခြင်း အဲ့ဒီဘက်ကနို့ရည်ကို ညှစ်ထုတ်ပစ်နိုင်ပါတယ်။
ပြီးမှ ကလေးကိုနှစ်ဖက်လုံးက နို့ရည်ကိုတိုက်ပါ။
ကလေးကိုပုံစံမှန်ကန်စွာနို့တိုက်ခြင်းဖြင့် နို့သီးခေါင်းနာကျင်ခြင်းကို မြန်မြန်ပျောက်ကင်းစေကြောင်း အားပေးပါ။
တကယ်လို့ နို့သီးခေါင်းဟာနောက်ရက်တွေမှာလဲနာနေသေးတယ်ဆိုရင် ပြန်လာပြခိုင်းပါ။
သတိထားရမယ့်အချက်တွေက
နို့သီးခေါင်းနာကျင်ခြင်းဆိုတာအဖြစ်များပါတယ်။ ဒါပေမယ့် ပုံမှန်ဖြစ်စဉ်တော့မဟုတ်ပါဘူး။
ကလေးကိုနို့တိုက်တဲ့အခါ သက်တောင့်သက်သာရှိဖို့လိုပါတယ်။
ကလေးကိုပုံစံမှန်ကန်စွာနို့တိုက်ခြင်းဖြင့် နို့သီးခေါင်းနာကျင်ခြင်းကို ကာကွယ်နိုင်သလို ဖြစ်လာရင်လဲ
သက်သာစေပါတယ်။
ကလေးပါးစပ်ကနို့သီခေါင်းကိုပဲမငုံပဲ ပါးစပ်ကျယ်ကျယ်ပွင့်ရမယ်ဆိုတာကို မမေ့ပါနဲ့။
ဆိုတာအဖြစ်များပါတယ်။ ဒါပေမယ့် ပုံမှန်ဖြစ်စဉ်တော့မဟုတ်ပါဘူး။
Translation Credit: +aungye htut
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမျအာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment