Saturday, March 19, 2016

သတင်းအချက်အလက် နှင့် ပညာပေးခြင်း


ကုမ္ပဏီတွေဟာ သူတို့ပစ္စည်းတွေကို မလိုအပ်တဲ့ မိဘတွေကို တွန်းအားမပေးသင့်ပါဘူး။ မိခင်နို့ရည်တိုက်ကျွေးခြင်းနှင့်ပတ်သက်ပြီးကူညီနိုင်ရန် ကျန်းမာရေးဝန်ထမ်းများအားသင်တန်းပေးခြင်းဖြင့် လူတိုင်းကလေးငယ်များ အစားအစာကျွေးမွေးခြင်းဆိုင်ရာ သတင်းအချက်အလက်ကောင်းများ ရရှိစေရေးတို့ကို  သေချာစွာဆောင်ရွက်ရန် မှာ အစိုးရ၏တာဝန်တစ်ရပ်ဖြစ်သည်။


မည်သူမဆို မိခင်များအတွက်  လက်ကမ်းစာအုပ် သို့မဟုတ် အသိပညာပေး ပစ္စည်းများကို ထုတ်လိုလျှင် ရှင်းရှင်းလင်းလင်း ဖော်ပြရမည့် အချက်များမှာ-

o   မိခင်နို့ရည်တိုက်ကျွေးခြင်း ရဲ့ တန် ဖိုး

o   နို့ဘူးတိုက်ခြင်းကြောင့် မိခင်နို့ရည်တိုက်ကျွေးခြင်းကို မည်သို့ မည်ပုံပိုမိုခက်ခဲပုံ

o   ၆ လ မှ စပြီး ဖြည့်စွက်စာ ကျွေးခြင်းရဲ့ အရေးကြီးပုံ၊ ဒေသထွက် ပစ္စည်းတွေကို အသုံးပြုပြီး မိမိအိမ် မှာ ဖြည့်စွက်အစားအစာတွေကို ဘယ်လို ပြင်ဆင်လို့ရပုံ

o   မိခင်တွေဟာ သူတို့ကိုယ်တိုင် အဟာရဖြစ်အောင်ဘယ်လိုနေထိုင်ရန် နှင့် မိခင်နို့ရည် တိုက်ကျွေးရန် ဘယ်လို ပြင်ဆင်ရန်

လက်ကမ်းစာအုပ်များ နှင့် တစ်ခြားအသိပညာပေး ပစ္စည်းများတွင် မိခင်များကို နို့ဘူးတိုက်ကျွေးစေရန် အားပေးသည့် အရာများနှင့် မိခင်နို့ရည်တိုက်ကျွေးခြင်းဟာ ရှုပ်ထွေးစေ သည့် ပုံဖော်ဆောင်ပေးသည့် အမှတ်တံဆိပ် သို့မဟုတ် နာမည်၊ ဆရာဝန်ပုံ ၊ သူနာပြု ၊ သို့မဟုတ် မည့်သည့် ပုံမဆို ၊ စာသား စတဲ့ အရာများ မရှိသင့်ပါ။


Ref: Order in Cartoons by SUN CSA Myanmar

No comments:

Post a Comment

Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...