ကုမ္ပဏီတွေဟာ နို့မှုန့်များကို ဆေးရုံများ/ဆေးပေးခန်းများ သို့ အဘယ့်ကြောင့်ပေးကြသနည်း။
တကယ်လို့ ဖော်စပ်ထားတဲ့ နို့မှုန့် အမြောက်အများကို အခမဲ့ ရယူနိုင်လျှင် အလုပ်ရှုပ်တဲ့ ကျန်းမာရေးလုပ်သား များဟာ အချိန်ယူပြီး သင်ကြားပေးနေရတဲ့ မိခင် မှ ကလေးကို မိခင်နို့ရည်တိုက်ကျွေးခြင်းကို ကူညီနေ မည့်အစား ဖော်စပ်ထားတဲ့ မိခင်နို့ရည် အစားထိုး ပစ္စည်းတွေကို အသုံး ပြုလိမ့်မည်။ မိခင်တွေဟာ ကလေးမွေးပြီးပြီးခြင်း မိခင်နို့ရည် ကို မတိုက်ဘူးဆိုရင် သူမ အတွက် မိခင်နို့စတိုက်ဖို့ ခက်ခဲသည်ထက် ပိုပြီး ခက်ခဲ လာသည်ကို တွေ့ရှိလိမ့်မည်။ မိ်ခင်နို့ရည် ဟာ လည်း မကြာမှီ ခြောက် ခန်းလာ မည်။ သူမ ဟာ ကုမ္ပဏီ ထုတ်လုပ်တဲ့ နို့ကို သူမ ကလေးငယ် ၁ နှစ် သို့ ၂ နှစ် တိုင် သည် အထိ ဝယ်ယူ ရမည်။ ထို နည်းလမ်း အားဖြင့် ကုမ္ပဏီ များသည် ငွေ အမြောက် အများ ကို ရရှိကြသည်။
ကျန်းမာရေးလုပ်သားများသည် ကလေးငယ်များအတွက်ဖော်စပ်နို့မှုန့်ကို အမှန်တကယ်လိုအပ်သည့် အနည်းစု ဖြစ်သော မိခင်များ ကိုသာ ဖော်စပ်အသုံးပြုပုံကို သရုပ်ပြပေးရမည်။ တစ်ခြားသူများကို ပြသပေးရန်မလိုပါ၊ ပမာဏမမှန်ကန်ခြင်း နှင့် အစားအစာကို မှန်ကန်စွာမပြင်ဆင်ခြင်းတို့သည် ကျန်းမားရေးအန္တရာယ် ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည် ကို သတိပေးနှိုးဆော်ရမည်။
ဆေးရုံ များ နှင့် ဆေးပေးခန်းများ သည် ပိုစတာ၊ ကြီးထွားမှုပြဇယား၊ မှတ်စု၊ ပြက္ခဒိန်၊ ထီး၊ ကလေးငယ် ဖြည့်စွက်စာများ ပုံ၊ နို့ဘူးတိုက်ကျွေးခြင်းကို ထင် ဟပ်စေသည့် ပုံ စတဲ့ မည်သည့် ဈေးကွက်ကြော်ငြာများကိုမျှ ခွင့်မပြု သင့်ပါ။
မိခင်နို့ရည် အစားထိုးပြုလုပ်သည့် ကုမ္ပဏီများသည် ကျန်းမာရေး လုပ်သားများကို ဆက်သွယ်ခြင်း၊ ကျန်းမာရေးလုပ်သား များ ဆီသို့ အသိပညာပေး ပစ္စည်းများ ဖြန့်ဝေခြင်း၊ သို့မဟုတ် ကျန်းမာရေးအသိပညာပေး အစီအစဉ်များကို ကျန်းမာရေးစောင့်ရှောက်မှု့ စနစ်၏ အတွင်း သို့မဟုတ် အပြင် တွင် စီစဉ်ခြင်းများ မပြုလုပ်သင့်ပါ။
Ref: Order in Cartoon by SUN CSA Myanmar
No comments:
Post a Comment