Thursday, April 21, 2016

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု သတင်းထုတ်ပြန်ချက်

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု သတင်းထုတ်ပြန်ချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် ဧပြီ ၂ဝ

၁။ ကြက်ငှက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံရှိ မန္တလေးဒေသနှင့် စစ်ကိုင်းဒေသတို့တွင် ၂ဝဝ၆ ခုနှစ်၌ စတင်ဖြစ်ပွားခဲ့ပြီး ၂ဝ၁၅ ခုနှစ်ထိ စုစုပေါင်း (၇)ကြိမ် ကျရောက်ဖြစ်ပွားခဲ့ပါသည်။ ၂ဝဝ၆ ခုနှစ် ရောဂါကျရောက် စဉ်ကလည်း မုံရွာမြို့ပါဝင်ခဲ့ပြီး မုံရွာမြို့ ကြက်/ငုံးမွေးမြူရေး အထူးဇုန်တွင် ၂ဝ၁၅ ခုနှစ်တွင်လည်း ကြက်ငှက်တုပ်ကွေးရောဂါ ကျရောက်ဖြစ်ပွားခဲ့ကာ ပိုးမျိုးခွဲ (H5N1) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၂။ ယခုနှစ်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ကြက်/ ငုံးမွေးမြူရေး အထူးဇုန်အတွင်းရှိ ကြက်ခြံများတွင် (၃-၄-၂ဝ၁၆) ရက်မှ စ၍ ကြက်များစတင်သေဆုံးခဲ့သောကြောင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဓာတ်ခွဲခန်းများတွင်စစ်ဆေးခဲ့ရာံ၅ နှင့်ံ၉ ဗိုင်းရပ်စ် ပိုးများ ဖြစ်ကြောင်း
 တွေ့ရှိရသဖြင့် ရောဂါဖြစ်ပွားမှုအား လျင်မြန်စွာထိန်းချုပ်နိုင်ရန်အတွက် ဦးစီးဌာနမှ ပညာရှင် အဖွဲ့များနှင့် ဒေသဆိုင်ရာ အဖွဲ့များ ပူးပေါင်း၍
 ရောဂါဖြစ်ပွားနေမှုအား ထိန်းချုပ်နိုင်ရေး ကြီးကြပ်ဆောင် ရွက်ခြင်း၊ ရောဂါ ကူးစက်မှုမပြန့်ပွားစေရန် ဇီဝလုံခြုံမှုပိုမိုမြှင့် တင်ဆောင် ရွက်ခြင်း၊ ပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့သို့ ကနဦး သတင်းပေးပို့ခြင်း များ ဆောင်ရွက်ထားပါကြောင်းနှင့် ဗိုင်းရပ်စ်ရောဂါ ပိုးမျိုးခွဲ N နှင့် ပတ်သက်ပြီး ဆက်လက်အတည်ပြု နိုင်ရန် ဒေသဆိုင်ရာ ရည်ညွှန်းကိုးကားဓာတ်ခွဲခန်းဖြစ်သည့် သြစတြေးလျနိုင်ငံGeelong ရှိ တိရစ္ဆာန်ကျန်းမာရေးဓာတ်ခွဲခန်း (Australia Animal Health Laboratory- AAHL) သို့ နမူနာ ပစ္စည်း ပေးပို့စစ်ဆေးလျက်ရှိပါသည်။ အဆိုပါဓာတ် ခွဲခန်းမှ ရောဂါပိုးမျိုးခွဲ အတည်ပြုစစ်ဆေးချက် ရရှိပါက ကြက်ငှက် တုပ်ကွေးရောဂါဖြစ်ပွားမှုသတင်းအား ဆက်လက် ထုတ်ပြန်သွား မည်ဖြစ်ပါသည်။

၃။ အခြားသော တိုင်းဒေသကြီး/ပြည်နယ်များရှိ ကြက်၊ ငှက်များတွင်သာမက လူသို့ ကြက် ငှက်တုပ်ကွေးရောဂါ ကူးစက်မှုမရှိစေရန် အတွက် အောက်ပါ အချက်အလက်များအား လိုက်နာဆောင် ရွက်ကြရန် အသိပေးအပ်ပါသည်-

(က) ဆောင်းခိုငှက်များနှင့် အိမ်မွေး ကြက်၊ငှက်၊ ဘဲ၊ ငုံးများ ဆက်စပ် ထိတွေ့မှု မရှိစေရေး ဂရုပြုဆောင်ရွက်ရန်။

(ခ) ကြက်၊ ဘဲ၊ ငုံး စသည့် ကြက်ငှက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ရန်။

(ဂ) ကြက်ငှက်မွေးမြူရေးခြံများနှင့် ကြက်၊ ဘဲအရှင်ဈေးများတွင် ပိုးသတ် သန့်စင်ခြင်း လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ရန်နှင့် ခြံပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် မွေးမြူရေးခြံသုံး ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ရန်။

(ဃ) ကြက်မွေးမြူရေးခြံအတွင်းသို့ဝင်ပါက နှာခေါင်းစည်း၊ လက်အိတ်စသည့် အကာ အကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန်၊ ကြက်ငှက်များကို ကိုင်တွယ်ပြီး တိုင်း၊ ကြက်ခြံမှ ထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ရန်။

(င) ကြက်၊ ငှက်၊ အသား၊ ဥ စသည်တို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးရန်။

(စ) ကြက်ငှက်များ ရုတ်တရက်သေဆုံးကြောင်းသိရှိရပါက နီးစပ်ရာ အုပ်ချုပ်ရေး အဖွဲ့၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်တို့ သို့ ချက်ချင်းသတင်းပို့ရန်။

(ဆ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

Monday, April 11, 2016

ဂျပန်ဉီးနှောက်ရောင်ရောဂါ Japanese Encephaliti

ဂျပန်ဉီးနှောက်ရောင်ရောဂါ Japanese Encephalitis ရောဂါသည် Culex tritaeniorhychus ခြင်သယ်ဆောင်သော flavivirus အနွယ်ဝင် Japanese encephalitis virus ကြောင့်ဖြစ်ပွားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် အများဆုံးဖြစ်ပွားပြီး ဉီးနှောက်တစ်သျှူးများရောင်ရမ်းပျက်စီးခြင်းကို ဖြစ်ပေါ်စေပါသည်။ ယနေ့တိုင် ထိရောက်သောကုသဆေးများ မရှိသေးဘဲ ပြင်းထန်သောကူးစက်မှုများတွင် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှုမရှိပါက အသက်သေဆုံးသည်အထိ အန္တရာယ်ပေးနိုင်ပါသည်။ အသက်ဆုံးရှုံးမှုမရှိဘဲ ပြန်ကောင်း လာသည့်လူနာများ၏တစ်ဝက်ခန့်သည်လည်း နားလေးခြင်း၊ မျက်စိကွယ်ခြင်း၊ ကိုယ်လက်မသန်စွမ်းခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ စိတ်မူမမှန်ခြင်းစသည့် နောက်ဆက်တွဲများဖြစ်ပေါ်နိုင်ပါသည်။ ဝက်၊ငှက်၊ခို၊ဘဲ၊ လင်းနို့များတွင် ခိုအောင်းနေတတ်ပြီး လူများ၊ နို့တိုက်သတ္တဝါများဖြစ်သောကျွဲ၊နွား၊ မြင်းများကို ကူးစက်နိုင်ပါသည်။ 

ဂျပန်ဉီးနှောက်ရောင်ရောဂါသည် လူများတွင်ကူးစက်ပါက များသောအားဖြင့် ရောဂါလက္ခဏာ မပြတတ်ဘဲ ကူးစက်ခံရသူ၏ ၁% ခန့်သာ ဂျပန်ဉီးနှောက်ရောင်သည့် လက္ခဏာများခံစားရပါသည်။ ရောဂါပျိုးချိန်မှာ ၅ရက်မှ ၇ရက်ထိဖြစ်ပါသည်။ ရောဂါကူးစက်ပြီး ရှေးဉီးလက္ခဏာများ (ProdromalStage) ဖြစ်သော ဖျားခြင်း၊ တုံခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်းများမှာ ပထမ ၁ရက်မှ ၆ရက်ထိ ဖြစ်လေ့ရှိပြီး တခါတရံ ၂၄နာရီထက်တိုတောင်းပြီး တခါတရံ ၁၄ရက်ခန့်ထိ ကြာမြင့်တတ်သည်။ ၎င်းနောက် ရောဂါလက္ခဏ၏ပြင်းထန်လာကာ (Acute Encephalitis stage) လူ၏သတိနှင့် သက်ဆိုင်သောလက္ခဏာ များ ဖြစ်သော စိတ်အာရုံခံစားမှုမကြည်လင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ရှုပ်ထွေး၍ ဝေခွဲမရဖြစ်ခြင်း၊ စိတ်ဂဏာမငြိမ်ဖြစ်ခြင်း၊ ကယောင်ကတန်းဖြစ်ခြင်း၊ ပတ်ဝန်းကျင်ကိုစိတ်ဝင်စားမှု မရှိဘဲ တချိန်လုံး ငိုက်မြည်းလာခြင်း၊ အခြေအနေပိုဆိုးရွားလာပါက တက်ခြင်း၊ ဇက်ခိုင်ခြင်း၊ ကြွက်သားများတောင့်တင်းလာခြင်း၊ မျက်နှာအကြောများတင်းလာပြီး မိမိပုံမှန်မျက်နှာ အမူအရာဖြင့် ပြသနိုင်မှု မရှိခြင်း Mask face၊ စကားပြောသည့်အခါ လျှာလေးခြင်း၊ခန္ဓာကိုယ်မှ အကြောများ "တုတ်ခြင်း၊ ဆွဲခြင်း" အရည်ခမ်းခြောက်မှုခံစားရခြင်း Dehydrtion၊ ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ဖြစ်ပွားလာပါသည်။ 

ထို့နောက် အချို့လူနာများမှာ ပြန်လည်ကောင်း မွန်လာပြီး (Recovery) အချို့မှာ ဉီးနှောက်နှင့်အာရုံကြောများထိခိုက်သည့်ဒဏ်ကျန်ရှိနေခဲ့နိုင်ပါသည်။ (Persistence of signs of CNS injury) ဖြစ်သည့် စကားပြောသည့်အခါ အသံလေး၍မပီသခြင်း၊ အသံမထွက်တော့ခြင်း၊ နှင့် ကိုယ်အဂါင်္မသန်စွမ်းတော့ခြင်းတို့ဖြစ်ပွားတတ်ပါသည်။ လူနာသည် အသက်မသေသော်လည်း ကိုယ်အဂါင်္အစိတ်အပိုင်းတစ်ခု ချို့ယွင်းမှုများစွဲမြဲစွာ ကျန်ခဲ့လေ့ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် ထူးခြားစွာ ကျွဲ၊နွား၊မြင်းများ ရုတ်တရက်သေဆုံးခြင်း၊ ဝက်များသားလျောခြင်း၊ ရှိမရှိကို စောင့်ကြပ်ကြည့်ရှုရန် လိုအပ်ပါသည်။ အဆိုပါဖြစ်စဉ်များရှိပါက ချက်ချင်း ကျန်းမာရေးဌာနအဆင့်ဆင့်သို့ သတင်းပေးပို့၍ လိုအပ်သော ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ရန် လိုပါသည်။ ရောဂါဖြစ်ပွားလာပါက ဂျပန်ဉီးနှောက်ရောင် ရောဂါဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသည့် Culex ခြင်သက်ကြီးကောင်များကို ချက်ခြင်းသေစေရန် ပိုးသတ်ဆေးမှုတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်ပါသည်။အဆိုပါခြင်များသည် ရေမြောင်းများ၊ စပါးခင်းများရှိ ရေတင်ကျန်နိုင်သောနေရာများတွင်ပေါက်ပွားလေ့ရှိပါသည်။ ယခင်က ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန်မှာ ခြင်ကိုက်ခံရခြင်းမရှိစေရန် တစ်ကိုယ်ရည်ကာကွယ်ခြင်း ဖြစ်ပါသည်။ ယခုအခါ ဂျပန်ဉီးနှောက်ရောင်ရောဂါကာကွယ်ဆေးများရရှိနိုင်ပြီဖြစ်ပါသဖြင့် ရောဂါဖြစ်ပွားတတ်သည့်နေရာများတွင် ကလေးအသက် ၉လမှစတင်၍ ထိုးနှံနိုင်ပါသည်။ အသက် ၁၈နှစ် မှစ၍ လူကြီးများတွင် တစ်လုံးသာထိုးရန် လိုအပ်သော်လည်း ကလေးများတွင်ကာကွယ်မှုပိုမို ကြာရှည်စေရန် ပထမအကြိမ်ကာကွယ်ဆေးထိုးပြီး ၁နှစ်မှ ၂နှစ်အကြာတွင် နောက်ထပ်တစ်လုံး ထပ်မံထိုးရန် လိုအပ်ပါသည်။



#ရန်ကုန်တိုင်းဒေသကြီးပြည့်သူ့ကျန်းမာရေဦးစီးဌာနမှကူးယူဖော်ပြသည်

Monday, April 4, 2016

အာဟာရ ဆိုတာ

အာဟာရ ဆိုတာ


ကျန်းမာရေးကောင်းမွန်ဖို့ဆိုရင် အဓိက အကျဆုံးကတော့ အာဟာရပြည့်ဝ တဲ့အစားအစာ စားသုံးခြင်းပါပဲ။ ကျန်းမာကြံ့ခိုင်သူတွေကသာ သာယာ ဖွံ့ဖြိုး တဲ့ အိမ်ထောင်စုကို ဖန်တီးနိုင် ကြသလို တိုးတက်တဲ့ ရပ်ရွာနဲ့ လူ့မှု အသိုင်း အဝိုင်းကိုလည်း တည်ဆောက်နိုင်ကြ ပါတယ်။ အာဟာရပြည့်ဝတဲ့ ကလေး ငယ်တွေဟာလည်း ဖျားနာ မှုကင်းဝေးပြီး ကောင်း စွာဖွံ့ဖြိုးကြီး ထွား ကြပါ တယ်။ ကျောင်းနေစဉ်မှာလည်း ထူးချွန်ကြသလို အလုပ်လုပ်တဲ့အ ခါမှာ ဝင်ငွေကောင်းကြတာတွေ့ရပါတယ်။ ကျန်းမာသန်စွမ်းတဲ့ မျိုးဆက်သစ် ကလေး ငယ်တွေ ကိုလည်း မွေးဖွား လေ့ရှိပါတယ်။


အာဟာရချို့တဲ့မှုရဲ့ ဆိုးကျိုးတွေက ဘာပါလဲ


ကမ္ဘာတစ်ဝှမ်းမှာ ငါးနှစ်အောက်ကလေးတွေ သေဆုံးရတဲ့အဓိက အကြောင်း အရင်းတွေ ထဲမှာ အာဟာရချို့ တဲ့ခြင်းလည်း တစ်ခုအပါအ ဝင်ပါ။ မြန်မာနိုင်ငံမှာ ကလေးငယ် သုံးဦး တွင် တစ်ဦးမှာ အာဟာရချို့ တဲ့ခြင်းကြောင့် ဖွံ့ဖြိုးမှုချို့တဲ့နေကြပါတယ်။ အာဟာရမပြည့်ဝတဲ့ ကလေး သူငယ်တွေဟာ ပိုမိုချူချာကြသလို စာလိုက်နိုင်ခြင်းမရှိကြပါဘူး ။ ဒီလို ကလေး ငယ်တွေကို အာဟာရပြည့်ဝတဲ့ ကလေးတွေ နဲ့ ယှဉ်ကြည့် ရင် အောင်မြင်တဲ့ လူကြီးဘဝ သို့ရောက်ဖို့ ခက်ခဲကြပြီး အလုပ်အကိုင် အခွင့် အလမ်း နည်းပါးကြပါတယ်။ ဒါ့အပြင် ဝင်ငွေ လည်း နိမ့်ပါးကြပါတယ်။


အာဟာရချို့တဲ့တဲ့ အမျိုးသမီးကနေ ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးေ တွ မွေး ဖွားကြသ လို အာဟာရချို့ တဲ့ခြင်းသံသရာကိုလည်း ဆက်ဖြစ်ပေါ်စေ ပါတယ်။ အာဟာရချို့တဲ့ခြင်းဟာ တစ်ဦးအလိုက် သာမက အိမ်ထောင်စု နဲ့ ရပ်ရွာလူထုတစ်ရပ်လုံးကို စီးပွားရေးရှုထောင်မှ ထိခိုက်စေ ပါ တယ်။ အာဟာရချို့တဲ့မှုဖြစ်ရခြင်းမှာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အစား အစာ အမျိုးအစာတွေ မရှိတာကြောင့် ဖြစ်ပါတယ်။


အချုပ်ဆိုရရင် အာဟာရချို့တဲ့ခြင်းဟာ ကျန်းမာရေး နဲ့ ပညာရေး ဆိုင် ရာ ပြဿနာ ၊ အလုပ် လက်မဲ့နဲ့ ဝင်ငွေနည်းပါးခြင်း တို့ကို ဖြစ်စေပါတယ်။


ရှေ့လာမယ့် အပတ်တွေမှာ


- အာဟာရချို့တဲ့ရတဲ့အကြောင်းတွေ

- အာဟာရနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ

- အာဟာရနဲ့ အစာအုပ်စုများ

- အာဟာရချို့တဲ့ခြင်းရဲ့ လက္ခဏာများ


စတဲ့ အာဟာရဆိုင်ရာ အသိပညာတွေကို အပိုင်းလိုက် ဆက်လက်မျှဝေသွားပါမယ်။

Credit: Save the Children in Myanmar (Facebook page)


Saturday, April 2, 2016

ကလေးငယ်များ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုများရှိစေရန် အသက်အရွယ်အလိုက် သတ်မှတ်ထားသော အစားအသောက်များကို ကျွေးမွေးရန်လို

ကလေးငယ်များ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုများရှိစေရန် အသက်အရွယ်အလိုက် သတ်မှတ်ထားသော အစားအသောက်များကို ကျွေးမွေးရန်လို
==================================


ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုများရှိစေရန် အတွက် အသက်အရွယ်အလိုက် သတ်မှတ်ထားသော အကြိမ်အရေ အတွက်အတိုင်း အစားအသောက် များ ကျွေးမွေးသင့်ကြောင်း ယူနီ ဆက်ဖ်မြန်မာမှ Nutrition Specialist ဖြစ်သူ ဒေါက်တာကျော်ဝင်း စိန်က ပြောသည်။

အသက်အရွယ်အလိုက် ဖြည့်စွက်စာကျွေးရန်လို
*****************************************************
အသက်ခြောက်လမှ ရှစ်လ အတွင်းရှိ ကလေးများအား တစ်နေ့ လျှင်သုံးကြိမ်၊ ကိုးလမှ ၁၁လအထိ ကလေးငယ်များအား တစ်နေ့လျှင် လေးကြိမ်နှင့် အသက်တစ်နှစ်နှင့် အထက်ကလေးများအား ထမင်း၊ ဟင်းကို တစ်နေ့သုံးကြိမ်နှင့် သရေ စာကို နှစ်ကြိမ်ခန့်ကျွေးသင့်ကြောင်း သရေစာကျွေးရာတွင်လည်း ဆန် နှင့်ပြုလုပ်ထားသောမုန့်များနှင့်အသီး အနှံများကိုသာ ကျွေးသင့်ကြောင်း သိရသည်။

''မိခင်နို့က မွေးကင်းစကလေး တွေအတွက် အကောင်းဆုံးအာဟာရ ပါ။ မွေးပြီးနာရီဝက်အတွင်းမိခင်နို့ ကို စတင်တိုက်ပါ။ မီးဖွားပြီးတစ် ရက်နှစ်ရက်မှာ ထွက်တဲ့မိခင်ရဲ့နို့ရည် ကြည်(နို့ဦးရည်)ကို တိုက်ဖြစ်အောင် တိုက်ပါ။ ညှစ်မပစ်ပါနဲ့။ ကလေး အသက်ခြောက်လအထိ မိခင်နို့တစ် မျိုးတည်းကိုသာ တိုက်ကျွေးပါ။ ရေ အပါအဝင် အခြားအရည်အဖတ် ဘာမှကို မတိုက်ကျွေးသင့်ပါဘူး''ဟု ဒေါက်တာကျော်ဝင်းစိန်ကဆက် လက်ပြောသည်။
မိခင်နို့ကို ကလေးဆာသည့် အခါတိုင်း နေ့ရောညပါတိုက်ကျွေး ပြီး မိခင်နို့ကို ကလေးအသက်တစ် နှစ်ခွဲ၊ နှစ်နှစ်အထိဆက်တိုက် တိုက် ကျွေးဖို့လိုအပ်ကြောင်း သိရသည်။

ကလေးအသက်ခြောက်လပြည့် လျှင် မိခင်နို့နှင့်အတူအခြားသော အစားအစာများ ဆန်ပြုတ်၊ ထမင်း ပျော့ပျော့ကို ဆီအနည်းငယ်ထည့်၍ ကျွေးခြင်း၊ ပဲ၊ အသား၊ ငါး၊ ဥ၊ ဟင်း သီးဟင်းရွက်များစသည်တို့ကိုနူးနပ် အောင် ချက်ပြုကာ ကလေးအား တဖြည်းဖြည်း အကျင့်လုပ်ကာ စတင် ကျွေးခြင်း၊ လတ်ဆတ်သောငှက်ပျော သီးမှည့်၊ သင်္ဘောသီးမှည့်နှင့် အသီး အနှံများကို ကျွေးသင့်ပြီး ယင်းသို့သား၊ ငါး၊ သီးနှံစုံအောင်ကျွေးမှသာလျှင် ကလေးပုံမှန်ကြီးထွားနိုင်မည်ဖြစ် ကြောင်း သိရသည်။

အခြားဂရုစိုက်ရမည့်အချက်များ
***********************************
''ကလေးတွေမှာ အများဆုံးဖြစ် တဲ့ရောဂါတွေကတော့ ကုသ၊ ကာ ကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။အဓိကကတော့ တစ်ကိုယ်ရည် သန့် ရှင်းရေး ဂရုစိုက်ရမယ်။ ကလေး အတွက်လိုအပ်တဲ့ကာကွယ်ဆေးတွေ ကိုအကြိမ်ပြည့်ထိုးေ ပးရမယ်''ဟု ကလေးအထူးကုဆရာဝန် ဒေါက် တာမြင့်လွင်က ပြောသည်။

ယင်းအတွက်ကြောင့် ကလေး များပုံမှန်ဖွံ့ဖြိုးကြီးထွားရန်အတွက် မှာ အာဟာရပြည့်ဝစွာကျွေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက် ခြင်း၊ ကလေးများ၏ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လိုအပ်သည့်ကာကွယ် ဆေးများအား အကြိမ်ပြည့်ထိုးခြင်း၊ တိုက်ခြင်း၊ ကလေးကြီးထွားဖွံ့ဖြိုးမှု များကို မှတ်တမ်းတင်ထားခြင်းတို့မှာ အလွန်လိုအပ်ကြောင်း သိရသည်။

''ကလေးတွေမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားတို့လို ရောဂါတွေ မဖြစ်ရအောင် နေ့ဘက်ပဲ ဖြစ်ဖြစ်၊ ညဘက်ပဲဖြစ်ဖြစ် ကလေး တွေ အိပ်ရင်ခြင်ထောင်နဲ့အိပ်ရမယ်။ နောက်ပတ်ဝန်းကျင်သန့်ရှင်းရေးကို လဲ ဂရုစိုက်ရမယ်။ အဲဒါမှသာ ဝမ်း ပျက်၊ ဝမ်းလျှောရောဂါဖြစ်တာတွေ ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်'' ဟု ဒေါက်တာမြင့်လွင်က ပြောသည်။

ကလေးငယ် နေမကောင်းဖြစ်လျှင်
************************************
ကလေးများနေမကောင်းဖြစ် ပါက အစားမဖြတ်ခြင်း၊ အရည်ပို တိုက်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကာ၊ ဖျားလျှင် မက်ကလောင်ဖောက်ခြင်း များကို မပြုလုပ်သင့်ဘဲကျွေးနေကျ အတိုင်းကျွေးရန်နှင့် နာလန်ထချိန် တွင် အစာကို ပိုကျွေးသင့်ကြောင်း သိရသည်။

''ကလေးနာလန်ထချိန်မှာ အ စားပိုကျွေးရမယ်။ ကလေးစိတ်ကို ပျော်ရွှင်အောင်ထားရမယ်။ ကလေး တွေအတွက် လိုအပ်တဲ့အာဟာရ တွေ ကျွေးတာမျိုး လုပ်ပေးရမယ်။ နောက်တစ်ခုက ကလေးများ ရင် ကျပ်၊ ချောင်းဆိုးခြင်းများ မဖြစ်စေ ဖို့အတွက် ဥပမာ- အိမ်အတွင်း ဆေးလိပ်သောက်တာမျိုး၊ အခိုးအ ငွေ့မီးခိုးတွေ၊ အမှုန်တွေစသည့် လေ ထုညစ်ညမ်းမှုတွေမဖြစ်အောင် ရှောင် ကြဉ်သင့်ပါတယ်'' ဟု ဆက်လက် ပြောသည်။

ငါးနှစ်အောက်ကလေးများအား တစ်နေ့လျှင် ထမင်းသုံးကြိမ်ကျွေး သင့်ပြီး အာဟာရပြည့်ဝသည့်မုန့်၊ ပဲ၊ သရေစာများကို မကြာခဏကျွေးသင့် ကာ ကလေးများနေမကောင်းဖြစ် နေသည့်အခါမျိုးတွင် အစားပျော့ပျော့၊ မိခင်နို့နှင့်အရည်များကိုမကြာခဏ တိုက်ကျွေးသင့်ပြီး အစာကိုပိုကျွေး သင့်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အာဟာရအခြေ အနေသည် လူမှုရေးအညွှန်းကိန်း များကို လေ့လာဆန်းစစ်မှုအရ မွေး ကင်းစကိုယ်အလေးချိန် မပြည့်မှု သည် ၈ဒသမ၆ရာခိုင်နှုန်းရှိနေသည့် အပြင် အသက်ငါးနှစ်အောက် ကလေး၂၈ရာခိုင်နှုန်းမှာ ကိုယ်အလေးချိန် လျော့နည်းပြီး ၇ဒသမ၇ရာခိုင်နှုန်း သည် အာဟာရချို့တဲ့ကာ ၂၈ဒသမ ၆ရာခိုင်နှုန်းသည် ပုညက်မှုရှိနေ ကြောင်း သြဂုတ် ၁၇ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ ချက်အရ သိရသည်။

Credit : KTM
#Dermocracytoday

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...