Monday, April 4, 2016

အာဟာရ ဆိုတာ

အာဟာရ ဆိုတာ


ကျန်းမာရေးကောင်းမွန်ဖို့ဆိုရင် အဓိက အကျဆုံးကတော့ အာဟာရပြည့်ဝ တဲ့အစားအစာ စားသုံးခြင်းပါပဲ။ ကျန်းမာကြံ့ခိုင်သူတွေကသာ သာယာ ဖွံ့ဖြိုး တဲ့ အိမ်ထောင်စုကို ဖန်တီးနိုင် ကြသလို တိုးတက်တဲ့ ရပ်ရွာနဲ့ လူ့မှု အသိုင်း အဝိုင်းကိုလည်း တည်ဆောက်နိုင်ကြ ပါတယ်။ အာဟာရပြည့်ဝတဲ့ ကလေး ငယ်တွေဟာလည်း ဖျားနာ မှုကင်းဝေးပြီး ကောင်း စွာဖွံ့ဖြိုးကြီး ထွား ကြပါ တယ်။ ကျောင်းနေစဉ်မှာလည်း ထူးချွန်ကြသလို အလုပ်လုပ်တဲ့အ ခါမှာ ဝင်ငွေကောင်းကြတာတွေ့ရပါတယ်။ ကျန်းမာသန်စွမ်းတဲ့ မျိုးဆက်သစ် ကလေး ငယ်တွေ ကိုလည်း မွေးဖွား လေ့ရှိပါတယ်။


အာဟာရချို့တဲ့မှုရဲ့ ဆိုးကျိုးတွေက ဘာပါလဲ


ကမ္ဘာတစ်ဝှမ်းမှာ ငါးနှစ်အောက်ကလေးတွေ သေဆုံးရတဲ့အဓိက အကြောင်း အရင်းတွေ ထဲမှာ အာဟာရချို့ တဲ့ခြင်းလည်း တစ်ခုအပါအ ဝင်ပါ။ မြန်မာနိုင်ငံမှာ ကလေးငယ် သုံးဦး တွင် တစ်ဦးမှာ အာဟာရချို့ တဲ့ခြင်းကြောင့် ဖွံ့ဖြိုးမှုချို့တဲ့နေကြပါတယ်။ အာဟာရမပြည့်ဝတဲ့ ကလေး သူငယ်တွေဟာ ပိုမိုချူချာကြသလို စာလိုက်နိုင်ခြင်းမရှိကြပါဘူး ။ ဒီလို ကလေး ငယ်တွေကို အာဟာရပြည့်ဝတဲ့ ကလေးတွေ နဲ့ ယှဉ်ကြည့် ရင် အောင်မြင်တဲ့ လူကြီးဘဝ သို့ရောက်ဖို့ ခက်ခဲကြပြီး အလုပ်အကိုင် အခွင့် အလမ်း နည်းပါးကြပါတယ်။ ဒါ့အပြင် ဝင်ငွေ လည်း နိမ့်ပါးကြပါတယ်။


အာဟာရချို့တဲ့တဲ့ အမျိုးသမီးကနေ ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးေ တွ မွေး ဖွားကြသ လို အာဟာရချို့ တဲ့ခြင်းသံသရာကိုလည်း ဆက်ဖြစ်ပေါ်စေ ပါတယ်။ အာဟာရချို့တဲ့ခြင်းဟာ တစ်ဦးအလိုက် သာမက အိမ်ထောင်စု နဲ့ ရပ်ရွာလူထုတစ်ရပ်လုံးကို စီးပွားရေးရှုထောင်မှ ထိခိုက်စေ ပါ တယ်။ အာဟာရချို့တဲ့မှုဖြစ်ရခြင်းမှာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အစား အစာ အမျိုးအစာတွေ မရှိတာကြောင့် ဖြစ်ပါတယ်။


အချုပ်ဆိုရရင် အာဟာရချို့တဲ့ခြင်းဟာ ကျန်းမာရေး နဲ့ ပညာရေး ဆိုင် ရာ ပြဿနာ ၊ အလုပ် လက်မဲ့နဲ့ ဝင်ငွေနည်းပါးခြင်း တို့ကို ဖြစ်စေပါတယ်။


ရှေ့လာမယ့် အပတ်တွေမှာ


- အာဟာရချို့တဲ့ရတဲ့အကြောင်းတွေ

- အာဟာရနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ

- အာဟာရနဲ့ အစာအုပ်စုများ

- အာဟာရချို့တဲ့ခြင်းရဲ့ လက္ခဏာများ


စတဲ့ အာဟာရဆိုင်ရာ အသိပညာတွေကို အပိုင်းလိုက် ဆက်လက်မျှဝေသွားပါမယ်။

Credit: Save the Children in Myanmar (Facebook page)


No comments:

Post a Comment

Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...