Monday, July 18, 2016

ဂျပုလေးများ မဖြစ်စေချင် By ယမင်း On Wed, 2016-07-13 10:36 Issue No. အတွဲ (၁၅)၊ အမှတ် (၁၈)

Credit: http://www.7daydaily.com/story/70013

ကလေးငယ်၏ ကနဦးရက် တစ်ထောင် (သန္ဓေသားလောင်းဘဝမှ၂ နှစ်မြောက်မွေးနေ့အထိ) ကာလတွင် အာဟာရလုံလောက်စွာမရရှိခြင်းနှင့် ကူးစက်ရောဂါ မကြာခဏ ဖြစ်ခြင်းတို့ကြောင့် ပြန်လည်ပြင်ဆင်၍ မရနိုင်တော့သည့် ရလဒ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုရလဒ်မှာ လူသုံးဦးလျှင်တစ်ဦးနှုန်း အရပ်ပုနေခြင်းဖြစ်သည်။ ပုညှက်ခြင်းဆိုသည်မှာ လူတို့တွင်ရှိသင့်ရှိထိုက်သည့် အရပ်အမောင်းထက်  ပုနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။

‘‘အဓိက ပြဿနာပြောပါဆိုရင်တော့ လတ်တလောမှာ အရပ်ပုညှပ်ခြင်းရှိတယ်။ ကလေးသုံးဦးမှာ တစ်ဦးကအရပ်ပုညှပ်နေတယ်’’ ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနမှ ညွှန်မှူးဒေါက်တာမေခင်သန်းကဆိုသည်။

ကမ္ဘာပေါ်တွင် ၅ နှစ်အောက် ကလေး ၁၆၂ သန်းခန့်သည် အရပ်ပုနေပြီးကမ္ဘာပေါ်ရှိ အရပ်ပုသော ကလေးငယ်စုစုပေါင်း၏ သုံးပုံတစ်ပုံရှိနေသော နေရာဒေသများမှာ ဆာဟာရကန္တာရအောက်ပိုင်းအာဖရိကဒေသတွင် ၄၀ ရာခိုင်နှုန်းနှင့် တောင်အာရှဒေသတွင် ၃၉ရာခိုင်နှုန်းတို့ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ၂၀ဝ၉- ၂၀၁၀ က ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အမျိုးသားအာဟာရစစ်တမ်း Multiple Indicator Cluster Survey (MICS) အရ အသက် (၅) နှစ်အောက် ကလေးငယ်စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းမှာ ပုညှက်လျက်ရှိသည်။

‘‘ကမ္ဘာမှာ လေးယောက်တစ်ယောက်ပဲ ပုတယ်။ အရှေ့တောင်အာရှမှာဆိုရင် အင်ဒိုနီးရှားနဲ့ လာအိုတို့နဲ့ အတူတူမြန်မာက ပုတာထိပ်ဆုံး ဖြစ်နေတယ်’’ဟု ဒေါက်တာမေခင်သန်းက ဆိုသည်။

အာဟာရသုတေသနပြုလုပ်နေသော အဖွဲ့အစည်းအချို့က မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် အသက်ငါးနှစ်အောက်ကလေးများ၏ ၃၅ ရာခိုင်နှုန်း ပုညှက်နေကာ ချင်းပြည်နယ်၌ ကလေးများအရပ်ပုနှုန်းမှာ ၅၈ ရာခိုင်နှုန်းအထိရှိနေပြီး အချို့နေရာများ၌မူ အရပ်ပုနှုန်းမှာ ၅၀ ရာခိုင်နှုန်းအထိ ရှိနေသည်ဟုဆိုသည်။

‘‘တောင်ပေါ်ဒေသမှာ ၄၅ ရာခိုင်နှုန်းသော ကလေးတွေက ပုနေတယ်။ ဗမာတွေထက် တိုင်းရင်းသားတွေက နှစ်ဆပိုပုနေတယ်။ အဆင်းရဲဆုံးကလေးတွေက အချမ်းသာဆုံးကလေးတွေထက် နှစ်ဆပိုပုတာကို တွေ့ရတယ်။ ချင်းပြည်နယ်က အမြင့်မားဆုံးပဲ။ ကလေးအရပ်ပုတာဟာ ရေရှည်အာဟာရချို့တဲ့တာပါ။ အရပ်ပုတာဟာ ပဋိသန္ဓေကတည်းက စတင်လာတာဖြစ်ပါ တယ်’’ဟု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (Save The Children) ၏ LEARN စီမံ ချက်မှ အာဟာရနှင့်ပြည်သူ့ကျန်းမာရေး အတိုင်ပင်ခံ မစ္စဂျနီဖာက ပြောသည်။

ကျေးလက်ဒေသများတွင်အရပ်ပုနှုန်းမှာ ၃၈ ဒသမ ၄ ရာခိုင်နှုန်းနှင့်မြို့ပြဒေသများတွင် ၂၇ ဒသမ ၂ ရာခိုင်နှုန်းရှိ၍ အပူပိုင်းဒေသများတွင် ၂၇ ဒသမ ၅ ရာခိုင်နှုန်းနှင့်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ၂၇ ရာခိုင်နှုန်းခန့်စသည်ဖြင့် အသီးသီးရှိနေကြောင်း ၂၀၁၃ ၌ LIFT စီမံချက်မှ ကောက်ယူထားသော စာရင်းများတွင် ဖော်ပြထားသည်။

ကလေးတစ်ဦး၏ ပထမရက် တစ်ထောင်ကာလအတွင်း အာဟာရလုံလောက်စွာ မရရှိခြင်းနှင့် မကြာခဏနာမကျန်းဖြစ်ခြင်းတို့သည် ပုညှက်ခြင်းကိုဖြစ်ပေါ်စေသကဲ့သို့ အစားအသောက်ပုံစံစနစ်မကျမှုတို့ကလည်း ပုညှက်ခြင်းကို ဖြစ်ပေါ်စေသည်။

‘‘အခုဆို စစ်သမီးခေါ်ရင်တောင် အရပ်မမီလို့ ဘယ်လိုမှ ဝင်လို့မရဘူး။ ငယ်ငယ်တုန်းက အသား၊ ငါးဆိုလို့ရှိရင် ဘယ်လောက်စားရမယ်ဆိုတာမျိုး မစားခဲ့ရဘူး။ မိဘတွေကလည်း စီးပွားရေးအခက်အခဲတွေကြောင့်ပဲ၊ ဥ၊ ငါးတွေကို မျှတအောင်ကျွေးဖို့ အဲလောက်အထိ အချိန်မပေးနိုင်ဘူး။ အခုချိန်မှာ သိသွားပြီ။ ကိုယ့် မျိုးဆက်ကျရင်တော့ ဒီလိုမဖြစ်အောင် လုပ်ရမယ်’’ ဟု အရပ် ငါးပေသာရှိသော အသက် (၂၇) နှစ် အရွယ် မခိုင်ခိုင်ကဆိုသည်။

မိမိရင်သွေးအား အာဟာရပြည့်ဝအောင် ကျွေးမွေးသည့်ပုံစံ မှားယွင်းခဲ့ခြင်း၊ အာဟာရဖြစ်အောင် မကျွေးမွေးနိုင်ခဲ့ကြခြင်းတို့ကလည်း မျိုးဆက်အသီးသီးအလိုက် လူကောင်ညှက်သည့် လူမျိုးအဆင့်သို့ တဖြည်းဖြည်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

‘‘အာဟာရကြောင့်ပါ။ သူတို့တွေက ဗိုက်ဝတာနဲ့ အာဟာရပြည့်တာ မကွဲပြားကြဘူး။ မိဘတွေအများစုက ပညာမတတ်တော့ ကလေးထိန်းကျောင်းပြုစုပျိုးထောင်မှု မလုပ်တတ်ကြဘူး’’ ဟု မွန်ပြည်နယ် ရေးမြို့နယ်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ကျော်သက်စိုးက မှတ်ချက်ပြုသည်။

လက်ရှိတွင် ပိန်လှီသော ကလေးများ ရှားပါးသွားသော်လည်း အရပ်ပုညှက်နေခြင်းမှာ အဓိကပြဿနာတစ်ရပ်အဖြစ် မြန်မာနိုင်ငံ၌ ကျန်ရစ်သည်။ ပုညှက်ခြင်းသည် ကလေးနှင့်လူကြီးများတွင် ရေရှည်အကျိုးသက်ရောက်မှုရှိပြီး ကာယ၊ ဉာဏစွမ်းရည်များ နိမ့်ပါးစေခြင်းအပါအဝင် အလုပ်လုပ်နိုင်စွမ်း လျော့ကျခြင်းနှင့် ကျန်းမာရေးမကောင်းမွန်ခြင်းတို့ ဖြစ်ပေါ်စေပြီး အဆိုပါကိစ္စရပ်များသည် တစ်ဦးချင်းတစ်ယောက်ချင်း အတွက်သာမက နိုင်ငံ့လူဦးရေ၏ စီးပွားရေးနှင့် ပညာရေးများ၌ပါ သိသိသာသာ ဆုံးရှုံးမှုများဖြစ်ပေါ် စေနိုင်သည်။

ထို့အပြင် အရပ်ပုသော ကလေးများသည် အသက်ကြီးလာပါက သာမန်ထက်ပိုမိုဝခြင်း၊ အဝလွန်ခြင်းများ ပိုဖြစ်နိုင်သည်။ ပညာသင်ယူရာတွင် အခက်အခဲရှိနိုင်သဖြင့် အသက်ကြီးလာလျှင် ဝင်ငွေရှာဖွေနိုင်စွမ်း လျော့နည်းကာ တစ်နှစ်ပျမ်းမျှ ဝင်ငွေ ၂၂ ရာခိုင် နှုန်းပိုမိုနည်းပါးသည်ဟု စစ်တမ်းများက ထောက်ပြထားသည်။

‘‘ပထမဆုံးတစ်ကမ္ဘာလုံးမှာ သက်သေပြနိုင်တာက အရပ်ပုနေတဲ့ ပြဿနာဖြေရှင်းဖို့ဆိုတာ အဓိက ငွေကြေးကို ပထမရက်တစ်ထောင်မှာ အများဆုံးရင်းနှီးမြှုပ်နှံပေးဖို့ အရေးကြီးသလို သက်ဆိုင်ရာဌာနတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။

တခြားနိုင်ငံတွေမှာဆိုရင် အဲဒီလိုအရပ်ပုတဲ့ပြဿနာကို သိသိသာသာနှစ်တိုတိုအတွင်းမှာ လျှော့ချလိုက်နိုင်တဲ့ နိုင်ငံတွေရှိပါတယ်။ သူတို့ဘာလို့အဲဒီလို လျှော့ချနိုင်သလဲဆိုတော့ အဓိကကသူတို့နိုင်ငံတွေရဲ့ဦးဆောင်သူပေါ့။ သမ္မတကနေပြီးတော့ အရမ်းကို အလေးထားပြီး ဦးဆောင်ပေးခဲ့တဲ့အတွက်ပါ’’ ဟု DFID (Department for international Development) အဖွဲ့မှ အာဟာရ အကြံပေးမစ်ဂျိုအင်းရွိုင်စင်က ဆိုသည်။

LIFT အဖွဲ့နှင့် ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးများကို ငွေကြေးပံ့ပိုးပေးခြင်းဖြင့် အရပ်ပုနှုန်းလျော့ကျပုံကို ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (Save  the Children) မှ ဒေါ်ချယ်ရီစိုးက ‘‘ရခိုင်မှာ ရှေ့ပြေးစီမံချက်အနေနဲ့ ငွေထောက်ပံ့ပေးတဲ့ရွာ ၁၅ ရွာနဲ့ ငွေမထောက်ပံ့ဘဲ စောင့်ကြည့်လေ့လာတဲ့ ရွာ ၁၅ ရွာဆိုပြီး ခွဲလေ့လာလိုက်တဲ့အခါ ငွေကြေးထောက်ပံ့တဲ့ ၁၅ ရွာမှာ ၁၄ လအတွင်းမှာ ကလေးအရပ်ပုနှုန်း ၅ ရာခိုင်နှုန်းလောက် လျော့ကျသွားတာတွေ့ရတယ်’’ ဟု ဆိုသည်။

အရပ်ပုခြင်းကို ကာကွယ်သည့် လုပ်ငန်းအစီအစဉ်များအရှိန်မြှင့်တင် ဆောင်ရွက်ရာတွင် အရပ်ပုခြင်းကို ဖော်ထုတ်ခြင်း၊ တိုင်းတာခြင်းနှင့် အကြောင်းရင်းများကို ပိုမိုနားလည်အောင် ပြုလုပ်ရန်လိုအပ်ကြောင်း အာဟာရလေ့လာသုတေသန ပြုလုပ်နေသော အဖွဲ့အစည်းအချို့က ထောက်ပြသည်။

မိခင်အာဟာရနှင့်ပတ်သက်၍ မျိုးဆက်ပွားအရွယ် အမျိုးသမီးများ၏ အာဟာရအခြေအနေကို မြှင့်တင်ခြင်း၊ အပျိုဖော်ဝင်စအရွယ်များ၊ အမျိုးသမီးများနှင့် မိခင်များအတွက် အာဟာရနှင့်ကျန်းမာ ရေးလုပ်ငန်းများ ပိုမိုအားကောင်း လာရန်နှင့် မူဝါဒများချမှတ်ရာတွင် ပါဝင်ပံ့ပိုးပေးရန်၊ မိခင်နို့တိုက် ကျွေးခြင်း အလေ့အထများ ပံ့ပိုး ခြင်း၊ မွေးစမှ ခြောက်လအထိ မိ ခင်နို့တစ်မျိုးတည်း တိုက်ကျွေး ခြင်းနှင့် ခြောက်လကျော်ပါက မှန် ကန်သောဖြည့်စွက်စာ ကျွေးခြင်း စသည်တို့ကို အကောင်အထည် ဖော်ရန် လိုအပ်နေသည်။

ပြည်သူလူထုကလည်း ရပ် ရွာအခြေပြု ကူးစက်ရောဂါ ကာ ကွယ်နှိမ်နင်းရေးလုပ်ငန်းများ အ ကောင်အထည်ဖော်ခြင်း၊ ရပ်ရွာ အခြေပြု ကျန်းမာရေးလုပ်ငန်းများ နှင့် ရေနှင့်သန့်ရှင်းရေးလုပ်ငန်းများ ပိုမိုအားကောင်းလာအောင် ပါဝင်ပြုလုပ်ကြရန် လိုအပ်ကြောင်း ပညာရှင်များက တိုက်တွန်းထားသည်။

ထိုသို့ ဘက်ပေါင်းစုံက ဆောင်ရွက်မှသာ မြန်မာကလေးများမှာ ရက်တစ်ထောင်ကာလအတွင်း အာဟာရပြည့်ဝစွာရရှိပြီး ရောဂါဘယကင်းဝေးခြင်းတို့ကြောင့် ပုညှက်နှုန်းမှာလည်း အလိုလိုလျော့ကျလာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၄ တွင် ကမ္ဘာလုံးဆိုင်ရာ အာဟာရ မြှင့်တင်ရေးလှုပ်ရှားမှု၌ ပါဝင်ဆောင်ရွက်ခဲ့ပြီး အစိုးရသစ်လက်ထက်၌ အရပ်ပုညှက်နေသည့် အာဟာရပြဿနာကို ဦးစားပေး၍ အရှိန်မြှင့်တင်ဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ကလေးငယ်၏ ကနဦး ရက်တစ်ထောင်ကာလတွင် ဆောင်ရွက်ပေးမည့် နိုင်ငံတော်အစိုးရ၏ အာဟာရမြှင့်တင်ရေး လုပ်ငန်းများသည် အမှန်တကယ် အရပ်ပုညှက်နှုန်း လျှော့ချနိုင်ခြင်း ရှိ၊မရှိ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

http://www.7daydaily.com/story/70013 

Tuesday, July 12, 2016

အရပ်ပုညှက်ခြင်းကို ကာကွယ်ရန် မွေးကင်းစကလေး၏ ပထမရက်ပေါင်း ၁,ဝဝဝ ကို အထူးဂရုစိုက်ရန် လိုအပ်

အရပ်ပုညှက်ခြင်းကို ကာကွယ်ရန် မွေးကင်းစကလေး၏ ပထမရက်ပေါင်း ၁,ဝဝဝ ကို အထူးဂရုစိုက်ရန် လိုအပ်
 Print
မြင့်ကေသီ   |   Wednesday, 06 July 2016

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အာဟာရချို့တဲ့မှုကြောင့်ဖြစ်သည့် နောက်ဆက်တွဲ
ပြဿနာများရှိနေဆဲဖြစ်ပြီး အာဟာရမပြည့်ဝမှုကြောင့်ဖြစ်ပေါ်သည့် ရုပ်ပိုင်းဆိုင်ရာ
အားနည်းချက်များတွင် အဓိကသိသာစေသည့်အကြောင်းမှာ ပုညှက်ခြင်းဖြစ်သည်ဟု
အာဟာရပညာရှင်များက ထောက်ပြထားသည်။

''မြန်မာနိုင်ငံမှာ အာဟာရမပြည့်ဝတာကြောင့် ပုညှက်မှုပြဿနာကို တွေ့နေရတယ်။ ဒီပြဿနာက
ငွေကြေးချို့တဲ့တာ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ငွေကြေးချမ်းသာတဲ့
အသိုင်းအဝိုင်းမှာလည်း ပုညှက်တာကို တွေ့ရပါတယ်''ဟု အသက်မွေးဝမ်းကျောင်းမှုနှင့်
စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (Livelihoods and Food Security Trust Fund) ၏
အကြံပေးပညာရှင် မစ္စဂျိုအင်း ရွိုင်စင်က ပြောသည်။

အဆိုပါအဖွဲ့ကို ဥရောပဒေသနိုင်ငံများ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံများက ငွေကြေးထောက်ပံ့
ပေးထားပြီး မြန်မာနိုင်ငံ ကျေးလက်ဒေသများရှိ ဆင်းရဲနွမ်းပါးသူများ၏ ဘဝအခြေအနေ
တိုးတက်လာရေး စီမံချက်များတွင် ထောက်ပံ့ပေးနိုင်ရန် ၂ဝဝ၉ ခုနှစ်၌ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း
ဖြစ်သည်။

ဗီတာမင်နှင့် အာဟာရဓာတ်ပြည့်ဝစွာ မရရှိခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့်ပိန်လှီခြင်းနှင့်
ပုညှက်ခြင်းကိုဖြစ်စေတတ်ပြီး မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုကြောင့်ပုညှက်ခြင်း ပြဿနာကို
အများဆုံးတွေ့ရသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ
ရန်ပုံငွေ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အမျိုးသားအာဟာရစစ်တမ်း(MICS) အရ
မြန်မာနိုင်ငံတွင် အာဟာရ မပြည့်ဝမှုကြောင့် ငါးနှစ်အောက်ကလေး ၃၅ ရာခိုင်နှုန်းသည်
ရှိသင့်သည့် အရပ်အမောင်းထက် နိမ့်ကျပုညှက်နေသည်ဟု ဆိုသည်။

ကလေးငယ်တစ်ဦးသည် သန္ဓေသားဘဝမှ အသက်နှစ်နှစ်အရွယ်အထိ အာဟာရလုံလောက်စွာ
မရရှိခြင်း၊ မကြာခဏ နာမကျန်းဖြစ်ခြင်းများကြောင့် ပုညှက်ခြင်းကို ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံတွင်
ပျှမ်းမျှခြင်းအားဖြင့် အသက်ငါးနှစ်အောက်ကလေးများ၏ ၃၅ ရာခိုင်နှုန်းသည် ပုညှက်နေကြောင်း
လေ့လာတွေ့ရှိရပြီး နိုင်ငံ၏အချို့နေရာများတွင် ၅ဝ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု အဆိုပါ
စစ်တမ်းတွင် ဖော်ပြထားသည်။

အာဟာရ မပြည့်ဝမှုကြောင့်ဖြစ်သည့် ပုညှက်မှုကို ဖြေရှင်းနိုင်ရန် မွေးကင်းစ ကလေး၏
ပထမရက်ပေါင်း ၁,ဝဝဝ ကာလအတွင်း အာဟာရပြည့်ဝအောင် ဂရုစိုက်ရန်လိုအပ်ပြီး
ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝအောင် စားသုံးခြင်း၊ မွေးစမှ ကလေးအသက်ခြောက်လအထိ
မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်း၊ ကလေးခြောက်လမှ နှစ်နှစ်အထိ မိခင်နို့နှင့်အတူ
ဖြည့်စွက်စာ ကျွေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ခြင်းတို့ စနစ်တကျဆောင်ရွက်ရန်
လိုအပ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

''ဒါတွေ လိုက်နာမယ်ဆိုရင် ကလေးတွေရဲ့အရပ်ပုနှုန်းက လျော့လာနိုင်ပါတယ်။ ဒါကြောင့်
အာဟာရနဲ့ပတ်သက်တဲ့ အသိပညာမြှင့်တင်ပေးဖို့လည်းလိုတယ်။ ပုညှက်နှုန်း လျော့ကျလာဖို့က
ဘယ်လောက်အထိ လိုက်နာလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်''ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊
အမျိုးသားအာဟာရ သုတေသနဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ မေခင်သန်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားအာဟာရ သုတေသနဌာနသည်
အာဟာရပြည့်ဝစွာ မရရှိခြင်း၏နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းရန် အရှိန်မြှင့်တိုက်ဖျက်ရေး
လုပ်ငန်းများကို အစီအစဉ် ရေးဆွဲထားသည်ဟုလည်း ၄င်းက ပြောသည်။

''အရင်ကတည်းက အခုထိလုပ်နေတဲ့ ကလေးနဲ့လူထုတွေ အာဟာရပြည့်ဝစွာရရှိရေး
လုပ်ငန်းတွေကို မြို့နယ်တွေမှာပါ အရှိန်မြှင့်လုပ်သွားမယ်။ လတ်တလော အာဟာရချို့တဲ့မှုတွေ့ရတဲ့
ကလေးတွေကို မြို့နယ်တွေမှာ ဖော်ထုတ်ကုသတာတွေ လုပ်ဖို့ရှိတယ်''ဟု ဒေါက်တာမေခင်သန်းက
ပြောသည်။

အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့က ကျန်းမာရေးနှင့်အားကစား
ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး
လူဦးရေ သုံးသန်းကျော်ကို အာဟာရပြည့်ဝစေရေး အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်ထားရာ
၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ အာဟာရ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ
၁၄ ဒသမ ၅ သန်းအသုံးပြုရန်လျာထားသည်ဟု မစ္စဂျိုအင်းရွိုင်စင်က ပြောသည်။

''အာဟာရမပြည့်ဝမှုနဲ့ ပုညှက်မှုကို ဖြေရှင်းနိုင်ဖို့ တစ်ကမ္ဘာလုံးနဲ့သက်သေပြနိုင်တဲ့ အချက်ကတော့
ပထမရက်ပေါင်း ၁,ဝဝဝ မှာ ငွေကြေး ရင်းနှီးမြှုပ်နှံတာပဲ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

အဆိုပါအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၂ဝ တွင်
မိခင်တစ်ဦးကို တစ်လလျှင် ငွေကျပ် ၁ဝ,ဝဝဝ နှင့် အာဟာရဆိုင်ရာ အမူအကျင့်ပြောင်းလဲမှုဆိုင်ရာ
အသိပညာပေးလုပ်ငန်းကို ဇွန်လကုန်ပိုင်းတွင် စတင်ဆောင်ရွက်ခဲ့သည်။

နိုင်ငံတကာအစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခှုလေနွှ့န ဃ့ငိုမနည သည် မိခင်နှင့်
ကလေးများကို ငွေကြေးပံ့ပိုးသည့် 'တက်လမ်း' အမည်ရှိ စီမံချက်ကို ပြီးခဲ့သည့်နှစ်တွင်
ရခိုင်ပြည်နယ်အတွင်း စတင်ဆောင်ရွက်ခဲ့ရာ စီမံချက်ကာလ ၁၄ လအတွင်းပုညှက်မှုကို
ငါးရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ဟု အဆိုပါတာဝန်ရှိသူများက ပြောသည်။ Save The Children
အဖွဲ့၏ စီမံချက်ကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့က
ငွေကြေးပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် အပူပိုင်းဇုန်ဒေသများတွင်ပါ
တိုးချဲ့ဆောင်ရွက်သွားမည်ဟု သိရသည်။

မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးနှင့် အပူပိုင်းဇုန်ဖြစ်သည့် ပခုက္ကူ၊ ရေစကြို၊
မလှိုင်မြို့နယ်များတွင် ကိုယ်ဝန်ဆောင်နှင့် အသက်နှစ်နှစ်အောက် မိခင်များကို တစ်လလျှင်
ငွေကျပ် ၁ဝ,ဝဝဝ ခန့် ပံ့ပိုးသွားမည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ မင်းပြားနှင့်
မြေပုံမြို့နယ်များတွင် ကျပ် ၁၃,ဝဝဝ နှုန်း ပံ့ပိုးမည်ဖြစ်သည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရက်ပေါင်း ၁ဝဝ စီမံချက်ကာလအတွင်း အကောင်အထည်
ဖော်ဆောင်သွားမည့် လုပ်ငန်းစဉ် ၁၃ ခုတွင် ဦးစားပေးကဏ္ဍငါးခုရှိသည့်အနက် အာဟာရ
တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းသည်လည်း တစ်ခုပါဝင်နေသည်ဟု ဒေါက်တာမေခင်သန်းက ပြောသည်။

ကျေးလက်နေ အမျိုးသမီးများ၏ ကျန်းမာရေးအသိပညာသိရှိနားလည်မှုသည် အားနည်းနေသေးပြီး
အာဟာရနှင့် ပတ်သက်သည့် အသိပညာရရှိမှုမှာလည်း နည်းပါးနေသေးကြောင်း
အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့၏ မြစ်ဝကျွန်းပေါ်ဒေသ အစီအစဉ်
ညှိနှိုင်းရေးမှူး ဦးနေထွန်းက ပြောသည်။

''ကျေးရွာတွေမှာ ငွေကြေးပံ့ပိုးမှုအပြင်အာဟာရဆိုင်ရာ အသိပညာပေးတာတွေပါလုပ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေကကျန်းမာရေးအသိပညာရရှိမှု နည်းတာတွေ့ရတယ်။ အစားရှောင်တာတွေ
ရှိတယ်။ ပထမရက်ပေါင်း ၁,ဝဝဝ က အရေးကြီးတယ်ဆိုတာကို ပြောပြမှ သိကြတယ်''ဟု
၎င်းကပြောသည်။

ပထမရက်ပေါင်း ၁,ဝဝဝ အတွင်း အာဟာရပြည့်ဝစွာ ရရှိပါက ကလေးငယ်များသည် အသက်အန္တရာယ်
ဖြစ်စေသည့်ရောဂါများကို၁ဝ ဆပိုမိုကျော်လွှားနိုင်ခြင်း၊ ပညာရေးတွင်ပုံမှန်ထက် ငါးဆ
ပိုမိုလုပ်ဆောင်နိုင်ခြင်း၊အရွယ်ရောက်သည့်အခါတွင် ပုံမှန်ထက်လုပ်ခလစာ ၂၁ ရာခိုင်နှုန်းခန့်
ပိုမိုမြင့်မားစွာ ရရှိနိုင်ခြင်း၊ ကျန်းမာပျော်ရွှင်သောမိသားစုဘဝကို ရရှိနိုင်သည်ဟု
အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့က ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည
http://myanmar.mmtimes.com/index.php/national-news/19992-2016-07-06-05-38-34.html

Pyay Ti Oo & Eaindra Kyaw Zin Family

Credit: Pyay Ti Oo & Eaindra Kyaw Zin Family
UNOPS အဖွဲ့စည်းနဲ့ လက်ရှိအစိုးရပူးပေါင်းပြီး"Livelihoods and Food Security Trust Fund"LIFT ကလေးအဟာရမြှင့်တင်ရေးအစီအစဉ် မှာ ကျွန်မ photo,video ရိုက်ကူးမှုနဲ့ တခြားအစီအစဉ်များမှာလည်းပါဝင်လှုပ်ရှားသွားမှာဖြစ်ပါတယ်.......

LIFTသည်မြစ်ဝကျွန်းပေါ် အပူပိုင်းဒေသနှင့်ရခိုင်ပြည်နယ်စီမံကိန်းများတွင် မိခင်နှင့်ကလေးများအား ငွေကြေးပံ့ပိုးခြင်းစီမံချက်များကို ရန်ပုံငွေပံ့ပိုးပေးနေပါတယ်......၂၀၁၅-၂၀၁၈ ခုနှစ်ကာလအတွင်း ကလေးငယ်ပေါင်း ၅၉၀၀၀တွင် ပုညှက်မှုကိုလျှော့ချရန် LIFTမှရည်ရွယ်ထားပါတယ်........

LIFTသည်မိခင်နှင့်ကလေးများအားငွေကြေးထောက်ပံ့ခြင်းစီမံချက်များကို အမေရိကန်ဒေါ်လာ ၁၄.၅သန်းခန့် သုံးစွဲအကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်.....

ကျွန်မတို့မြန်မာနိုင်ငံမှာ လူဦးရေ၃၅ရာခိုင်နှုန်းခန့်ဟာပုညှက်နေတာကိုတွေ့ရပါတယ်တဲ့...ဒီလိုဖြစ်ခြင်းက ကလေးဘဝအစရက်ပေါင်း ၁၀၀၀ အတွင်းမှာ အဟာရချို့တဲ့မှုကြောင့်လို့ဆိုပါတယ်...အဟာရချို့တဲ့ခြင်းဟာအလွန်အန္တရယ်များပြီးအနာဂတ်ကာလမှာ ကြီးထွားဖွံ့ ဖြိုးမှုကိုအဟန့်အတားဖြစ်စေပါတယ်.......
ရက်ပေါင်း ၁၀၀၀ ဆိုတာ မိခင်ဝမ်းထဲမှာရှိနေစဉ် ၃လလောက်ကစပြီးတော့ ကလေးအပြင်ရောက်ပြီးအသက်၂နှစ်ပြည့်တဲ့နေ့အထိကိုပြောတာဖြစ်ပါတယ်...အဲဒီရက်ပေါင်း ၁၀၀၀အတွင်းမှာ အဟာရပြည့်ဝစွာစားသုံးဖို့လိုပါတယ်........

ကျွန်မကတော့မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ကိုယ်ဝန်ဆောင်တွေ မိခင်တွေကိုတိုက်တွန်းချင်ပါတယ်...အများသောအားဖြင့်ကိုယ်ဝန်ဆောင်မိခင်တွေဟာ မိမိဝမ်းထဲမှာသန္ဓေစတည်ပြီဆိုရင် ပျို့ချင်အန်ချင် မစားချင်မသောက်ချင် morning sick ဖြစ်တာမျိုးတွေရှိပါတယ်...အဲ့လိုအချိန်မျိုးတွေမှာ ကိုယ့်အတွက်ကိုယ်မကြည့်ပဲနဲ့ ကိုယ့်ကလေးအတွက်ဆိုတဲ့စိတ်နဲ့ အဟာရရှိတဲ့အစားအစာတွေကိုမစားချင်လဲစားပေးရပါမယ်..အဟာရရှိတဲ့အစားအစာဆိုတာကလဲ ကိုယ့်အနီးနားပတ်ဝန်းကျင်မှာပဲရှိတဲ့ အသား,ငါး,ဟင်းသီးဟင်းရွက်,နို့ တို့ကိုပဲပြောတာပါ........

ကျွန်မသမီးလေးနဲ့ သားလေးကိုမွေးတုန်းကလဲ ကိုယ်ဝန်ရှိနေတဲ့အချိန်တွေမှာရော နို့တိုက်တဲ့အချိန်တွေမှာရောအစားလုံးဝမရှောင်ပါဘူး..အဟာရအပြည့်အဝအကုန်စားပါတယ်.......

ပြီးတော့ ဒီလိုအဟာရပြည့်ဝအောင်ဆောင်ရွက်တဲ့နေရာမှာလဲ မိခင်တစ်ယောက်တည်းရဲ့တာဝန်လို့မယူဆပဲ မိမိရဲ့ခင်ပွန်းအပါအဝင် မိသားစုဝင်တွေအားလုံးကလည်း တိုက်တွန်းပေးဖို့လိုပါတယ်.......

အဟာရပြည့်ဝတဲ့ကလေးလေးတွေကနေ ကာယ ဉာဏပြည့်ဝတဲ့ လူကြီးတွေဖြစ်လာပြီး နိုင်ငံဖွံ့ဖြိုးရေးမှာပါ ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်........

ကိုယ်ဝန်ဆောင်များနဲ့ မိခင်များအားလုံးကို ကိုယ့်ရင်သွေးလေးတွေကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက် အဟာရပြည့်ပြည့်စားကြပါလို့ ချစ်ခင်စွာဖြင့် တိုက်တွန်းပါရစေရှင်.........

Friday, July 1, 2016

သတင်းအချက်အလက် နှင့် ပညာပေးခြင်း (၂)

OMFFIYC ရဲ့ အခန်း(၅) အပိုဒ် (၁၁) မှာတော့

သတ်မှတ်အစားအသောက်နှင့် ဆက်စပ်ပစ္စည်းတမျိုးမျိုးကို
#ထုတ်လုပ်သူ
#ဖြန့်ဖြူးသူ
#ယင်းတို့မှခန့်အပ်ထားသောဝန်ထမ်း
#ယင်းတို့၏အထောက်အပံ့ကိုရယူထားသောသူ သို့ အဖွဲ့အစည်း သည်

(၁) ကိုယ်ဝန်ဆောင်အမျိုးသမီး
(၂) နို့စို့ကလေး
(၃) ကလေးငယ်ရှိသော မိခင်၏စားသောက်ခြင်း နှင့် စပ်လျင်းပြီးဖြစ်စေ
(၄) နို့စို့ကလေး သို့ ကလေးငယ်အား အစားအသောက်တိုက်ကျွေးခြင်း နှင့် စပ်လျင်းပြီးဖြစ်စေ

#ဆယ်သွယ်ပြောဆိုခြင်း
#သတင်းအချက်အလက်ပေးခြင်း
#ပညာပေးအစီအစဉ်များလုပ်ခြင်း
#ပညာပေးအထောက်အကူပစ္စည်းများကိုဖြန့်ဝေခြင်း
များမပြုလုပ်ရ

ဆိုပြီးပြောထားပါတယ်

OMFFIYC ရဲ့ အခန်း(၅) အပိုဒ် (၁၂) မှာလည်း

#မည်သူမဆို နို့စို့ကလေး/ကလေးငယ်အား အစားအသောက်တိုက်ကျွေးမှုဆိုင်ရာ ပညာပေးသတင်းအချက်အလက်တို့ကို လူတစ်ဦး၊ လူတစ်စု (သို့) ပြည်သူလူထုအား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ဖော်ပြသည့်အခါ
#သတ်မှတ်အစားအသောက်နှင့်ဆက်စပ်တိုက်ကျွေးပစ္စည်းတစ်မျိုးမျိုး၏ #အမည်၊ #သင်္ကေတအမှတ်တံဆိ်ပ်များနှင့် #ယင်းတို့ကိုထုတ်လုပ်သော ကုမ္မဏီ၊ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ အမည်များ မပါရှိစေရပါ ဆိုပြီးပြောထားပါတယ်


Featured Post

mNutrition အမ်အာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...