OMFFIYC ရဲ့ အခန်း(၅) အပိုဒ် (၁၁) မှာတော့
သတ်မှတ်အစားအသောက်နှင့် ဆက်စပ်ပစ္စည်းတမျိုးမျိုးကို
#ထုတ်လုပ်သူ
#ဖြန့်ဖြူးသူ
#ယင်းတို့မှခန့်အပ်ထားသောဝန်ထမ်း
#ယင်းတို့၏အထောက်အပံ့ကိုရယူထားသောသူ သို့ အဖွဲ့အစည်း သည်
(၁) ကိုယ်ဝန်ဆောင်အမျိုးသမီး
(၂) နို့စို့ကလေး
(၃) ကလေးငယ်ရှိသော မိခင်၏စားသောက်ခြင်း နှင့် စပ်လျင်းပြီးဖြစ်စေ
(၄) နို့စို့ကလေး သို့ ကလေးငယ်အား အစားအသောက်တိုက်ကျွေးခြင်း နှင့် စပ်လျင်းပြီးဖြစ်စေ
#ဆယ်သွယ်ပြောဆိုခြင်း
#သတင်းအချက်အလက်ပေးခြင်း
#ပညာပေးအစီအစဉ်များလုပ်ခြင်း
#ပညာပေးအထောက်အကူပစ္စည်းများကိုဖြန့်ဝေခြင်း
များမပြုလုပ်ရ
ဆိုပြီးပြောထားပါတယ်
OMFFIYC ရဲ့ အခန်း(၅) အပိုဒ် (၁၂) မှာလည်း
#မည်သူမဆို နို့စို့ကလေး/ကလေးငယ်အား အစားအသောက်တိုက်ကျွေးမှုဆိုင်ရာ ပညာပေးသတင်းအချက်အလက်တို့ကို လူတစ်ဦး၊ လူတစ်စု (သို့) ပြည်သူလူထုအား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ဖော်ပြသည့်အခါ
#သတ်မှတ်အစားအသောက်နှင့်ဆက်စပ်တိုက်ကျွေးပစ္စည်းတစ်မျိုးမျိုး၏ #အမည်၊ #သင်္ကေတအမှတ်တံဆိ်ပ်များနှင့် #ယင်းတို့ကိုထုတ်လုပ်သော ကုမ္မဏီ၊ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ အမည်များ မပါရှိစေရပါ ဆိုပြီးပြောထားပါတယ်
No comments:
Post a Comment