Tuesday, July 12, 2016

Pyay Ti Oo & Eaindra Kyaw Zin Family

Credit: Pyay Ti Oo & Eaindra Kyaw Zin Family
UNOPS အဖွဲ့စည်းနဲ့ လက်ရှိအစိုးရပူးပေါင်းပြီး"Livelihoods and Food Security Trust Fund"LIFT ကလေးအဟာရမြှင့်တင်ရေးအစီအစဉ် မှာ ကျွန်မ photo,video ရိုက်ကူးမှုနဲ့ တခြားအစီအစဉ်များမှာလည်းပါဝင်လှုပ်ရှားသွားမှာဖြစ်ပါတယ်.......

LIFTသည်မြစ်ဝကျွန်းပေါ် အပူပိုင်းဒေသနှင့်ရခိုင်ပြည်နယ်စီမံကိန်းများတွင် မိခင်နှင့်ကလေးများအား ငွေကြေးပံ့ပိုးခြင်းစီမံချက်များကို ရန်ပုံငွေပံ့ပိုးပေးနေပါတယ်......၂၀၁၅-၂၀၁၈ ခုနှစ်ကာလအတွင်း ကလေးငယ်ပေါင်း ၅၉၀၀၀တွင် ပုညှက်မှုကိုလျှော့ချရန် LIFTမှရည်ရွယ်ထားပါတယ်........

LIFTသည်မိခင်နှင့်ကလေးများအားငွေကြေးထောက်ပံ့ခြင်းစီမံချက်များကို အမေရိကန်ဒေါ်လာ ၁၄.၅သန်းခန့် သုံးစွဲအကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်.....

ကျွန်မတို့မြန်မာနိုင်ငံမှာ လူဦးရေ၃၅ရာခိုင်နှုန်းခန့်ဟာပုညှက်နေတာကိုတွေ့ရပါတယ်တဲ့...ဒီလိုဖြစ်ခြင်းက ကလေးဘဝအစရက်ပေါင်း ၁၀၀၀ အတွင်းမှာ အဟာရချို့တဲ့မှုကြောင့်လို့ဆိုပါတယ်...အဟာရချို့တဲ့ခြင်းဟာအလွန်အန္တရယ်များပြီးအနာဂတ်ကာလမှာ ကြီးထွားဖွံ့ ဖြိုးမှုကိုအဟန့်အတားဖြစ်စေပါတယ်.......
ရက်ပေါင်း ၁၀၀၀ ဆိုတာ မိခင်ဝမ်းထဲမှာရှိနေစဉ် ၃လလောက်ကစပြီးတော့ ကလေးအပြင်ရောက်ပြီးအသက်၂နှစ်ပြည့်တဲ့နေ့အထိကိုပြောတာဖြစ်ပါတယ်...အဲဒီရက်ပေါင်း ၁၀၀၀အတွင်းမှာ အဟာရပြည့်ဝစွာစားသုံးဖို့လိုပါတယ်........

ကျွန်မကတော့မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ကိုယ်ဝန်ဆောင်တွေ မိခင်တွေကိုတိုက်တွန်းချင်ပါတယ်...အများသောအားဖြင့်ကိုယ်ဝန်ဆောင်မိခင်တွေဟာ မိမိဝမ်းထဲမှာသန္ဓေစတည်ပြီဆိုရင် ပျို့ချင်အန်ချင် မစားချင်မသောက်ချင် morning sick ဖြစ်တာမျိုးတွေရှိပါတယ်...အဲ့လိုအချိန်မျိုးတွေမှာ ကိုယ့်အတွက်ကိုယ်မကြည့်ပဲနဲ့ ကိုယ့်ကလေးအတွက်ဆိုတဲ့စိတ်နဲ့ အဟာရရှိတဲ့အစားအစာတွေကိုမစားချင်လဲစားပေးရပါမယ်..အဟာရရှိတဲ့အစားအစာဆိုတာကလဲ ကိုယ့်အနီးနားပတ်ဝန်းကျင်မှာပဲရှိတဲ့ အသား,ငါး,ဟင်းသီးဟင်းရွက်,နို့ တို့ကိုပဲပြောတာပါ........

ကျွန်မသမီးလေးနဲ့ သားလေးကိုမွေးတုန်းကလဲ ကိုယ်ဝန်ရှိနေတဲ့အချိန်တွေမှာရော နို့တိုက်တဲ့အချိန်တွေမှာရောအစားလုံးဝမရှောင်ပါဘူး..အဟာရအပြည့်အဝအကုန်စားပါတယ်.......

ပြီးတော့ ဒီလိုအဟာရပြည့်ဝအောင်ဆောင်ရွက်တဲ့နေရာမှာလဲ မိခင်တစ်ယောက်တည်းရဲ့တာဝန်လို့မယူဆပဲ မိမိရဲ့ခင်ပွန်းအပါအဝင် မိသားစုဝင်တွေအားလုံးကလည်း တိုက်တွန်းပေးဖို့လိုပါတယ်.......

အဟာရပြည့်ဝတဲ့ကလေးလေးတွေကနေ ကာယ ဉာဏပြည့်ဝတဲ့ လူကြီးတွေဖြစ်လာပြီး နိုင်ငံဖွံ့ဖြိုးရေးမှာပါ ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်........

ကိုယ်ဝန်ဆောင်များနဲ့ မိခင်များအားလုံးကို ကိုယ့်ရင်သွေးလေးတွေကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက် အဟာရပြည့်ပြည့်စားကြပါလို့ ချစ်ခင်စွာဖြင့် တိုက်တွန်းပါရစေရှင်.........

No comments:

Post a Comment

Featured Post

mNutrition အမျအာဟာရ

What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...