ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူပါ။
Ø ကျန်းမာရေးဝန်ထမ်းနှင့် ပြသ၍ ကိုယ်ဝန်စောင့်ရှောက်မှုအနည်းဆုံး (၄) ကြိမ်ခံယူပါ။
· ပထမအကြိမ်- ကိုယ်ဝန် (၄) လအတွင်း (စောနိ်ုင်သမျှစောစော)
· ဒုတိယအကြိမ် - ကိုယ်ဝန် (၆) လမှ (၇)လ အတွင်း
· တတိယအကြိမ် - ကိုယ်ဝန် (၈) လအတွင်း
· စတုတ္ထအကြိမ် - ကိုယ်ဝန် (၉)လ အတွင်း
Ø အာဟာရပြည့်ဝစုံလင်စွာ စားပါ။ အနားယူပါ။
Ø မူးယစ်ဆေးဝါး၊ ဆေးလိပ်အရက်နှင့် ပင်ပန်းခြင်းကိုရှောင်ကျဉ်ပါ။
Ø ကျန်းမာရေးဝန်ထမ်း၏ ညွှန်ကြားချက်များကို လိုက်နာပါ။
ကျွမ်းကျင်သူနှင့်မွေးဖွားပါ
Ø တစ်ခါသုံးမွေးဖွားအိတ်ငယ်ကို အသုံးပြုပါ
Ø မွေးဖွားသည့်နေရာ၊ မွေးဖွားစဉ်အသုံးပြုမည့် အသုံးအဆောင်များကို သန့်ရှင်းအောင်ကြိုတင်ပြင် ဆင်ထားပါ။
Ø ဆရာဝန် (သို့) သူနာပြု (သို့) အမျိုးသမီးကျန်းမာရေးဆရာမ (သို့) သားဖွားဆရာမ စသည့်ကျွမ်းကျင်သူ များနှင့် မွေးဖွားပါ။
Ø ဖြစ်နိုင်ပါက ဆေးရုံဆေးခန်းတွင် မွေးဖွားပါ။
ကိုယ်ဝန်ဆောင်မိခင်များ လိုက်နာဆောင်ရွက်ရန်
Ø ရာသီကျော်၍ ကိုယ်ဝန်ရှိသည်ဟုသံသယရှိလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ကျန်းမာရေးဌာနများတွင် ကိုယ်ဝန်အပ်ပါ။
Ø ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝမျှတရန် အစားမရှောင်ပါနှင့်။ကိုယ်ဝန်ဆောင်စဉ် အစားပိုစား ပါ။ အစားအစာ၊ ရေ သန့်ရှင်းရေးပိုမို ဂရုစိုက်ပါ။
Ø တတ်ကျွမ်းသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ ညွန်ကြားသော ဆေးဝါးများမှအပ အခြားဆေး များမသောက်ပါနှင့်။
Ø နေ့စဉ်သင့်တော်သော ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့်ပြုလုပ်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။ နေ့လည် ပိုင်းတွင် အနားယူပါ။ အလေးအပင်မသော အလုပ်များမလုပ်ပါနှင့်။
Ø သန့်ရှင်းပေါ့ပါးချောင်ချိ၍ ရာသီဥတုနှင့် ကိုက်ညီသော အဝတ်အစားများကို ဝတ်ပါ။
Ø ဆေးလိပ်၊ အရက်မသောက်ပါနှင့်။ ကွမ်းမစားပါနှင့်။ ဆေးလိပ်ငွေ့၊ မီးခိုငွေ့ အစရှိသည့် ညစ်ညမ်းသော လေထုပတ်ဝန်းကျင်မှ ရှောင်ရှားပါ။
Ø ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများကို ရှောင်ရှားနိုင်ရန် အတွက် ဘယ်အချိန် အိပ် အိပ်ဆေးစိမ် ခြင်ထောင်ဖြင့်အိပ်ပါ။
Ø နေမကောင်းဖြစ်ပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်း ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်၍ ဆေး ကုသမှု ခံယူပါ။
Ø မွေးဖွားရန် ကြိုတင်အစီအစဉ် ရေးဆွဲထားပါ။
ကိုယ်ဝန်ဆောင်စဉ် ထိုးရမည့်၊ သောက်ရမည့်ဆေးများ
Ø မေးခိုင်ကာကွယ်ဆေး အနည်းဆုံး (၂) ကြိမ်ထိုးပါ
Ø ကိုယ်ဝန်ဆောင် သံဓါတ်အားဆေး (ဖောလစ်အက်စစ်) နေ့စဉ်ပုံမှန်သောက်ပါ
Ø ကိုယ်ဝန် (၄) လကျော်လျှင် သံချဆေး (၁) ကြိမ်သောက်ပါ
Ø ကလေးမမွေးခင် (၁) လမှ မွေးဖွားပြီး (၃) လ အထိ ဗီတာမင် ဘီဝမ်းကို ညွန်ကြားထားသည့် အတိုင်း သောက်ပါ
ကိုးကား- ကျန်းမာရေးဆိုင်ရာ စံကိုက်သတင်းအချက်အလက်များ
No comments:
Post a Comment