အာဟာရ နှင့် မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ သော့ချက်အကြောင်းအရာတွေကို ဒီမှာ ရယူပါ
Monday, January 14, 2019
ဘဝအစ ရက်ပေါင်း တစ်ထောင် (The First 1000 Days) ဆိုတာဘာလဲ?
ဘဝအစ ရက်ပေါင်း တစ်ထောင် ဆိုသည်မှာ ကလေးတစ်ယောက်အား ကိုယ်ဝန်စလွယ် သည့် အချိန်မှစပြီး ထိုကလေး အသက်နှစ်နှစ်ပြည့်သည့်နေ ့အထိ ရှိသော ရက် စုစုပေါင်းကို ဆိုလိုပါသည်။
တွက်ကြည့်မည်ဆိုလျှင် ကိုယ်ဝန်ဆောင်ကာလ ကိုးလ တွင် စုစုပေါင်း ရက် ၂၇၀ နှင့် ကလေးအသက် ၂ နှစ်တွင် စုစုပေါင်း ရက် ၇၃၀ တို့ကိုပေါင်းလိုက်လျှင် ကနဦး ရက် ၁၀ဝ၀ ရရှိပါမည်။
ကနဦးရက်တစ်ထောင်အတွင်း မှန်ကန်သော အာဟာရများရရှိစေခြင်းသည် ကလေးငယ်များ၏ ကြီးထွားဖွံ့ဖြိုးနိုင်စွမ်း၊ သင်ယူနိုင်စွမ်းနှင့် ဘဝအောင်မြင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။
ကိုယ်ဝန်ဆောင်- သန္ဓေသားသည်ဖွံ့ဖြိုးကြီးထွားရန် အတွက် မိခင်ထံမှ အာဟာရများလိုအပ်သည်။
မွေးစမှ (၆) လ- မိခင်နို့တစ်မျိုးတည်းသည် ကလေးငယ်အတွက် အကောင်းဆုံးအာဟာရဖြစ်သည့်အပြင် ရောဂါများကိုပါ ကာကွယ်ပေးသည်။
(၆) လကျော်မှ (၂) နှစ်အထိ- မိခင်နို့အပြင် အာဟာရပြည့်ဝသော အစာများသည် ကလေး၏ ကြီးထွားမှုနှင့် ဉာဏ်ရည် ဖွွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။
ကနဦးရက်တစ်ထောင်တွင် အာဟာရ ကောင်းမွန်စွာရရှိသော ကလေးများသည်
ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ရောဂါဆိုးများကို ၁၀ ဆ ပိုမိုတွန်းလှန်နိုင်သည်
အတန်းပညာ ၄ တန်းခန့် ပိုမိုသင်နိုင်သည်
အရွယ်ရောက်သောအခါ ဝင်ငွေ ၂၁ % ပိုမိုရရှိသည်
အရွယ်ရောက်သောအခါ ပိုမိုကျန်းမာသော မိသားစု ဘဝ ရရှိနိုင်သည်
References: www.thousanddays.org, ဝေါဗီရှင်မြန်မာ ကနဦးရက်တစ်ထောင် တန်ခိုး
Subscribe to:
Post Comments (Atom)
Featured Post
mNutrition အမ်အာဟာရ
What is mNutrition? mNutrition ကဘာလဲ? mNutrition ဆိုတာ Moblile Android Application တခုဖြစ်ပါတယ်။ mNutrition ကိုသင့်ဖုန်းထဲမှာ install...

No comments:
Post a Comment